ဤနှစ် ဟယ်ခုတ်-လောင်ကိုင် ပထမအကြိမ် လုပ်ငန်းကုမ္ပဏီ ဖလှယ်ပွဲတွင် ချုပ်ဆိုခဲ့သည့် စာချုပ်တန်ဖိုးမှာ အယွမ် ၂၀၀ သန်းရှိ

2024-04-12 16:53|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ယခုတလော၊ တရုတ် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ ဟယ်ခုတ် ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ကောင်စီနှင့်၊ ဗီယက်နမ်နိုင်ငံ လောင်ကိုင်ပြည်နယ် စက်မှုနှင့် ကွန်သွယ်မှုဌာန၏ စက်မှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးစင်တာတို့အကြား ၂၀၂၄ ခုနှစ်တွင် ပထမအကြိမ် လုပ်ငန်းကုမ္ပဏီ ဖလှယ်ပွဲကို ဟယ်ခုတ်ခရိုင်၌ ကျင်းပခဲ့သည်။

ဖလှယ်ပွဲတွင် တရုတ်နှင့် ဗီယက်နမ် လုပ်ငန်းကုမ္ပဏီ အခုပေါင်း ၆၀ မှ ကိုယ်စားလှယ်များသည် လုပ်ငန်းအတိုင်းအတာ၊ ဖွံ့ဖြိုးတိုးတက်မှု အားသာချက်များ၊ ပူးပေါင်းဆောင်ရွက်ရေး ကြံဆချက်များ စသည့် အကြောင်းအရာများကို ဗဟိုပြု၍ ဆွေးနွေးဖလှယ်ခဲ့ကြပြီး မိန့်ခွန်းပြောကြား ခဲ့ကြသည်၊ တရုတ်နှင့် ဗီယက်နမ် လုပ်ငန်းကုမ္ပဏီ ၁၂ ခုသည် စာချုပ်ချုပ်ဆိုခဲ့ကြ၍ တန်ဖိုး အယွမ် ၂၀၀ သန်းအထိ ရှိရောက်သည်။ တရုတ်နှင့် ဗီယက်နမ် ကုမ္ပဏီများသည် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့် ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာများကို အဆိုပါနေရာ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ သဘောတူညီချက်အရ နှစ်နိုင်ငံမှ ကုမ္ပဏီများသည် သွင်းကုန်ပို့ကုန် ကုန်သွယ်မှု၊ တရုတ်ဆေးဖက်ဝင်ပစ္စည်း၊ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး စသည့် နယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရခဲ့သည်။


日前,中国国际贸易促进委员会河口瑶族自治县委员会与越南老街省工贸厅工业与贸易促进中心2024年第一次企业交流会在河口县举办。

交流会上,60家中越企业代表围绕企业规模、发展优势、合作意向等内容作了交流发言,12家中越企业签约,签约额达2亿元人民币。中越双方企业现场还签订了合作协议和合作备忘录。根据协议,双方企业将在进出口贸易、中药材、跨境物流等领域达成广泛合作。(云南日报 记者黄翘楚 通讯员宁若萱 陈然) 

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်