ရှန်ဂရီလာ၏ ပထမအသုတ် "ကားလမ်းမှ ရထားလမ်းသို့ ပြောင်းလဲပို့ဆောင်ရေး" ကုန်တင်ရထားသည် စတင်ပြေးဆွဲခဲ့
2024-04-09 16:33|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဧပြီလ ၄ ရက်နေ့တွင် ကွန်တိန်နာ အလုံး ၂၀၊ ဗဟန်းကျောက် တန်ချိန် ၆၄၀ တင်ဆောင်ထားသော ကုန်တင်ရထား တစ်စင်းသည် လစ်ကျန်း-ရှန်ဂရီလာ ရထားလမ်းရှိ ရှောင်ကျွန်းတျန့်ဘူတာရုံမှ ဖြည်းညင်းစွာ ထွက်ခွာ၍ ၁၇ နာရီကြာ ခုတ်မောင်းပြီးနောက် ကူမင်းမြို့ အန်းနင်မြို့သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းသည်။ ၎င်းမှာ ရှန်ဂရီလာဒေသတွင် ပထမအသုတ် "ကားလမ်းမှ ရထားလမ်းသို့ ပြောင်းလဲပို့ဆောင်ရေး" ကုန်တင်ရထားသည် အောင်မြင်စွာ စတင်ပြေးဆွဲခြင်းကို လက္ခဏာဆောင်ထားသည်။
ဗဟန်းကျောက်များ တင်ဆောင်ထားသော ဤရထားသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လစ်ကျန်း-ရှန်ဂရီလာ ရထားလမ်း ဖွင့်လှစ်ခဲ့ပြီးနောက် ရှန်ဂရီလာဒေသမှ ပို့ဆောင်သည့် ပထမအသုတ် ကုန်ပစ္စည်းများ ဖြစ်သည်။ ယခင်က အစိုးရ၊ ကုမ္ပဏီနှင့် ရထားလမ်း သုံးဘက်တို့၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ယူနန် အနောက်မြောက်ပိုင်းဒေသရှိ ဗဟန်းကျောက်ကို အဝေးပြေးလမ်းမကြီးဖြင့် သယ်ဆောင်ခြင်းမှ ရထားလမ်းဖြင့် အတိုင်းအတာလိုက် သယ်ဆောင်ခြင်းသို့ ပြောင်းလဲရန် အကောင်အထည်ဖော်ခဲ့၍ ပထမအသုတ် "ကားလမ်းမှ ရထားလမ်းသို့ ပြောင်းလဲပို့ဆောင်ရေး" ကုန်တင်ရထား၏ စတင်ပြေးဆွဲခြင်းအလုပ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။
ယခုအကြိမ် ပို့ဆောင်သည့် ဗဟန်းကျောက်အပြင် အနာဂတ်တွင် Tricholoma matsutake (lto et lmai) Singer၊ စမြိတ်ပင်၊ သစ်မွှေးစသည့် လယ်ယာထွက်ကုန်ပစ္စည်းများသည်လည်း "ရထားအမြန်လိုင်း"ဖြင့် တောင်တန်းဒေသမှ ထွက်ခွာပြီး ကမ္ဘာသို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်
- ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်
- "ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"နှင့်အတူ ဆောင်းရာသီတွင် နွေဦးမြို့တော်ကို လည်ပတ်ကြည့်ရှုမည်
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ဝင်ပြည်ထွက်လူဦးရေက ယူနန့်ဖွင့်လှစ်သောဆိပ်ကမ်း၏ ပထမနေရာတွင် သုံးနှစ်ဆက်ရပ်တည်
- ယူနန်ထောပတ်သီးများကို မလေးရှားနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- ယခုနှစ် ပထမ ၁၁ လအတွင်း ယူနန့် လတ်ဆတ်သောဖြတ်ပန်းပွင့် တင်ပို့မှုအတန်ဖိုးသည် တရုတ်ပထမနေရာတွင် ရပ်တည်ခဲ့
- ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ ချန်နင်ခရိုင်ရှိ သစ်ကြားသီးများအား ဥဇဘက်ကစ္စတန်နိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့






