ရှမ်ဂရီလာဒေသကြီးတွင်း မဟာမိတ်အဆိုပြုချက်ကို ယူနန်ပြည်နယ် လိကျန်းမြို့၌ ထုတ်ပြန်ခဲ့

2024-04-29 17:03|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဧပြီလ ၂၄ ရက်နေ့တွင် တာ့လီမြို့၊ လိကျန်းမြို့၊ တီချင့်ပြည်နယ်ခွဲနှင့် နုကျန်းပြည်နယ်ခွဲတို့သည် ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ၏ ခရီးသွားလုပ်ငန်းများ အရည်အသွေး မြင့်မားစွာ ပုံစံပြောင်းရေးနှင့် အဆင့်မြှင့်တင်ရေး ပူးတွဲ ပိုမိုလျင်မြန်စွာ တွန်းအားပေးရန် ဒုတိယအကြိမ် ပူးတွဲစည်းဝေးပွဲကို လစ်ကျန်းမြို့၌ ကျင်းပခဲ့သည်။ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများမှ ပါရဂူနှင့် ပညာရှင်များ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများမှ တာဝန်ခံများ စသည်တို့သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေမည့် နည်းလမ်းများကို ဆွေးနွေးရန်နှင့် ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ၏ ခရီးသွားလုပ်ငန်းများ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန် လိကျန်းမြို့၌ စုဝေးခဲ့ကြသည်။

202404263ba230f84c274d1ba24f1d1b31cb1ad1_202404265432af04a47f447d89e115d274853ffe

စည်းဝေးပွဲတွင် ယူနန်ပြည်နယ်ရှိ တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၊ လိကျန်းမြို့၊ တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲနှင့် နုကျန်း လီဆူလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၊ စီချွမ်းပြည်နယ်ရှိ ဖန်ဇီဟွာမြို့၊ ကမ်းကျစ် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၊ အားဘာ့ တိဗက်လူမျိုး ချမ်းလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲနှင့် လျန်ဆန်း ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၊ ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ လာဆာမြို့နှင့် ချမ်းဒူးမြို့၊ ချင်းဟိုင်ပြည်နယ် ကော်လော့ တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၊ ကန်းစုပြည်နယ် ကန်းနန် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲတို့သည် ရှမ်ဂရီလာဒေသကြီးတွင်း မဟာမိတ်အဆိုပြုချက်ကို ပူးပေါင်း ထုတ်ပြန်ခဲ့ကြသည်။

ဤအဆိုပြုချက်အရ ရှမ်ဂရီလာဒေသကြီးရှိ ဂေဟဗေဒခရီးသွားလာရေး အသိုင်းအဝိုင်းတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် ဂေဟပတ်ဝန်းကျင် ကာကွယ်ရေးကို အခြေခံပြုပြီး ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများ ရောနှောပေါင်းစပ်မှုကို စွဲစွဲမြဲမြဲကိုင်ပြီး အပြန်အလှန် ချိတ်ဆက်မှုကို အချက်အချာအဖြစ်၊ အမှတ်တံဆိပ် ပူးပေါင်းတည်ဆောက်မှုကို အလေးပေးပြီး စီမံခန့်ခွဲမှုကို ပိုမိုခိုင်မာစေရန် အာမခံအဖြစ် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်း တွန်းအားပေးမည် ဖြစ်ကြောင်း သိရှိရသည်။

202404263ba230f84c274d1ba24f1d1b31cb1ad1_202404264ab0db0717e74df2b4e70b78345e5253

ထိုနေ့တွင် တာ့လီပြည်နယ်ခွဲ၊ လိကျန်းမြို့၊ တီချင့်ပြည်နယ်ခွဲနှင့် နုကျန်းပြည်နယ်ခွဲတို့သည် ယူနန်ပြည်နယ် အနောက်မြောက်ပိုင်း ပြည်နယ်ခွဲနှင့် မြို့ ၄ ခု၏ ခရီးသွားလာရေး မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ကြကာ ထိုင်းနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတို့မှ ခရီးသွားလုပ်ငန်းရှင်များသည် ဤပြည်နယ်ခွဲနှင့် မြို့ ၄ ခုမှ ခရီးသွားလုပ်ငန်းအဖွဲ့နှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။

新华网昆明4月26日电(李宁 和新兰)4月24日,大理丽江迪庆怒江联合加快推动滇西北旅游高质量转型升级第二次协作联席会在丽江市举行。文旅行业专家学者、文旅企业负责人等齐聚丽江,共商深化区域合作之道,共促滇西北旅游高质量发展。

202404263ba230f84c274d1ba24f1d1b31cb1ad1_202404265432af04a47f447d89e115d274853ffe

会上,云南省大理白族自治州、丽江市、迪庆藏族自治州、怒江傈僳族自治州,四川省攀枝花市、甘孜藏族自治州、阿坝藏族羌族自治州、凉山彝族自治州,西藏自治区拉萨市、昌都市,青海省果洛藏族自治州,甘肃省甘南藏族自治州共同发布了大香格里拉区域联盟倡议。

倡议提出,大香格里拉生态旅游圈旅游开发要以生态保护为基础、以文旅融合为抓手、以互联互通为关键、以品牌共建为重点、以强化管理为保障,共同推进旅游发展。

202404263ba230f84c274d1ba24f1d1b31cb1ad1_202404264ab0db0717e74df2b4e70b78345e5253

当日,大理州、丽江市、迪庆州、怒江州签订了滇西北四州市旅游战略合作框架协议,泰国、韩国、越南、老挝旅行商与四州市旅游行业协会签订了战略合作协议。

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်