ယူနန်ပြည်နယ် ကျင်းဖိန်ခရိုင်တွင် လိပ်ပြာအများအပြား ပေါက်ပွားချိန် ရောက်ရှိလာမည်
2024-05-17 17:49|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ကနဦး ခန့်မှန်းချက်အရ ယူနန်ပြည်နယ် ကျင်းဖိန်ခရိုင်ရှိ တရုတ်-ဟုန်ဟော်လိပ်ပြာဂူတွင် လိပ်ပြာအများအပြား ပေါက်ပွားသည့် ရှုခင်းကို တွေ့မြင်နိုင်မည် ဖြစ်၍ ဤအချိန်ကာလသည် မေလ ၁၈ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အတွင်း ဖြစ်ပြီး စုစုပေါင်းပမာဏ သန်း ၄၀၀ နီးပါး ရှိမည် ဖြစ်ပြီး ၂၀၂၃ ခုနှစ်၏ အရေအတွက်နှင့် ညီမျှမည် ဖြစ်ကြောင်း သိရှိရပါသည်။ မာကွိုင်ထန် သစ်တောအရပ်၊ ဖူကျားကြိုက် သစ်တောအရပ်၊ ညူချမ်ဖျင် သစ်တောအရပ်နှင့် ယင်ဖန်တောင် သစ်တောအရပ် ဟူသော နေရာ ၄ ခုသို့ ဤရှုခင်းကို ကြည့်ရှုနိုင်သည်။ ၄င်းတို့အနက်၊ ယင်ဖန်တောင် သစ်တောအရပ်၌ လိပ်ပြာ အကောင် ၂၀ သန်းကျော် ပေါက်ပွားလာမည် ဖြစ်၍ ဤနှစ် အကောင်းဆုံးသော ကြည့်ရှုရာနေရာ ဖြစ်ကြောင်း ခန့်မှန်းနေသည်။
နှစ်စဉ်နှစ်တိုင်း မေလ တတိယဆယ်ရက်ပိုင်း မှစ၍ သန်းရာနှင့်ချီသော လိပ်ပြာများသည် တရုတ်-ဟုန်ဟော်လိပ်ပြာဂူတွင် ၄င်းတို့၏ ပိုးအိမ်များမှ ခွဲထွက်ပြီး လိပ်ပြာအဖြစ်သို့ ပြောင်းလဲလာ၍ ရှားပါးသော လိပ်ပြာအဖြစ် စုစည်းပြောင်းလဲလာပြီး လှုပ်ရှားသည့် ရှုခင်းများ ဖြစ်ပေါ်လာလျက်ရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း














