တရုတ်-လာအို ရထားလမ်းတွင် နိုင်ငံတကာ ခရီးသည်တင်ရထား ဆိုက်ကပ်ရန် ဘူတာရုံ ၂ ခု ထပ်တိုး
2024-03-15 15:17|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ကုန်သွယ်စီးပွားသွားလာမှုနှင့် လူမှုယဉ်ကျေးမှု ဖလှယ်မှုကို စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ နယ်စပ်ဖြတ်ကျော် ခရီးသည်များ၏ သွားလာမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မတ်လ ၁၀ ရက်နေ့မှစ၍ ကူမင်းတောင်ပိုင်းဘူတာရုံမှ ဗီယင်ကျန်းမြို့အထိ သွားရောက်သည့် အမှတ် D၈၇/ D၈၈ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထား ဆိုက်ကပ်သည့် ဘူတာရုံ ၂ ခု ထပ်တိုးလာပြီး ယခုအချိန်အထိ ရထားလမ်း တစ်လျှောက်လုံးတွင် ဆိုက်ကပ်သည့် ဘူတာရုံမှာ ၁၀ ခု အထိ ရှိရောက်ပြီ။
ယခုတစ်ကြိမ် အသစ်ထပ်တိုးသည့် ဆိုက်ကပ်ဘူတာရုံမှာ တရုတ်ပြည်တွင်းမှ ယုရှီးဘူတာရုံနှင့် လာအိုနိုင်ငံမှ မွန်ဆိုက်ဘူတာရုံတို့ ဖြစ်သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယုရှီးမြို့နှင့် လာအိုနိုင်ငံ အူတိုမူဆိုက်ပြည်နယ် မွန်ဆိုက်ခရိုင်တို့မှ ခရီးသည်များသည် ယုရှီးဘူတာရုံနှင့် မွန်ဆိုက်ဘူတာရုံတို့မှ တရုတ်-လာအို ရထားလမ်းတွင် နိုင်ငံတကာ ခရီးသည်တင်ရထားအပေါ်သို့ ခွဲခြားပြီး တက်၍ နယ်စပ်ဖြတ်ကျော် ခရီးစဉ်ကို စတင်ဆောင်ရွက်နိုင်ကြသည်။
တရုတ်-လာအိုရထားလမ်းတွင် နိုင်ငံတကာ ခရီးသည်တင်ရထား စတင်ပြေးဆွဲချိန် ကတည်းက ၄င်း၏ ဈေးနှုန်းသင့်လျော်သော၊ အလွယ်တကူ အလျင်အမြန် ရောက်ရှိနိုင်သော၊ နေသာထိုင်သာဖြစ်သော ခရီးထွက်နည်းလမ်းဖြင့် တရုတ်ပြည်တွင်းပြည်ပ ခရီးသည်များအတွက် တရုတ်နှင့် လာအိုနိုင်ငံသို့ ခရီးသွားရန်၊ စီးပွားကုန်သွယ်ရေး ပြုလုပ်ရန်နှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရန် ဦးစားပေးရွေးချယ်မှု ဖြစ်လာသည်။ လက်ရှိအချိန်အထိ တရုတ်-လာအို ရထားလမ်းတွင် နိုင်ငံတကာ ခရီးသည်တင်ရထားသည် နိုင်ငံနှင့် ဒေသပေါင်း ၈၀ ကျော်မှ နယ်စပ်ဖြတ် ခရီးသွားသည့် ခရီးသည် အယောက်ပေါင်း ၁၄.၆ သောင်းကို ပို့ဆောင်ပြီ ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်










