ပုစွန်ကလေးနှင့် ပုံသဏ္ဍာန်ချင်းတူသည့် သစ်ခွပန်းမျိုးကို တွေ့ဖူးသလော၊ ယူနန်ပြည်နယ်မှ ဤနေရာတွင်ရှိ
2024-03-31 15:13|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယခုတလော၊ ယူနန်ပြည်နယ် ပေါင်စန်းမြို့ လုံလျင်ခရိုင်ရှိ ရှောင်ဟင်းစန်းတောင် ပြည်နယ်အဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေတွင် အမှုဝန်ထမ်းသည် ပုစွန်ကလေးနှင့် ပုံသဏ္ဍာန်ချင်းတူသည့် သစ်ခွပန်း တစ်မျိုးကို ရိုက်ရခဲ့သည် ဖြစ်၍ တရုတ် သိပ္ပံနှင့်နည်းပညာ အကယ်ဒမီ စစ်ဆောင်ပန်းနား အပူပိုင်းဒေသ ရုက္ခဗေဒဥယျာဉ်မှ သုတေသီ ထန်ယုဟုံ၏ အကဲဖြတ်ခြင်းအားဖြင့် ၄င်းကို Calanthe plantaginea Lindl. အဖြစ် သတ်မှတ်ထားသည် ဖြစ်သည်။
Calanthe plantaginea Lindl. ၏ ပန်းပွင့်သည် ခပ်ဖျော့ဖျော့ခရမ်းရောင် သို့မဟုတ် အဖြူရောင် ဖြစ်၍ ပုစွန်နှင့် ကျောက်စိမ်းတို့ကဲ့သို့ ကြည်လင်ဝင်းပ၍ အေးအေးညှင်းညှင်း လန်းလန်းဆန်းဆန်းဖြစ်ပြီး ရိုးသားပြီး ယဉ်ကျေးဖွယ်ကောင်း၍ မွှေးရနံ့ပေါ့ နည်းနည်း ရှိကာ ၄င်းသည် "သစ်ခွပန်းများထဲမှ အလှဧကရီဆီဇိ" ဟူသော ချီးကျူးမှုရှိပြီး ပိုမိုမြင့်မားသော ရှုစားတန်ဖိုးနှင့် အကာအကွယ်တန်ဖိုးများ ရှိသည်။
အလွန်တင်းကျပ်သော ရာသီဥတုဆိုင်ရာ လိုအပ်ချက်များ ရှိသောကြောင့် Calanthe plantaginea Lindl. များသည် ယူနန်ပြည်နယ် လုံလျင်ခရိုင်ရှိ နေရောင်ခြည် လုံလောက်သော၊ ရေနုတ်ရန် ကောင်းမွန်သော အမြဲစိမ်းရွက်ပြန့်တောများ အောက်တွင်၊ သို့မဟုတ် သစ်တောအောက်ရှိ စိုစွတ်သော လျှိုမြောင်ထဲ၊ ချောင်းရေဘေး စသည့်နေရာများ၌ အဓိကအားဖြင့် ကြီးပြင်းလျက်ရှိသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်






