ယူနန်-ကွေ့ကျူး ကုန်းပြင်မြင့်ပေါ်ရှိ လည်ပင်းနက်ကြိုးကြာငှက်များသည် မြောက်ဘက်သို့ ရှေ့စဉ်နောက်ဆက် စတင်ရွှေ့ပြောင်းနေကြ
2024-04-11 17:14|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ရာသီဥတု ပူးနွေးလာနေသည်နှင့်အမျှ ဤရက်များအတွင်း ဤထိန်းသိမ်းရေးနယ်မြေရှိ ဆောင်းခိုလည်ပင်းနက်ကြိုးကြာငှက်များသည် မြောက်ဘက်သို့ ရှေ့စဉ်နောက်ဆက် ရွှေ့ပြောင်းနေကြ၍ ယူနန်-ကွေ့ကျူး ကုန်းပြင်မြင့်ပေါ်မှ နေရာအများအပြားရှိ ဆောင်းခိုလည်ပင်းနက်ကြိုးကြာငှက် အချို့သည်လည်း ဤထိန်းသိမ်းရေးနယ်မြေမှ ကူးပြောင်းပြီးနောက် မြောက်ဘက်သို့ ရှေ့စဉ်နောက်ဆက် ရွှေ့ပြောင်းနေကြသည်ဟု ယူနန်ပြည်နယ် တာ့ဆန်းပေါင်း လည်ပင်းနက်ကြိုးကြာငှက်များ အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေ၏ နောက်ဆုံးပေါ် စောင့်ကြည့်လေ့လာတွေ့ရှိချက်အရ သိရှိရခဲ့သည်။
လည်ပင်းနက်ကြိုးကြာငှက်သည် "ငှက်မျိုးထဲမှ ပန်ဒါဝက်ဝံကြီး" ဟုခေါ်၍ တရုတ်နိုင်ငံ အမျိုးသားအဆင့် ပထမအဆင့် အလေးပေး ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် ဖြစ်သည်။ ယူနန်ပြည်နယ် ကျောက်ထုံးမြို့ ကျောက်ယန်ခရိုင်တွင် တည်ရှိသည့် တာ့ဆန်းပေါင်း လည်ပင်းနက်ကြိုးကြာငှက်များ အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေသည် တရုတ်နိုင်ငံရှိ ယူနစ်ဧရိယာတစ်ခုလျှင် လည်ပင်းနက်ကရိန်းအရေအတွက် အများဆုံးရှိသည့် အကာအကွယ်နယ်မြေများထဲမှ တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဧရိယာများထဲတွင် လည်ပင်းနက်ကြိုးကြာငှက် အကောင်ရေ အများဆုံး ကျက်စားရာနေရာ ဖြစ်သည်။ ယင်းဧရိယာ တည်ဆောက်ပြီးနောက် ၎င်းသည် ယူနန်-ကွေ့ကျူးကုန်းပြင်မြင့်ရှိ လည်ပင်းနက်ကြိုးကြာငှက်များအတွက် အရေးကြီးဆုံးသော ဆောင်းခိုရာနှင့် ရွှေ့ပြောင်းနေထိုင်ရာ တဖြည်းဖြည်း ဖြစ်လာခဲ့သည်။
ဤထိန်းသိမ်းရေးနယ်မြေရှိ ဆောင်းခိုလည်ပင်းနက်ကြိုးကြာငှက်များ၏ အရေအကွက်သည် တဖြည်းဖြည်း လျော့နည်းသွားနေကြ၍ မတ်လ ပထမဆယ်ရက်ပိုင်းတွင် အကောင် ၂၀၀၀ ကျော်မှ မတ်လ ၂၃ ရက်နေ့ ၉ နာရီတွင် ၁၁၇၃ ကောင်သို့ ကျဆင်းသွားခဲ့ပြီ ဖြစ်ကြောင်း စောင့်ကြည့်လေ့လာတွေ့ရှိချက်အရ သိရှိရခဲ့သည်ဟု ယူနန်ပြည်နယ် တာ့ဆန်းပေါင်း လည်ပင်းနက်ကြိုးကြာငှက်များ အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရိုမှ ဝါဒဖြန့်ညာပေးရေးဌာနစုမှ ဝန်ထမ်း ဇေ့ယွန်ကျန့်က မိတ်ဆက်ပေးခဲ့သည်။
ယူနန်ပြည်နယ် ဝှေ့ဇယ်ခရိုင်၊ ချောင်ကျားခရိုင်၊ ရုံစန့်ခရိုင်နှင့် ကွေ့ကျူးပြည်နယ် ဝေးနင်ခရိုင် စသည့်နေရာများမှလာသည့် ဆောင်းခို လည်ပင်းနက်ကြိုးကြာငှက် အချို့သည် တာ့ဆန်းပေါင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေသို့ စုဝေးပြောင်းကူးရန် တဖြည်းဖည်း ပျံသန်းသွားနေကြ၍ ဤနေရာ၌ ကိုယ်အားဖြည့်တင်းပြီးနောက် မြောက်ဘက်သို့ ဆက်လက်ရွှေ့ပြောင်းနေကြသည် ဖြစ်ကြောင်း စောင့်ကြည့်လေ့လာတွေ့ရှိချက်အရလည်း သိရှိရခဲ့သည်။
云南大山包黑颈鹤国家级自然保护区最新监测发现,随着天气转暖,连日来该保护区的越冬黑颈鹤陆续北迁,云贵高原多地的部分越冬黑颈鹤也从该保护区中转后陆续北迁。
黑颈鹤被称为“鸟类大熊猫”,是国家一级重点保护野生动物。位于云南省昭通市昭阳区的大山包黑颈鹤国家级自然保护区,是我国黑颈鹤单位面积数量分布最多的保护区之一。自建立保护区以来,这里逐渐成为黑颈鹤在云贵高原上最重要的越冬栖息地和迁徙中转站。
云南大山包黑颈鹤国家级自然保护区管护局宣教科工作人员郑远见介绍,监测发现,该保护区的越冬黑颈鹤数量正逐步减少,从3月上旬的2000多只降至3月23日9时的1173只。
监测还发现,来自云南会泽、巧家、永善以及贵州威宁等地的部分越冬黑颈鹤,正逐步飞往大山包保护区集结中转,在此补充体力后继续北迁。(记者林碧锋)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ