ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန်သည် "ကူမင်း+မိုဟန်" ဟူသော ဖွံ့ဖြိုးရေးစနစ်သစ်ကို ထူထောင်
2024-03-31 15:58|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုနှစ်တွင် ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း)သည် ကုန်သည်များခေါ်ယူခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုသွင်းယူခြင်းတို့ကို ဆောင်ရွက်ရာတွင် "စက်မှုလုပ်ငန်းလွှဲပြောင်းခြင်းနှင့် ဆက်ထားခြင်း"၊ "ဇုန်ကြီး ၄ ခု ပူးတွဲတိုးတက်လာစေခြင်း" ဟူသော အလုပ်နှစ်ခုကို အဓိက လုပ်ဆောင်ရမည် ဖြစ်သည်။ ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန်သည် နယ်ပယ်ခွဲခြားသတ်မှတ်ခြင်း ကန့်သတ်ချက်များကို ချိုးဖျက်ပစ်၍ "ကူမင်း၌ ကုန်စည်စုဆောင်းခြင်း၊ မိုဟန်၌ ခွဲရောင်းခြင်း"နှင့် "မိုဟန်၌ သွင်းယူခြင်း၊ ကူမင်း၌ ဖြန့်ဖြူးခြင်း" ဖြစ်သည့် လုပ်ငန်းတာဝန်ခွဲဝေရေးစနစ်ကို ထူထောင်၍ အပြန်အလှန် အကျိုးအမြတ် ရရှိစေနိုင်သည့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ်ကို အကောင်အထည်ဖော်ရမည် ဖြစ်သည်ဟု ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန် ကုန်သည်ခေါ်ယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနနှင့် ကုန်သည်ခေါ်ယူခြင်း သုတေသနရုံးမှ တာဝန်ခံဖြစ်သူ ဇောက်ဝေနန်မှာ မိတ်ဆက်ပေးခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း)သည် စက်မှုလုပ်ငန်းဦးတည်ချက်နှင့် စက်မှုလုပ်ငန်းမူဝါဒများကို ဗဟိုပြု၍ စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန်၏ စက်မှုလုပ်ငန်းစုဆောင်းခြင်း အားသာချက်၊ လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်၏ စနစ်ဆန်းသစ်တီထွင်မှု အားသာချက်၊ အထွေထွေ အခွန်ကင်းလွတ်ခွင့်ဇုန်၏ အကောက်ခွန် သက်သာလွယ်ကူခြင်း အားသာချက်နှင့် မိုဟန်-မိုတင် ပူးပေါင်းဆောင်ရွက်မှုဇုန်၏ ဆိပ်ကမ်းအားသာချက်တို့ကို ရောနှောပေါင်းစပ်စေရန် တွန်းအားပေးခဲ့ကာ ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန်နှင့် မိုဟန်တို့ကြားမှ ကုန်သည်များ ပူးတွဲခေါ်ယူခြင်းစနစ်ကို ထူထောင်ခဲ့သည်။ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း) သည် မိုဟန်-မိုတင် ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့်အတူ ကုန်သည်များ ပူးတွဲခေါ်ယူခြင်းနှင့် လုပ်ငန်းကုမ္ပဏီများအကြား အရင်းအမြစ်များ အပြန်အလှန် မျှဝေခြင်းတို့ကို အကြိမ်ပေါင်း ၃၀ ကျော် လုပ်ဆောင်ခဲ့၍ အရေးပါသော စီမံကိန်း ၁၀ ခုကျော်ကို မိုဟန်သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကွင်းဆင်းလေ့လာမှု ပြုလုပ်စေရန် ထောက်ခံအကြံပေးခဲ့ကာ ဘာရာ ပေးအပ်လက်ခံခြင်းစင်တာ စသည့် စီမံကိန်းများကို မိုဟန်၌ ဖွင့်လှစ်စေရန် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။
ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း) ၏ ၂၀၂၄ ခုနှစ် စီးပွားရေးလုပ်ငန်းများ အစည်းအဝေးတွင် စက်မှုလုပ်ငန်းလွှဲပြောင်းခြင်းနှင့် ဆက်ထားခြင်းကို ဗဟိုပြု၍ ဒေသတွင်း ပူးတွဲတိုးတက်ရေးကို ဖွံ့ဖြိုးတိုးတက်စေ၍ ကုန်သည်များခေါ်ယူခြင်းအလုပ်၏ အကျိုးသက်ရောက်မှုကို မြှင့်တင်စေကာ အစိုးရ၏ အရင်းအမြစ်များနှင့် စျေးကွက်အင်အားတို့ကို ရောနှောပေါင်းစပ်ပြီး ကုန်သည်များခေါ်ယူခြင်းကို တစ်ပေါင်းတစ်စည်းတည်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ရှေ့ဆောင်စက်မှုလုပ်ငန်းများနှင့် အရေးပါသောနယ်ပယ်များကို အလင်းစုံပေး၍ ကုန်သည်များခေါ်ယူခြင်းကို တိကျစွာ ဆောင်ရွက်ကာ ရှန်ဟိုင်း လင်ကန်ကုမ္ပဏီအုပ်စု၊ မိုဟန်-မိုတင် ပူးပေါင်းဆောင်ရွက်မှုဇုန်တို့နှင့် ကုန်သည်များခေါ်ယူခြင်းကို တွဲဖက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း" တင်ပြခဲ့သည်။
昆明信息港讯(昆明日报 记者吴洁)今年,昆明经开区(自贸试验区昆明片区)招商引资将重点打好“产业承接”“四区联动”两张牌。昆明经开区招商合作局、招商研究室主管赵玮楠介绍,将探索推动“飞地合作”,进一步打破区划限制,构建“昆明集货+磨憨分销”“磨憨进口+昆明集散”分工体系,实现互利共赢的区域经济发展新模式。
2023年,昆明经开区(自贸试验区昆明片区)围绕产业方向和产业政策等,推动经开区产业聚集优势、自贸试验区制度创新优势、综保区关税便利优势、磨憨—磨丁合作区口岸优势融合互补,建立经开—磨憨联动招商机制。全年,昆明经开区(自贸试验区昆明片区)与磨憨—磨丁合作区开展联动招商和企业资源共享30余次,推荐10余个重点项目先后赴磨憨投资考察,共同促进橡胶交收中心等项目落地磨憨。
昆明经开区(自贸试验区昆明片区)2024年经济工作会议提出:要围绕承接抓联动,提高招商质效,将融合政府资源、市场力量抓一体化招商,聚焦主导产业、重点区域抓精准招商,联动上海临港集团、磨憨—磨丁合作区抓协同招商。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ