ရှန်ဂရီလာမြို့တွင် ဆီးနှင်းတောင်ခြေရှိ သာယာချမ်းမြေ့သော မက်မွန်ပန်းရွာ
2024-04-11 16:16|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုလောက တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရှန်ဂရီလာမြို့ နီရှီမြို့နယ် ထန်မန်ရွာ ထန်တွေရွာသူရွာသားအုပ်စုတွင် ရွာသူရွာသားများ၏ အိမ်ရှေ့အိမ်နောက်နှင့် လယ်ခင်းများစသည့် နေရာတိုင်းတွင် ရပ်ပုံအခြေအထား ငွားငွားစွင့်စွင့် ကြွားကြွားဝင့်ဝင့် ဖြစ်ပြီး မြင့်မားတုတ်ခိုင်သော ရှေးဟောင်း မက်မွန်ပင်ကြီးများကို တွေ့မြင်နိုင်ပြီး အပင်ပေါ်တွင် မက်မွန်ပန်းများ ဝေဝေဆာဆာ ပွင့်ဖူးနေ၍ အလွန်လှပသည် ဖြစ်ကာ တစ်ရွာလုံးသည် လက်တွေ့နိုင်သည့် မက်မွန်ပန်းရိပ်မြုံ ဖြစ်လာနေသည်။
မင်လယ်ရေမျက်နှာပြင်ထက် မြင့်မားပြီး အပူချိန်နိမ့်၍ နေရာအများအပြားရှိ မက်မွန်ပန်းများ ကြွေကျကုန်နေပြီ ဖြစ်သော်လည်း တောင်တန်းများဖြင့် ဝိုင်းပတ်ထားပြီး ဆီးနှင်းတောင်ခြေတွင် တည်ရှိသည့် ထန်တွေရွာတွင်ကမူ မက်မွန်ပန်းများ ဝေဝေဆာဆာ ပွင့်ဖူးနေသည် ဖြစ်သောကြောင့် ဤရွာကို မက်မွန်ပန်းရွာဟု ခေါ်သည်။
ယခုနှစ်များတွင် နီရှီမြို့နယ်သည် မက်မွန်ပန်း၊ အနက်ရောင်မြေထည်နှင့် နီရှီကြက်ကောင်စသည့် အရင်းအမြစ်များအား အားကိုးထား၍ ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကာ အရပ်သားနေအိမ်၊ ထမင်းဆိုင်နှင့် အနက်ရောင်မြေထည် လက်တွေ့ထုလုပ်ခန်း စသည်များကို ဖွင့်လှစ်သည့် လယ်သမား ပိုမိုများပြားလာနေသည်။ ပန်းပင်လယ်တစ်ကွက်ကွက်ထဲတွင် ရွာသူရွာသားများ၏ ဘဝသည် ပိုမို ကြွယ်ဝချမ်းသာလာနေကြသည်။
နီရှီမြို့နယ်၌ ထွန်းလင်းတောက်ပပြီး လူသားများဆွဲဆောင်နိုင်သည့် အရာများထဲတွင် မက်မွန်ပန်းများ ဖြစ်သည့်အပြင် ဤနွေဦးပန်းအလှရှုခင်းများထဲမှ သာယာချမ်းမြေ့သော ဘဝကို ပို၍ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


