ယူနန်ပြည်နယ် လူတျန့်ခရိုင်တွင် ၁၆ ကြိမ်မြောက် ချယ်ရီသီး ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်

2024-04-18 10:12|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့မကြာသေးမီက ယူနန်ပြည်နယ် ကျောက်ထုံးမြို့ လူတျန့်ခရိုင်၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ အရ ၂၀၂၄ ခုနှစ် ကျောက်ထုံး လူတျန့် ၁၆ ကြိမ်မြောက် ချယ်ရီသီး ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ဧပြီလ ၂၀ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ လူတျန့်ခရိုင်၌ ကျင်းပမည် ဖြစ်ကာ လယ်ယာထွက်ကုန်များ ရောင်းချမှုကို တစ်ဆင့်တိုး၍ တိုးမြှင့်မည် ဖြစ်ပြီး ပြည်သူလူထုများ၏ ဝင်ငွေ တိုးစေမည် ဖြစ်ပြီး ကျေးလက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ကြောင်း သိရှိရခဲ့သည်။

ဤအကြိမ် ချယ်ရီသီး ယဉ်ကျေးမှု ခရီးသွားပွဲတော်သည် "ယူနန်ဟုခေါ်သည့် ဘဝတစ်မျိုး၊ ချိုဆိမ့်သော ချယ်ရီသီးနှင့် ချမ်းမြေ့သာယာသော လူတျန့်" ဟူသော ခေါင်းစဉ်ဖြင့် "အဓိကကျင်းပရာနေရာ+ နေရာခွဲ" ပေါင်းစပ်ထားသော ပုံစံဖြင့် ရှောင်ဇိုက်မြို့နယ်၌ အဓိကကျင်းပရာနေရာကို ထောင်လိုက်ပြီး ဝေဖျင်၊ ထောင်ယွန်၊ ကျန်းတီ၊ လုံထုပ်စန်း၊ ရှင်းကြေးနှင့် ဆွေမို အပါအဝင် မြို့နယ် ၆ ခု၌ ကျင်းပရာနေရာခွဲကို ထောင်လိုက်မည် ဖြစ်သည်။ ပွဲတော်ကျင်းပရာတွင် စာပေအနုပညာပြပွဲ၊ အစားအစာ မြည်းစမ်းခြင်း၊ ပြိုင်ဆိုင်မှု နှိုင်းယှဉ်အကဲဖြတ်ခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး လှုပ်ရှားမှု၊ ပျော်ရွှင်ဖွယ်ကောင်းသော လည်ပတ်ခြင်း စသည်တို့ကို အဓိကအပါအဝင် ထွေပြားစုံလင်သော လှုပ်ရှားမှု အရပ် ၄၀ ကျော်ကို စုစည်းကျင်းပမည် ဖြစ်သည်။

ထို့ပြင်၊ ဒေသခံသည် ခရီးသည်များ လည်ပတ်ကြည့်ရှုရန်အတွက် ရှောင်ဇိုက်မြို့နယ်ရှိ ကျေးလက် ကုန်သွယ်ရေးစုစည်းရာနေရာများဖြင့် အဓိကလမ်းကြောင်း ဖြစ်သည့် အစားအစာ မြည်းစမ်းခရီးစဉ်၊ ခရိုင်နှင့် အနီးတစ်ဝိုက်ဒေသများတွင် လည်ပတ်ကြည့်ရှုခြင်းဖြင့် အဓိကလမ်းကြောင်း ဖြစ်သည့် သေသပ်ကောင်းမွန်သော တင်ဆက်ပြသမှု ခရီးစဉ်၊ ညူလန်မြစ် တစ်လျှောက်ဒေသဖြင့် အဓိကလမ်းကြောင်း ဖြစ်သည့် ညူလန်မြစ် လျှိုမြောင်ရှုခင်းများ လည်ပတ်ကြည့်ရှု ခရီးစဉ် အပါအဝင် လမ်းကြောင်း ၃ ခုကိုလည်း သေချာစေ့ငုစွာ ရွေးချယ်ခဲ့သည်။

လူတျန့်ခရိုင်၌ ချယ်ရီပင် စိုက်ပျိုးရန် သမိုင်းကြောင်း နှစ်ပေါင်း ၃၀၀ ကျော်ရှိပြီ ဖြစ်၍ လက်ရှိတွင် ချယ်ရီပင် မိုပေါင်း ၁.၈ သောင်း စိုက်ပျိုးနေပြီး နှစ်စဉ် ထွက်ကုန်တန်ဖိုး အယွမ် ၁၅၀ သန်း ရှိနေသည်။ ကျောက်ထုံး လူတျန့် ချယ်ရီသီး ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ၂၀၀၆ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ ၂၀၂၃ ခုနှစ် ကျောက်ထုံး လူတျန့် ၁၅ ကြိမ်မြောက် ချယ်ရီသီး ယဉ်ကျေးမှု ခရီးသွားပွဲတော်တွင် ခရီးသည် ဦးရေပေါင်း ၆၇၇ သောင်းကို ဆွဲဆောင်ပါဝင်လာခဲ့ပြီး လွန်ခဲ့သည့် ပွဲတော်ထက် ၈၂ ရာခိုင်နှုန်း တိုးလာခဲ့ကာ ခရီးသွားလာရေး ဝင်ငွေ ယွမ်ပေါင်း ၄၀၀ သန်း ရရှိခဲ့ပြီး လွန်ခဲ့သည့် ပွဲတော်ထက် ၈၆ ရာခိုင်နှုန်း တိုးလာခဲ့သည် ဖြစ်သည်။

新华网昆明电 记者林碧锋 云南省昭通市鲁甸县日前召开新闻发布会介绍,鲁甸县将于4月20日至5月20日举办2024年昭通·鲁甸第十六届樱桃文化旅游节,进一步促进农产品销售,带动群众增收致富,推动乡村旅游发展。

本届樱桃文化旅游节以“有一种叫云南的生活——甜美樱桃·幸福鲁甸”为主题,采用“主会场+分会场”的联动模式,在小寨镇设置主会场,在文屏、桃源、江底、龙头山、新街和水磨6个乡镇设置分会场。期间将集中开展40余项丰富多彩的活动,主要涵盖文艺展演、美食品鉴、赛事评比、经贸活动、趣味畅游等方面内容。

活动期间,当地还精选3条路线供游客游玩:一是以小寨集镇为主线的美食品鉴游,二是以县城及周边游为主线的精品演出线路游,三是以牛栏江沿线为主线的牛栏江峡谷风光游。

据介绍,鲁甸樱桃种植已有300余年的历史,现有樱桃种植面积1.8万亩,年产值1.5亿元。昭通·鲁甸樱桃文化旅游节于2006年首次举办。2023年昭通·鲁甸第十五届樱桃文化旅游节共吸引游客677万人次,同比增长82%;实现旅游总收入4亿元,同比增长86%。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်