ယူနန်ပြည်နယ် ချမ်နင်ခရိုင်၌ နွေဦးဟင်းသီးဟင်းရွက်များကို စားသည့် အချိန်ကာလ ရောက်နေပြီ
2024-03-31 16:20|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နွေဦးရှုခင်းများ ကြည်လင်သာယာနေပြီး လက်ပံပန်းများသည် ပွင့်ဖူးနေကြသည်။ ယူနန်ပြည်နယ် ချမ်နင်ခရိုင်ရှိ လူများအတွက် နွေဦးဟင်းသီးဟင်းရွက်များကို တစ်နှစ်တစ်ကြိမ် စားသည့် အချိန်ကာလ ရောက်နေပြီ ဖြစ်သည်။
ချမ်နင်ခရိုင် ခါစီမြို့နယ် ယိလင်ရပ်ကွက်ရှိ ရွာသူ နန်စွေ့ဖုန်းသည် ညီအစ်မများနှင့် ချိန်းဆိုထားပြီး ကောက်ယူရသည့် လတ်ဆတ်သော လက်ပံပွင့်များဖြင့် မတူသော အရသာရှိသည့် အစားအစာများ ဖြစ်အောင် ချက်နေကြသည်။ ပန်းဝတ်နှင့် ဝက်သားခြောက်ကြော်၊ တရုတ်ကြက်သွန်မြိတ်နှင့် လက်ပံပွင့်လက်သုပ်၊ လက်ပံပွင့်ဖြင့် ချက်သည့် တိုင်လူမျိုး၏ အရသာကဲ့သို့သော ချဉ်ဟင်း စသည်တို့စလုံးသည် ဒေသခံများ၏ ကြိုက်နှစ်သက်သည့် အစားအစာများ ဖြစ်သည်။
လက်ပံပန်းများသည် ချမ်နင်သူများ နွေဦးဟင်းသီးဟင်းရွက်များကို စားသည့် အစသာဖြစ်၍ ငွေဗျိုင်းဖြူသစ်ခွများ၊ ကျောက်ခက်ပင်များ၊ Crateva unilocularis Buch.-Ham.များ၊ ရွက်မွှေးသစ်ကတိုးများ စသည်တို့အားလုံးသည် ချမ်နင်သူများ၏ ပါးစပ်ထဲသို့ စားနေကြလိမ့်မည် ဖြစ်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့








