တောင်ကိုရီးယားနိုင်ငံ ဝူအန်း- တရုတ်နိုင်ငံ လိကျန်း လေကြောင်းလိုင်း ပထမဆုံး ပျံသန်း
2024-06-07 17:43|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဇွန်လ ၁ ရက်နေ့ ၁၉ နာရီ ၁၀ မိနစ် ခန့်တွင် တောင်ကိုရီးယားနိုင်ငံ ဝူအန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ပျံသန်းခဲ့သည့် လေယာဉ်တစ်စင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လစ်ကျန်းမြို့ရှိ ဆန်းရိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်လာခဲ့သည် ဖြစ်၍ ၎င်းသည် တောင်ကိုရီးယားနိုင်ငံ ဝူအန်းမြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လစ်ကျန်းမြို့တို့အကြား လေကြောင်းလိုင်း ပထမဆုံး အဆင်ပြေစွာ ပျံသန်းခဲ့သည်ကို လက္ခဏာဆောင်ထားသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ လစ်ကျန်းလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည် ဖြစ်ကာ ဤအကြိမ် လစ်ကျန်းမှ ဝူအန်းသို့ ပျံသန်းပြေးဆွဲသည့် လေကြောင်းလိုင်းသည် လစ်ကျန်းလေဆိပ်တွင် ဘန်ကောက်၊ ဟနွိုင်းနှင့် ဟိုချီမင်းမြို့တို့သို့ လေကြောင်းလိုင်းများ စတင်ဖွင့်လှစ်ခဲ့ ပြီးနောက် စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ဖြစ်၍ တရုတ်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံတို့မှ ခရီးသည်များ၏ နယ်စပ်ဖြတ် ခရီးသွားလာရေး လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးမည် ဖြစ်ပြီး နှစ်ဦးနှစ်ဖက်မှ လူမှုရေးကူးလူးဖလှယ်မှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်သွယ်မှု တို့ကို မြှင့်တင်ရန် ရှင်သန်သော စွမ်းအားသစ်များ ပေးမည် ဖြစ်သည်။
6月1日19时10分许,一架由韩国务安国际机场起飞的航班降落在丽江三义国际机场,标志着韩国务安—云南丽江航线顺利首航。
自2023年7月以来,丽江机场恢复开通国际航线,此次丽江至韩国务安的国际航线是丽江机场继开通曼谷、河内、胡志明市后的第4条国际航线,将进一步满足中韩旅客跨境出行需求,为促进双方人文交流、经贸往来注入新的活力。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
