တရုတ်နိုင်ငံ၌ ပထမဆုံး တရုတ်-လာအို ရထားလမ်း ဖွံ့ဖြိုးတိုးတက်ရေး အကြံပေးအဖွဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့

2024-04-16 17:09|ရောင်စုံတိမ်တံတား

1588556_2048x2048

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းတွင် "တရုတ်-လာအို ရထားလမ်း ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ" ဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို တရုတ် (ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း၌ ကျင်းပခဲ့သည်။ မိတ်ဆက်ခြင်းအရ ဤအစီရင်ခံစာသည် တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲခြင်း ၂ နှစ်ပြည့်ချိန်တွင် ရေးသားပြီးဆုံးသွားခဲ့ပြီ ဖြစ်၍ တရုတ်နိုင်ငံအတွင်း တရုတ်-လာအို ရထားလမ်း သုတေသနပြုမှုဆိုင်ရာ အကြံပေးအဖွဲ့ အစီရင်ခံစာ ဖြစ်သည်။

တရုတ်-လာအို ရထားလမ်း ဘက်ပေါင်းစုံ တူးဖော်ခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ စိစစ်စိတ်ခြားမှုနှင့် သုတေသနပြုမှုကို အားကောင်းစေသည့်အတွက် နိုင်ငံခြားကုန်သွယ်ရေးကောလိပ်ကျောင်း၊ ကူမင်းတက္ကသိုလ်၊ ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း) ၏ စီမံခန့်ခွဲမှုကော်မတီတို့သည် "အစိုးရ၊ လုပ်ငန်း၊ ကျောင်း၊ သုတေသနအဖွဲ့၊ အသုံးပြုသူတို့ ပူးပေါင်းဆောင်ရွက်မှု" ဟူသော ပုံစံသစ်ကို တက်ကြွစွာ စူးစမ်းရှာဖွေခဲ့ကြ၍ "၂၀၂၃ ခုနှစ် တရုတ်-လာအို ရထားလမ်း ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ"ကို အတူတကွ ရေးသားဖြစ်လာခဲ့ကြသည်။ ဤအစီရင်ခံစာသည် တရုတ်-လာအို ရထားလမ်း တည်ဆောက်မှု၏ နောက်ခံအကြောင်းများ၊ အကျိုးသက်ရောက်မှုများ၊ စွန့်စားမှုများနှင့် ဆန်းသစ်တီထွင်မှုများ စသည့် အကြောင်းအရာများကို အလင်းဆုံပေးထား၍ စနစ်တကျ ဘက်စုံ သုတေသနပြုထားသည်

ကုန်သွယ်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှုနှင့် နည်းပညာ စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မည် ဖြစ်ကြောင်း၊ လာအိုနိုင်ငံနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖွဲ့စည်းပုံကို ပိုမိုကောင်းမွန်စေခြင်း၊ လူမှုရေး ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေခြင်း၊ နည်းပညာနှင့် စမတ်အသွင်တို့ဖြင့် အင်အားဖြည့်တင်ခြင်း စသည့် ဆောင်ရွက်နည်းများကို လက်တွေ့ကျင့်သုံးပြီး နည်းလမ်းများနှင့် စနစ်များကို ဆန်းသစ်တီထွင် ခြင်းအားဖြင့် တရုတ်-လာအို ရထားလမ်းအတွက် အားမာန်ပြည့်ဖြိုးသော အရွေ့စွမ်းအားသစ် သွင်းပေးနိုင်မည် ဖြစ်ကာ လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းသည် ကူမင်းမြို့၏ အရှေ့ပိုင်းဒေသရှိ စက်မှုလုပ်ငန်းများ လွှဲပြောင်းခြင်းကို လက်ခံခြင်းဒေသနှင့် ရှေ့ပြေးစံပြဒေသကို ထုလုပ်ရန်၊ နိုင်ငံခြားကုန်သွယ်မှုကို မြှင့်တင်ရန် ခိုင်မာသော တွန်းအားများ သွင်းပေးနိုင်မည် ဖြစ်ကြောင်း အစီရင်ခံစာတွင် အကြံပေးထားသည်။

သတင်းစာရှင်းလင်းပွဲတွင် ယူနန်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကိုလည်း ကျင်းပခဲ့၍ အစိုးရ၊ တက္ကသိုလ်နှင့် ကောလိပ်ကျောင်း၊ လုပ်ငန်းကုပ္မဏီများမှ ကျွမ်းကျင်ပညာရှင်များသည် တရုတ်-လာအို ရထားလမ်းဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးယဉ်ကျေးမှု၊ လက်တွေ့ကျသော အမှုပုံစံ စသည့် အကြောင်းအရာများကို ဗဟိုပြု၍ နက်ရှိုင်းစွာ စူးစမ်းလေ့လာပြီး ဆွေးနွေးဖလှယ်ခဲ့ကြသည်။ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတွင် တက်ကြွစွာ ပေါင်းစည်းပါဝင်သွားမည် ဖြစ်ပြီး တောင်ဘက်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစေမည် ဖြစ်ပြီး စက်မှုနှင့် ပညာရေး ရောနှောပေါင်းစပ်ခြင်းကို အားသွန်ခွန်စိုက် ရှေ့သို့တွန်းတင်မည် ဖြစ်ပြီး တရုတ်-လာအို ရထားလမ်းကို "ရွှေရောင်လမ်းမကြီး" ဖြစ်အောင် အစွမ်းကုန် တည်ဆောက်သွားမည် ဖြစ်၍ တရုတ်-လာအို ရထားလမ်း တည်ဆောက်မှုအတွက် တက်တက်ကြွကြွ ထောက်ပံ့ကူညီပေးမည် ဖြစ်ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူဖြာထွက်သည့် စင်တာ၏ တည်ဆောက်မှုအတွက် အရွေ့စွမ်းအားသစ် သွင်းပေးမည် ဖြစ်ကြောင်း အားလုံးက ပြောကြားခဲ့ကြသည်။

1588556_2048x2048

昆明信息港讯 记者栗飞 4月8日上午,《中老铁路发展报告》新闻发布会在自贸试验区昆明片区举行。据介绍,该报告成书于中老铁路开通两周年之际,是国内首部有关中老铁路研究的智库报告。

为加强对中老铁路综合开发利用的分析研究,对外经济贸易大学、昆明学院和昆明经开区(自贸试验区昆明片区)管委会积极探索“政产学研用”新模式,共同形成了《中老铁路发展报告2023》。该书聚焦中老铁路建设的背景、效应、风险、创新等方面,开展系统综合研究。

报告建议从贸易、旅游、文化、技术等多方面合作促进发展,包括优化对老挝贸易投资结构、加强人文交流合作、引入科技智能化赋能等措施,加以方式与制度创新,为中老铁路注入澎湃新动能,也将为自贸试验区昆明片区打造昆明东部产业转移核心承载区和先行示范区、推进对外贸易注入强劲动力。

发布会期间,还召开了兴滇教育合作座谈会,来自政府、高校、企业的专家,围绕中老铁路经贸合作、区域发展、社会文化、实践案例等内容进行了深入研讨交流。各方表示,将主动融入国家发展战略,持续深化南向合作,着力推进产教融合,全力打造中老铁路“黄金大通道”,积极为中老铁路建设提供支持,为面向南亚东南亚辐射中心建设注入发展新动能。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်