ရက် ၁၀၀ ကြာ ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ လိကျန်းမြို့ စခန်းချရာသီ လှုပ်ရှားမှုကို စတင်ကျင်းပ
2024-06-07 17:53|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) မေလ ၃၁ ရက်နေ့တွင် လိကျန်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန၊ ပညာရေးနှင့် အားကစားဌာနတို့မှ ပူးတွဲပြီး ဦးစီးကျင်းပ၊ လျက်ယင်ကူ ရှုခင်းသာရပ်ကွက်မှ တာဝန်ခံကျင်းပသည့် ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ လိကျန်းမြို့ စခန်းချရာသီ လှုပ်ရှားမှု၏ ဖွင့်ပွဲအခမ်းအနားကို လျက်ယင်ကူ ရှုခင်းသာရပ်ကွက်၌ ကျင်းပခဲ့သည်။ ဤလှုပ်ရှားမှုကို အောက်တိုဘာ ၈ ရက်နေ့အထိ ဆက်တိုက် ကျင်းပသွားမည် ဖြစ်၍ ရာသီချိန်အတွင်း လိကျန်း ရွက်ထည်တဲပွဲ၊ နေ့စဉ်နေ့တိုင်း မီးတုတ်ပွဲနှင့် နိုင်ငံတကာ လေတံခွန်ပွဲ စသည့် ထွေပြားစုံလင်သော လှုပ်ရှားမှုစီးရီးကို ကျင်းပမည် ဖြစ်သည်။
ဤအကြိမ် လိကျန်း စခန်းချရာသီ လှုပ်ရှားမှုကို "နွေရာသီအပန်းဖြေရိပ်သာ၊ စခန်းချပရဒိသု" ဟူသော ခေါင်းစဉ်ဖြင့် ရက်ပေါင်း ၁၀၀ ကြာ ဆက်လက် ကျင်းပသွားမည် ဖြစ်၍ ၄င်းသည် လိကျန်း၏ သဘာဝရှုခင်း အမျိုးမျိုးရှိခြင်း၊ သမိုင်းယဉ်ကျေးမှု လေးနက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ လူမှုရိုးရာဓလေ့ထုံးစံများနှင့် သဘာဝအခြေအနေများ ထူထပ်လှခြင်း၊ ခရီးသွားဈေးကွက် စည်ပင်ခြင်း စသည့် ထူးခြားသော အားသာချက်များကို အားကိုးပြီး "တရုတ်တစ်နိုင်ငံလုံး နာမည်ကျော်ကြားသော နွေရာသီခရီးသွား အမှတ်တံဆိပ်အသစ်" နှင့် "အင်တာနက်တွင် ရေပန်းစားသည့် အိမ်ပြင် စခန်းချနေရာအသစ်"တို့ကို ဖန်တီးရန် ရည်ရွယ်ထားသည်။
ဖွင့်ပွဲအခမ်းအနား ပြီးဆုံးသွားပြီးနောက် ဆီးနှင်းတောင် အားပါးတရပျော်မြူးည၊ လိကျန်းရွက်ထည်တဲပွဲ၊ နေ့စဉ်နေ့တိုင်း မီးတုတ်ပွဲ၊ နိုင်ငံတကာ လေတံခွန်ပွဲ၊ မိုးပျံပူဖောင်း ခရီးသွားပွဲ၊ ပြင်ပ ဂီတပွဲ၊ သစ်တော ဘာဘီကျူးပွဲ၊ ဆန်းတော ဘောလုံးပြိုင်ပွဲနှင့် တောင်တက်စက်ဘီးစီးပြိုင်ပွဲ စသည့် လှုပ်ရှားမှုများကို ဆက်တိုက်ကျင်းပသွားမည် ဖြစ်၍ ခရီးသည်များနှင့် မြို့သူမြို့သားများအတွက် မတူကွဲပြားသော ခရီးသွားအတွေ့အကြုံနှင့် ခံစားမှုအသစ်များကို ပေးမည်ဖြစ်သည်။
昆明信息港讯 记者昝娟娟 5月31日,由丽江市文旅局、市教体局共同主办,猎鹰谷景区承办的“2024中国·丽江露营季”开幕仪式在猎鹰谷景区举行。本次露营季将持续至10月8日,期间将举办丽江帐篷节、天天火把节、国际风筝节等一系列丰富多彩的主题活动。
本届丽江露营季以“避暑胜地·露营天堂”为主题,历时长达100天,旨在依托丽江自然景观多样、历史文化深厚、民族风情浓郁与旅游市场繁荣等独特优势,打造“全国知名的夏季旅游新品牌——中国·丽江露营季”“网红级户外露营新地标——丽江露营城”。
开幕式后,将持续开展雪山狂欢夜、丽江帐篷节、天天火把节、国际风筝节、热气球旅游节、户外音乐节、森林烧烤节、三多足球赛、山地自行车赛等系列主题活动,为广大游客、市民提供多元化旅游新体验。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ