တုံးချွမ်း ရွှံ့မြေပြိုဆင်းမှု တောလမ်းဖြတ် ကားပြိုင်ပွဲကို ဧပြီလ ၂၉ ရက်နေ့တွင် စတင်ကျင်းပမည်
2024-04-11 17:23|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၁၈ ကြိမ်မြောက် တရုတ်နိုင်ငံ တုံးချွမ်းရပ်ကွက် ရွှံ့မြေပြိုဆင်းမှု နိုင်ငံတကာ တောလမ်းဖြတ် ကားပြိုင်ပွဲနှင့် ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ Rally တောလမ်းဖြတ် ကားမောင်း တံခွန်စိုက်ပြိုင်ပွဲမှ တုံးချွမ်းရပ်ကွက်ရှိ ပြိုင်ပွဲခွဲကို ဧပြီလ ၂၉ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ တုံးချွမ်းရပ်ကွက်၌ ကျင်းပမည်။
ဤအကြိမ် ပြိုင်ပွဲတွင် ထူးခြားချက် များစွာရှိသည်။ တောလမ်းဖြတ် ကားပြိုင်ပွဲကို တရုတ် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ် အားကစားအဖွဲ့ချုပ်မှ စစ်ဆေးအတည်ပြုထားပြီး ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ Rally တောလမ်းဖြတ် ကားမောင်း တံခွန်စိုက်ပြိုင်ပွဲမှ ပြိုင်ပွဲခွဲများထဲတွင် ထည့်သွင်းထားကာ ၄င်းသည် တရုတ်နိုင်ငံအတွင်း အဆင့် အမြင့်ဆုံးသော ပြိုင်ပွဲ ဖြစ်သည်။ ပြိုင်ပွဲကို လူသိရှင်ကြား နာမည်စာရင်းပေးသွင်းခြင်းနှင့် ဖိတ်ကြားစာပေးပို့ခြင်း ဟူသော နည်းလမ်းတို့ဖြင့် ကျင်းပမည် ဖြစ်၍ စုစုပေါင်း ကားအစီးရေ ၁၂၀ နီးပါး ပါဝင်မည် ဖြစ်သည်။ ပြိုင်ပွဲ၏ စုစုပေါင်းဆုငွေ အယွမ် ၈ သိန်းအထိ ရှိရောက်၍ ချန်ပီယံဆုငွေ အယွမ် ၁ သိန်းခန့် ရှိသည်။
ဤနှစ်ပြိုင်ပွဲ၏ စုစုပေါင်းခရီးတာသည် ကီလိုမီတာ ၇၀၀ နီးပါးရှိ၍ ယခင်ပြိုင်ပွဲများထဲတွင် ပြိုင်ပွဲလမ်းကြောင်း အရှည်ဆုံးသော ပြိုင်ပွဲတစ်ကြိမ် ဖြစ်သည်။ ပြိုင်ပွဲလမ်းကြောင်းသည် မြစ်သောင်ပြင်များ၊ စိုစွတ်မြေများ၊ ရေဝပ်မြေများ၊ သဲရှင်များနှင့် ဂိုဘီသဲကန္တာရများ အနှံ့အပြားရှိသည့် ကမ္ဘာ့ အတိုင်းအတာ အကြီးဆုံးသော ရွှံ့မြေပြိုဆင်းမှု နုံးမြေကို ဖြတ်သန်းသွားမည် ဖြစ်၍ ဆာဟာရသဲကန္တာရ ဖြတ်သန်းပြိုင်ပွဲ၊ Dakar Rally ပြိုင်ပွဲ၊ မလေးရှား အပူပိုင်းဒေသ သစ်တောဖြတ်သန်းပြိုင်ပွဲ စသည့် ပြိုင်ပွဲများ၏ ပြိုင်ပွဲလမ်းကြောင်း၏ ထူးခြားချက်များကို စုစည်းမည် ဖြစ်သည်။ ထို့ပြင်၊ ပြိုင်ပွဲကျင်းပရာတွင် လူထုဇာတ်ခုံကြီး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေး မိတ်ဆက်ဆွေးနွေးပွဲနှင့် လယ်ထွက်အထူးကုန်ပစ္စည်းများပြပွဲ စသည့် လှုပ်ရှားမှု ၁၅ ခုကိုလည်း ကျင်းပရမည် ဖြစ်၍ အနှစ်သာရနှင့် ပြည့်စုံလှသည်။
昆明信息港讯(昆明日报 记者张星宇)第十八届中国东川泥石流国际汽车越野赛暨2024中国汽车越野拉力锦标赛东川分站赛将于4月29日至5月5日在东川区举行。
此次赛事亮点纷呈。越野赛经中国汽车摩托车运动联合会审批,列入2024中国汽车越野拉力锦标赛分站赛,是全国最高级别的赛事。赛事采取公开报名和发出邀请函的方式进行,参赛车辆总规模近120辆。赛事总奖金达80万元,冠军奖金10万元。
今年赛事总里程近700公里,为历届赛事竞赛赛道里程数最多的一届。赛道穿越河滩、湿地、涝塘、流沙、戈壁遍布的世界最具规模的泥石流冲积区,集中了撒哈拉沙漠穿越赛、达喀尔拉力赛、马来西亚热带丛林穿越赛等赛道特点。此外,赛事配套活动还包括群众大舞台、文旅招商专场推介会、农特产展等15项,可谓精彩不断。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ