ဤနွေဦးရာသီတွင် တာ့လီပြည်နယ်ခွဲ ရှီကျူးမြို့နယ်သို့ လေနှင့်အတူ မြင့်ချည်နိမ့်ချည်ဖြစ်နေသည့် ဂျုံလှိုင်းကို လာရောက်ကြည့်ရှုပါ
2024-04-12 17:07|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန်ပြည်နယ် တာ့လီပြည်နယ်ခွဲသည် "လေ"နှင့် ဆက်စပ်မှု အများအပြားရှိသည့် နေရာတစ်ခု ဖြစ်ကာ တာ့လီပြည်နယ်ခွဲရှိ "လေ၊ ပန်း၊ ဆီးနှင်း၊ လ" ဟူသော ရှုခင်း ၄ မျိုးထဲတွင် ရှပ်ကွမ်း၏လေသည် ပထမနေရာတွင် ရှိနေသည် ဖြစ်သည်။ ဤနေရာ၌ ရှုခင်းရှုကွက်ရွေးပြီး ရိုက်ကူးသည့် တီဗွီဇာတ်လမ်းကိုလည်း "လေရှိသည့်နေရာသို့ သွားခြင်း" ဟု အမည်ပေးထားသည်။ ယခုလက်ရှိတွင် နွေဦးလေပြေ သာယာနွေးထွေးပြီး နေရောင်ခြည်များ ဖြာလျက်၊ အလည်အပတ် ခရီးထွက်ရန် အချိန်ကောင်း ဖြစ်သည်၊ "လေကို လိုက်လံရန်" တာ့လီပြည်နယ်ခွဲသို့ လာရောက်လျှင် ရှီကျူးမြို့နယ်ရှိ လေနှင့်အတူ မြင့်ချည်နိမ့်ချည်ဖြစ်နေသည့် ဂျုံပင်လှိုင်းကို လက်လွတ်မခံပါနှင့်။
ရှီကျူးမြို့နယ်သည် ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ တာ့လီမြို့၏ မြောက်ပိုင်းဒေသ၌ တည်ရှိ၍ တစ်မြို့လုံးထဲတွင် အခုပေါင်း ရာနှင့်ချီသည့် ထူးခြားချက်ရှိသော ပိုင်လူမျိုးနေအိမ် အဆောက်အအုံများ ရှိ၍ ရှေးဟောင်းဆန်ပြီး ရိုးရိုးသန့်သန့်ရှိပြီး ငြိမ်ငြိမ်ဆိမ်ဆိမ်ရှိ၍ ခရီးသည်များ၏ ကြိုက်နှစ်သက်မှု အများအပြား ရရှိလျက်ရှိသည်။ နွေဦးရာသီထဲမှ ရှီကျူးမြို့နယ်၌ အဖြူရောင်နံရံများနှင့် အနက်ရောင်ကြွေပြားများအပြင် လေနှင့်အတူ မြင့်ချည်နိမ့်ချည်ဖြစ်နေသည့် ဂျုံလှိုင်း အပါအဝင် ကျေးလက်ရှုခင်း တစ်ခုကိုလည်း တိုးဖြည့်ပေးနေသည်။ ဤမြို့နယ်ကလေး၏ ဘေးနားမှ အကွက်ကွက်ဆက်နေသည့် ဂျုံခင်းများထဲတွင် နွေဦးလေပြေ၊ နွေးထွေးသောနေရောင်ခြည်များနှင့် တလိမ့်လိမ့် တအိမ့်အိမ့်လှိမ့်နေသည့် ဂျုံလှိုင်းများသည် သာယာလှပပြီး လူများကို ပျော်ရွှင်စေ၍ ခရီးသည်များစွာကို လည်ပတ်ကြည့်ရှုရန်နှင့် ဓာတ်ပုံရိုက်ရန် ဆွဲဆောင်ထားကြသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို












