ကူမင်းမြို့ရှိ မြို့ပြစာအုပ်ဆိုင်များတွင် စာအုပ်များ၏ မွှေးရနံ့ လွင့်ပျံ
2024-04-30 10:10|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုနှစ်များတွင် ကူမင်းမြို့ပြည်သူ့အစိုးရဌနများ၏ ရှေ့ဆောင်လမ်းပြပြုမှု အောက်တွင် လူ့အဖွဲ့အစည်း အဘက်ဘက်သည် မြို့ပြစာအုပ်ဆိုင်များကို တက်ကြွစွာ ပါဝင်တည်ဆောက် ခဲ့ကြသည်။ မြို့၏ ထောင့်ကွက်တိုင်းတွင် ပြန့်နှံ့ထားသော ဤစာအုပ်ဆိုင်များသည် စာအုပ်ရောင်းချရာနေရာများ ဖြစ်ရုံသာမက သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် မြို့သူမြို့သားများ ဘဝတွေ့ကြုံခံစားခြင်း စသည့် လုပ်ဆောင်ချက်များကို သယ်ဆောင်ထားသော အများပိုင် ယဉ်ကျေးမှုနေရာများလည်း ဖြစ်သည်။ လက်ရှိတွင် ကူမင်းမြို့စာကြည့်တိုက်သည် "ဖတ်ရှုခြင်း + ဟိုတယ်" "ဖတ်ရှုခြင်း + အရပ်သားနေအိမ်" "ဖတ်ရှုခြင်း + ငွေရေးကြေးရေးအဖွဲ့အစည်း" "ဖတ်ရှုခြင်း + လေကြောင်းသွားလာရေး" "ဖတ်ရှုခြင်း + ရပ်ကွက်" "ဖတ်ရှုခြင်း + ကျောင်း" စသည့် ပုံစံအမျိုးမျိုးရှိသော၊ ထူးခြားချက်လက္ခဏာ ပေါ်လွင်ထင်ရှားသော ဖတ်ရှုရာနေရာအသစ်များကို ပြီးမြောက်အောင် တည်ဆောက်ခဲ့ပြီ ဖြစ်၍ ယဉ်ကျေးမှုနှင့် အဆန်းထွင်မှုကို ပေါင်းစပ်စေခြင်းအားဖြင့် မြို့၏ အတိုင်းထက်အလွန်သော သက်ဝင်အားကို လှုံ့ဆော်ခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


