Thelephora ganbajun သည် ယူနန် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစျေးကွက်တွင် ပေါ်လာ၍ တစ်ကီလိုဂရမ် ယွမ် ၃၀၀၀ ဖြင့် ရောင်းချ
2024-05-20 17:05|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မေလ ၁၄ ရက်နေ့တွင် သတင်းထောက်က ယူနန် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစျေးကွက်သို့ သွားရောက်ကြည့်ရှုခဲ့ရာ Thelephora ganbajun များကို စျေးတွင် စတင်ရောင်းချနေပြီ ဖြစ်၍ တစ်ကီလိုဂရမ် ယွမ် ၂၈၀၀ မှ ၃၀၀၀ ကြားဖြင့် ရောင်းချနေသည် ဖြစ်ကြောင်း၊ ထို့ပြင် Boletus luridus တစ်ကီလိုဂရမ် ယွမ် ၃၀၀ မှ ၁၂၀၀ ကြား၊ Agaricus deliciosus တစ်ကီလိုဂရမ် ယွမ် ၈၀ မှ ၂၄၀ ကြား၊ Collybia albuminosa တစ်ကီလိုဂရမ် ယွမ် ၅၀၀ မှ ၁၁၀၀ ကြား၊ Russula virescens တစ်ကီလိုဂရမ် ယွမ် ၇၀၀ မှ ၈၅၀ ကြားဖြင့် ရောင်းချနေသည် ဖြစ်ကြောင်း တွေ့ရှိရခဲ့သည်။
ဤနေ့မနက်ပိုင်း ၁၀ နာရီခွဲတွင် ယူနန် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစျေးကွက်၌ ဖောက်သည်များ အမျှင်မပြတ် ရောက်လာ၍ လမ်းဘေးဆိုင် အသီးသီးရှေ့တွင် Agaricus deliciosus များ၊ Collybia albuminosa များ၊ Boletus luridus များနှင့် Russula virescens များ စသည်တို့ကို အပြည့်အဝ ခင်းကျင်းထားသည်။
ယူနန် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစျေးကွက်၏ စျေးကွက်ပညာသုတေသနဌာန တာဝန်ယူစီမံခန့်ခွဲသူ ဇိုင်ဇန့်စိ၏ မိတ်ဆက်ခြင်းအရ လက်ရှိ စျေးကွက်တွင် နေ့စဉ်နေတိုင်း တောမှို ၁၃ မျိုးကို ရောင်းချနေ၍ ရောင်းဝယ်မှုပမာဏသည် ကီလိုဂရမ် ၂၀၀ မှ ၃၀၀ အထိ ရှိကြောင်း၊ ၄င်းတို့အနက် အရေအတွက် အများဆုံးသည်မှာ Boletus edulis နှင့် Agaricus deliciosus များ ဖြစ်ကြောင်း၊ မေလ ၉ ရက်နေ့တွင် ဤနှစ် မထမအသုတ် Thelephora ganbajun များကို စျေးကွက်တွင် စတင်ရောင်းချခဲ့၍ စျေးနှုန်းသည် တစ်ဂလိုဂရမ် ယွမ် ၃၀၀၀ ဖြစ်၍ ယခင်နှစ်များထက် ပိုစောစွာ စတင်ရောင်းချခဲ့သည် ဖြစ်ကြောင်း သိရှိရခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ