၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီ မာရသွန်အပြေးပြိုင်ပွဲကို ကျင်းပခဲ့
2024-05-20 17:13|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မေလ ၁၉ ရက်နေ့တွင် ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီ မာရသွန်အပြေးပြိုင်ပွဲကို ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ တာ့လီမြို့၌ ကျင်းပခဲ့ပါသည်။
ဤအကြိမ်ပြိုင်ပွဲတွင် နိုင်ငံနှင့် ဒေသ ၂၃ ခုမှ လာသည့် ပြိုင်ပွဲဝင် အယောက်ပေါင်း ၁.၅၇ သောင်းသည် ပါဝင်ခဲ့ကြ၍ မာရသွန်အပြေးပြိုင်ပွဲ၊ ထက်ဝက် မာရသွန်အပြေးပြိုင်ပွဲ၊ ချစ်သူများ တစ်သက်တာ ချစ်ခြင်းမေတ္တာ အပြေးပြိုင်ပွဲ၊ ပျော်ပျော်ရွှင်ရွှင် အပြေးပြိုင်ပွဲ၊ မိဘနှင့် ကလေးအတူ အပြေးပြိုင်ပွဲ ဟူသော အဖွဲ့ ၅ ဖွဲ့ကို စီစဉ်ထားပါသည်။ ပြေးလမ်းသည် တာ့လီမြို့ရှိ သာယာလှပသော ရှုခင်းများ၊ သမင်းဝင်နေရာနှင့် ရှေးဟောင်းအကြွင်းအကျန်နေရာများကို ချိတ်ဆက်၍ လမ်းတစ်လျှောက်တွင် လန်ချန်း-မဲခေါင် ၆ နိုင်ငံ၏ ထူးခြားချက်ရှိသည့် ထောက်ပံ့ရေးစခန်းများနှင့် စတိုင်မတူသော ဓာတ်ပုံရိုက်နေရာများကို တည်ထောင်ပြီး လန်ချန်း-မဲခေါင် ၆ နိုင်ငံ၏ လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝအခြေအနေများနှင့် တာ့လီ၏ ထူးခြားသော ညှို့နိုင်စွမ်းများကို အပြည့်အဝ ပြသခဲ့ပါသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို




