ကူမင်းကျောက်ဇီတောင် ရှုခင်းသာရပ်ကွက်သို့ တိုက်ရိုက်ဘတ်စ်ကားကို နေ့စဉ်နေ့တိုင်း တရားဝင် စတင်မောင်းခဲ့
2024-06-07 17:51|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ခရီးသည်များ၏ ခရီးစဉ်အတွေ့အကြုံနှင့် ခံစားချက်ကို မြှင့်တင်ရန် ပိုမိုအဆင်ပြေသော၊ နေသာထိုင်သာသော၊ ဈေးနှုန်းသက်သာသော ခရီးသွားဝန်ဆောင်မှု ပတ်ဝန်းကျင်ကို ဖန်တီးရန် ကျောက်ဇီတောင် ရှုခင်းသာရပ်ကွက်သည် ကူမင်းတစ်နေ့တာခရီးစဉ် ခရီးသွားလုပ်ငန်းအုပ်စုနှင့် ပူးတွဲပြီး ကူမင်းကျောက်ဇီတောင် ရှုခင်းသာရပ်ကွက်သို့ တစ်နေ့တာခရီးသွားရန် တိုင်ရိုက်ဘတ်စ်ကားကို စတင်မောင်းခဲ့သည်။
ဇွန်လ ၁ ရက်နေ့မှစ၍ ကူမင်းကျောက်ဇီတောင်သို့ တိုက်ရိုက်ဘတ်စ်ကားကို အဆက်မပြတ် မောင်းသွားမည် ဖြစ်ပြီး ခရီးသည်များအတွက် စိုးရိမ်ပူဆွေးမှု မရှိသည့် ခရီးစဉ် ခံစားချက်ကို ပေးမည် ဖြစ်သည်။ ကားထွက်ရာနေရာသည် ကူမင်းဘူတာရုံ ဂိတ် အမှတ် (၁) တွင် တည်ရှိပြီး ထွက်ခွာချိန်မှာ နေ့စဉ် နံနက် ၇ နာရီခွဲ ဖြစ်သည်။
ဤကားလိုင်း၏ ဖွင့်လှစ်ခြင်းသည် ကူမင်းမြို့တွင်းရပ်ကွက်မှ ကျောက်ဇီတောင် ရှုခင်းသာရပ်ကွက်သို့ "နောက်ဆုံး တစ်ကီလိုမီတာ" ကို ချိတ်ဆက်ပြီး မြို့သူမြို့သားများ၏ ခရီးသွားရန် အဆင်မပြေသော ပြဿနာကို ဖြေရှင်းကာ ခရီးသည်များအတွက် ပိုမိုအဆင်ပြေသော၊ သွက်လက်သော လည်ပတ်မှုအတွေ့အကြုံကို ပေးနိုင်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ














