ယူနန်ပြည်နယ်၌ "မေလ ၁၉ ရက်နေ့ တရုတ်ခရီးသွားနေ့" လှုပ်ရှားမှုများကို ကျင်းပခဲ့
2024-05-23 10:49|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မေလ ၁၉ ရက်နေ့တွင် ၂၀၂၄ ခုနှစ် "မေလ ၁၉ ရက်နေ့ တရုတ်ခရီးသွားနေ့"မှ ယူနန်ပြည်နယ်ရှိ အဓိကလှုပ်ရှားမှုနှင့် စတင်ပွဲအခမ်းအနားကို ကျန့်ဆွေခရိုင်၌ ကျင်းပခဲ့သည်။ ဤနှစ် လှုပ်ရှားမှု၏ ခေါင်းစဉ်သည် "တရုတ်နိုင်ငံကို အားပါးတရ လျှောက်လည်ခြင်း၊ ချမ်းမြေ့သာယာစွာ နေထိုင်ရ" ဖြစ်၍ ၄င်း၏ ရည်ရွယ်ချက်များသည် ခရီးသွားလုပ်ငန်းရှင်များ၏ ယုံကြည်စိတ်ကို တစ်ဆင့်တိုးပြီး မြှင့်တင်ရန်၊ ခရီးသွားလုပ်ငန်းစျေးကွက်၏ စားသုံးမှုဆိုင်ရာ ကိန်းဝပ်စွမ်းအားကို လှုံ့ဆော်ရန်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း စျေးကွက်ကို လျင်မြန်စွာ မူလအခြေသို့ ပြန်ရောက်လာစေပြီး ဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူတစ်ရပ်လုံးကို "မေလ ၁၉ ရက်နေ့ တရုတ်ခရီးသွားနေ့" အတူစံစားစေသည့်အတွက် အကောင်အထည်ဖော်ရန် ဖြစ်ကြသည်။
ပြည်နယ်တစ်ခုလုံးတွင် ပြည်နယ်ခွဲ (မြို့) ၁၆ ခုမှ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဌာနများ၊ ပြည်နယ်ပိုင် လုပ်ငန်းကုမ္ပဏီများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး လုပ်ငန်းကုမ္ပဏီများ၊ သတင်းမီဒီယာများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတစ်ဝှမ်းမှ ခရီးသည်များသည် အတူစုစည်းလာ၍ ဤပွဲတော်ကို ဝမ်းမြောက်ဝမ်းသာစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ စတင်ပွဲအခမ်းအနားတွင် ပေါ်ပြူလာသိပ္ပံ သင်ယူလေ့လာခြင်း၊ ယူနန်ပြည်နယ် တောင်ပိုင်းဒေသရှိ ဇာတိရပ်ရွာ လွမ်းဆွတ်တမ်းတခြင်း၊ နယ်စပ်ဖြတ်ကျော်ခြင်း၊ ပြင်ပအားကစား၊ သမိုင်းခြေရာ ရှာဖွေခြင်း စသည့် အကြောင်းအရာများကို ပါဝင်သည့် ယူနန်ပြည်နယ်ရှိ ခရီးသွားလမ်းကြောင်း ၁၀ ခုကို ထုတ်ပြန်ခဲ့ကာ ဟုံဟယ်၊ ဆစ်ဆောင်ပန်းနား၊ ဖူအော်၊ ဝေစန်း၊ ယိရှီး စသည့် ပြည်နယ်ခွဲ(မြို့) များသည် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများကို သီးခြားမိတ်ဆက်ခဲ့ကြကာ ခရီးသွားကုမ္ပဏီနှင့် လုပ်ငန်းအသင်းများမှ ကိုယ်စားလှယ်များသည် ယဉ်ယဉ်ကျေးကျေး ခရီးသွားရန် အဆိုပြုချက်ကို ဖတ်ကြားခဲ့ကြသည်။ လှုပ်ရှားမှုကျင်းပရာနေရာတွင် ဟုံဟယ် ဟာနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲမှ ခရိုင်(မြို့) ၁၃ ခု ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ယဉ်ကျေးမှု ဆန်းသစ်တီထွင်မှု ပြသရေးဒေသများကိုလည်း စီစဉ်ထားခဲ့၍ ခရီးသည်များကို ယူနန်ပြည်နယ်ရှိ ခရီးသွားလုပ်ငန်း၏ အမျိုးမျိုးရှိခြင်းနှင့် ဟုံဟယ်ပြည်နယ်ခွဲရှိ ခရီးသွားလုပ်ငန်း၏ ထူးဆန်းမှုများအား ပိုမိုနားလည်စေခဲ့သည်။
ယူနန်ပြည်နယ်တစ်ခုလုံးရှိ ပြည်နယ်ခွဲ(မြို့) အသီးသီးရှိ ကျင်းပရာနေရာခွဲများ၌ တရုတ်ခရီးသွားနေ့ လှုပ်ရှားမှုစီးရီးကို ကျင်းပမည် ဖြစ်၍ ပြည်သူလူထု အကျိုးရရှိစေသည့် ပေါ်လစီ ၁၇၁ ရပ်ကို ကျင့်သုံးမည် ဖြစ်၍ ဝါဒါဖြန့်ပွဲ ၁၄၉ ခုကို ကျင်းပမည် ဖြစ်၍ ခရီးသည်များကို အရည်အသွေး ပိုမိုကောင်းမွန်သော ပြည်သူလူထု အကျိုးရရှိစေသည့် ခရီးသွားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးဆောင်မည် ဖြစ်သည်။
5月19日,2024年“5·19中国旅游日”云南省主会场活动暨启动仪式在建水县举行。今年活动主题为“畅游中国,幸福生活”,旨在进一步提振旅游从业者信心,激发旅游市场消费潜力,促进文化和旅游市场快速恢复和发展,实现全民共享“5·19中国旅游日”。
全省16个州(市)文旅部门、省属企业、文旅企业、新闻媒体代表与全国游客共聚一堂,欢度节日。启动仪式上,包含科普研学、滇南乡愁、边境跨境、户外运动、历史追溯等内容的云南省十大主题旅游线路发布,红河、西双版纳、普洱、文山、玉溪等州(市)分别进行文旅推介,旅游企业与行业协会代表宣读文明旅游倡议。活动现场还设置了红河哈尼族彝族自治州13个县(市)的非遗文创旅游展示区,让游客更直观地了解云南旅游的多样性和红河旅游的独特性。
全省各州(市)分会场同步开展中国旅游日主题月系列活动,将推出171项惠民措施,举办149项宣传推广活动,为广大游客提供更多优质惠民的旅游产品和服务。(云南日报 记者朱海)
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ