ယူနန်ပြည်နယ် လုံချွမ်းခရိုင်တွင် ဆီထွက်မုန်ညင်းစိမ်းပန်း ပွင့်ဖူးနေ၍ ကျေးရွာကို အလှဆင်ထားပြီး တောင်သူလယ်သမားများ ဝင်ငွေတိုးအောင် ကူညီပေး
2024-03-12 15:29|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ရိုးရာသော စိုက်ပျိုးရေးမြို့နယ် အဖြစ် ယူနန်ပြည်နယ် တက်ဟုန်း တိုင်းလူမျိုး ဂျိန်ဖော့လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လုံချွမ်းခရိုင် ဟုဆာ အာချန်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ်၌ ရွာသူရွာသားများသည် ဆီထွက်မုန်ညင်းစိမ်းများ စိုက်ပျိုးသည့် အလေ့အထ အမြဲရှိကြ၍ လယ်ယာအလုပ်ပါးသော ကာလရောက်တိုင်း ရွာသူရွာသားများသည် ဆီထွက်မုန်ညင်းစိမ်းများ စိုက်ပျိုးလျက်ရှိကြ၍ နွေဦးသစ်စတွင် ဆီထွက်မုန်ညင်းစိမ်းပန်းများ ပွင့်ဖူးပြီး ဒေသခံရှိ လှပသော ရှုခင်းတစ်ကွယ် ဖြစ်လာလျက်ရှိသည်။ တောတောင်အနှံ့တွင် ပွင်းဖူးနေကြသည့် ဆီထွက်မုန်ညင်းစိမ်းပန်းများသည် ရွာကို လှပအောင် အလှဆင်ထား ရုံသာမက ပန်းရှုစားရန်နှင့် လည်ပတ်ရန် များပြားသော ခရီးသည်များကိုလည်း ဆွဲဆောင်လာကာ ဒေသခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အခွင့်အလမ်းသစ်ကို ပေးပြီး ရွာသူရွာသားများအတွက် ဝင်ငွေတိုးပွားစေမည့် လမ်းကို ဖွင့်ပေးလျက်ရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့












