တတိယအကြိမ် ပြည်သူတစ်ရပ်လုံး စာဖတ်ခြင်းညီလာခံကို အောင်မြင်စွာ ကျင်းပခဲ့ပြီး နိုင်ငံတကာ ချစ်ကြည်ရေးမြို့မှ ကိုယ်စားလှယ်များသည် ကူမင်းကို ချီးကျူးခဲ့ကြ
2024-04-28 16:29|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဧပြီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ တတိယအကြိမ် ပြည်သူတစ်ရပ်လုံး စာဖတ်ခြင်းညီလာခံကို ကူမင်းမြို့၌ ကျင်းပခဲ့ပြီ ဖြစ်၍ ကမ္ဘာ့နေရာအသီးသီးမှ အစိုးရကိုယ်စားလှယ်များနှင့် ယဉ်ကျေးမှုခေါင်းဆောင်များကို ဆွဲဆောင်ခဲ့ကြသည်။ နိုင်ငံတကာ ချစ်ကြည်ရေးမြို့မှ ကိုယ်စားလှယ်များသည် အင်တာဗျူးတွင် ပြောကြားခဲ့သည်မှာ ဤအကြိမ် ညီလာခံသည် စနစ်တကျ ဖွဲ့စည်းထားသည် သာမက အဓိပ္ပာယ်လည်း နက်နက်ရှိုင်းရှိုင်း ရှိ၍ ကမ္ဘာတစ်ဝှမ်းလုံးရှိ စာဖတ်မှုနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှု မြှင့်တင်ရေးအတွက် အရေးကြီးသော အကျိုးသက်ရောက်မှု ရှိသည် ဖြစ်သည်။
လာအိုနိုင်ငံ လွမ်ပရာဘမ်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ လွမ်ပရာဘမ် မြို့ပြပါတီကော်မတီ အတွင်းရေးမှူးနှင့် မြို့တော်ဝန်ဖြစ်သူ ဝမ်ထွန်းဟာဆာဇန်သည် ဤညီလာခံကို တက်ရောက်သည့်အတွက် အလွန်တရား ဂုဏ်ယူမိသည်။ "စာဖတ်ခြင်းဟာ မျိုးဆက်သစ် ပြုစုပျိုးထောင်ဖို့ အရမ်းအရေးကြီးတယ်၊ ကျွန်တော်တို့ဟာ လူငယ်တွေရဲ့ စာဖတ်တဲ့ တွေးခေါ်ယူဆမှုကို တိုးမြှင့်စေဖို့ ဦးတည်ဆောင်ရွက်သင့်ကြတယ်" ဟု ဝမ်ထွန်းဟာဆာဇန် ပြောဆိုခဲ့၍ လွမ်ပရာဘမ်မြို့နှင့် ကူမင်းမြို့တို့သည် ချစ်ကြည်ရေးမြို့ဆက်ဆံမှုကို ထူထောင်ခဲ့ကြပြီး နှစ်ဦးနှစ်ဖက်သည် ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စသည့်နယ်ပယ်များတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ကြသည့် အကြောင်းကိုလည်း ဝမ်ထွန်းဟာဆာဇန် ဖော်ပြခဲ့သည်။
"ဒီညီလာခံရဲ့ အကြောင်းအရာဟာ အရမ်းပေါများပြီး ကျွန်တော့်ကို အကျိုးများများ ရရှိစေတယ်။" ဟု လာအိုနိုင်ငံ နန်ထာပြည်နယ်အစိုးရ ဒုတိယအုပ်ချုပ်ရေးမှူး ရှီးဝေလှိုင်ဖန်းချီးအောင့် ချီးကျူးခဲ့သည်။ "လူသားရဲ့ ယဉ်ကျေးမှု တော်တော်များများဟာ စာလုံးတွေနဲ့ မှတ်တမ်းတင်တာ ဖြစ်ပြီး ကျွန်တော်တို့ဟာ စာဖတ်တဲ့အခါမှာ စာလုံးတွေသာမက သမိုင်းတွေကိုပါ ဖတ်ရှုလေ့လာကြမှာပါ။" ဟု သူက ပြောဆိုခဲ့သည်။
"ကူမင်းမြို့မှာ ရာသီဥတု သာယာပြီး လမ်းဘေးမှာ လတ်ဆတ်ပန်းတွေ ဝေဝေဆာဆာ ပွင့်နေပြီး တစ်မြို့လုံးမှာ စနစ်တကျ ရှိနေတယ်။" ဟူသောအကြောင်းသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ ပညာရေးဌာန ဆရာဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ထွန်းဘိုက်ဖန်းနုန့်လား၏ ကူမင်းအပေါ် ပထမဆုံး အထင်အမြင် ဖြစ်သည်။ သူမသည် အနာဂတ်တွင် တရုတ်-လာအို နှစ်နိုင်ငံတို့၏ ပညာရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန်၊ ဗီယင်ကျန်းမြို့မှ ဆရာ၊ ဆရာမများနှင့် စာကြည့်တိုက်ဝန်ထမ်းများသည် ကူမင်းမြို့ရှိ သုတေသနလှုပ်ရှားမှုများ သို့မဟုတ် သင်တန်းများထဲတွင် ပါဝင်ခွင့်ရရှိနိုင်ပြီး တွေ့မြင်ရသည့် ပညာများကို ကျောင်းသားများအား လက်ဆင့်ကမ်းသင်ကြားပေးနိုင်ရန် မျှော်လင့်သည်။
ဗီယက်နမ်နိုင်ငံ ဆာဘာမြို့ ပါတီကော်မတီ အမြဲတမ်း ဒုတိယအတွင်းရေးမှူး ထောင်အာစိန်သည် ညီလာခံ၏ ဖွဲ့စည်းခြင်းကို ချီးကျူးပြီး ဗီယက်နမ်နိုင်ငံအတွက် လေ့လာရကျိုးနပ်သည်ဟု ပြောဆိုခဲ့သည်။ ကူမင်းမြို့သည် အလွန်သာယာလှပသော မြို့တစ်မြို့ ဖြစ်ပြီး နေထိုင်ရန် အလွန်သင့်တော်သည် ဖြစ်ကြောင်း သူက ယူဆသည်။
ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ စာပေနှင့် အနုပညာအသင်းဥက္ကဋ္ဌ ဖေဝင်ထျန်းသည် ယူနန်ပြည်နယ်၏ တောက်ပသော ယဉ်ကျေးမှုကို ချီးကျူခဲ့သည်။ သသည် စာပေနှင့် အနုပညာ ဖျော်ဖြေပွဲတွင် ပါဝင်ပြီး တရုတ်နိုင်ငံ တိုင်ရင်းသား ယဉ်ကျေးမှု၏ ထွန်းတောက်ရွှန်းတင့်မှုဖြင့် ဆွဲလှုပ်သွားခဲ့သည်၊ ကွမ်းတုရှေးဟောင်းမြို့နယ်၊ ကူမင်းရှေးဟောင်းလမ်း၊ ဆွေ့ဟူရေကန်၊ ယူနန်ပြည်နယ်ပြတိုက်တို့ကို လည်ပတ်ကြည့်ရှု ပြီးနောက် သူသည် ယူနန်ပြည်နယ်၏ ကြာရှည်သော သမိုင်းကြောင်းနှင့် ရွှန်းတင့်တောက်ပသော ယဉ်ကျေးမှုများကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။
နီပေါနိုင်ငံ ဘိုခလာမြို့ စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဖူလေမူလာအယ် လာမီဟာနေ့သည် ဤအကြိမ် ညီလာခံကို တက်ရောက်ခြင်းဖြင့် စာဖတ်ရန် မြှင့်တင်သည့်အဘက်တွင် ကူမင်းမြို့၏ ကြိုးပမ်းအားထုတ်မှုကို ခံစားမိခဲ့၍ ၄င်းသည် ဘိုခလာမြို့အတွက် လေ့လာသင်ယူထိုက်သော စံနမူနာကောင်းတစ်ခု ဖြစ်ကြောင်း ထင်မြင်သည်။ ဖူလေမူလာအယ် လာမီဟာနေ့သည် ကူမင်းကို အလွန်အမင်း သဘောကျပြီး အနာဂတ်တွင် ကူမင်းနှင့် ဘိုခလာတို့ ခရီးသွားလုပ်ငန်းတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မည်ဟု မျှော်လင့်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြို့တော်ဝန်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းရိုဂျေလာထနာချင်ဒါသည် စာဖတ်ရန် ပြန့်ပွားစေရေးဘက်တွင် ကူမင်းမြို့ ရရှိခဲ့သည့် ရလဒ်များအပေါ် အားကျမြတ်နိုးမှုကို ဖော်ပြခဲ့သည်။ သူသည် ကူမင်းမြို့တွင် စာဖတ်ခန်း အများအပြားရှိသည်ကို တွေ့မြင်ခဲ့၍ "ကလေးဘဝမှာ လူငယ်တွေကို ဖုန်းချပြီး စာဖတ်စေဖို့ အရမ်းအရေးကြီးတယ်" ဟု ပြောဆိုခဲ့သည်။ အနာဂတ်တွင် ယဉ်ကျေးမှုနှင့် ပညာရေး စသည့် နယ်ပယ်များတွင် ကူမင်းမြို့နှင့် ပိုများသော ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်နိုင်မည်ဟု သူ မျှော်လင့်သည်။
အစိုးရအရာရှိများမှ ယဉ်ကျေးမှု ပညာရှင်များအထိ၊ အဘက်ဘက်မှ ကိုယ်စားလှယ်များသည် ဤအကြိမ် စာဖတ်ခြင်းညီလာခံအပေါ် မြင့်မားသော ချီးကျူးမှုမှာ ညီလာခံ၏ အောင်မြင်မှုကို သက်သေပြ ရုံသာမက နိုင်ငံတကာတွင် ကူမင်းမြို့၏ ယဉ်ကျေးမှု အကျိုးသက်ရောက်မှုကိုလည်း ဖော်ပြခဲ့သည် ဖြစ်သည်။ အနာဂတ်တွင် ကူမင်းသည် ၎င်း၏ ယဉ်ကျေးမှုနှင့် ပညာရေး အရင်းအမြစ်များကို ဆက်လက် အားကိုးပြီး စာဖတ်ခြင်းအလေ့အထ ပြုစုပျိုးထောင်ရန်နှင့် ယဉ်ကျေးမှု ဖလှယ်ရေး နက်ရှိုင်းစေရန် တွန်းအားပေးမည် ဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှု၏ အမျိုးမျိုးအဖုံဖုံရှိခြင်းနှင့် ကြွယ်ဝမှုအတွက် စွမ်းအား ဖြည့်ပေးသွားမည် ဖြစ်သည်။
4月23日至25日,第三届全民阅读大会在昆明举行,吸引了来自世界各地的政府代表和文化领袖。多位国际友好城市代表在接受采访时表示,此次大会不仅组织有序,而且意义深远,对于促进全球范围内的阅读和文化交流具有重要影响。
老挝琅勃拉邦省委常委、琅勃拉邦市委书记兼市长旺通·哈沙展对出席此次大会深感荣幸,“阅读对于培养新一代至关重要,我们应致力于提升青少年的阅读意识。”旺通·哈沙展还提到,琅勃拉邦市与昆明市建立了友好城市关系,双方在投资、文化、旅游等方面展开深入合作。
“这次大会的内容非常丰富,让我受益匪浅。”老挝南塔省政府副省长西维莱·潘基奥如是评价,他直言,“人类的很多文明都是靠文字记录下来的,我们在阅读时,不仅仅是在读文字,更是在读历史。”
“昆明气候宜人,道路旁鲜花盛开,整个城市秩序井然。”是老挝万象市教育厅教师发展处副处长通拜·潘弄拉对昆明的第一印象。她希望未来能够加强两国在教育领域的合作,期望万象的教师和图书馆工作人员能够有机会参与到昆明的研学活动或培训中,以便将所见所学传授给学生。
越南沙巴市市委常务副书记陶阿生点赞大会的组织,并表示值得越南学习。他认为昆明是一座非常美丽的城市,非常适合居住。
越南岘港市文学艺术协会主席裴文天则对云南的灿烂文化表示赞赏。他参加了文艺晚会,被中国少数民族文化的绚丽多彩所震撼。在游览了官渡古镇、昆明老街、翠湖和云南省博物馆后,他对云南的历史悠久和文化光辉灿烂有了更深地理解。
尼泊尔博克拉市政委员会副主席普雷姆拉尔·拉米哈内表示,通过参加这次大会,他感受到了昆明在促进阅读方面的努力,并认为这是一个值得博克拉学习的好榜样。普雷姆拉尔·拉米哈内对昆明的印象极佳,他期待未来昆明和博克拉能在旅游方面加强交流与合作。
泰国清迈市市长顾问泰·罗杰拉特纳钦达则对昆明在阅读推广方面的成绩表示钦佩。他看到昆明有很多阅读室和书屋,他说:“在孩童时代让年轻人们放下手机,更好地去阅读,这点是非常重要的。”他还期待未来能在文化、教育等领域与昆明展开更多的合作。
从政府官员到文化学者,各方代表对本次阅读大会的高度评价,不仅证明了大会的成功,也反映了昆明在国际舞台上的文化影响力。未来,昆明将继续借助其文化和教育资源,推动阅读习惯的培养和文化交流的深化,为世界文化的多样性和丰富性贡献力量。(昆明信息港 记者谭石艳 张玉)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ