လောင်ယိုဟယ်ဥယျာဉ်ရှိ ကျူးလစ်ပန်း အပင် တစ်သန်းသည် တဖြည်းဖြည်း ပွင့်ဖူးလာ
2024-02-29 18:09|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) လောင်ယိုဟယ်ဥယျာဉ် ၉ ကြိမ်မြောက် ကျူးလစ်ပန်းပြပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူလူထုသို့ ဖွင့်လှစ်ခဲ့ပြီ ဖြစ်၍ ကျူးလစ်ပန်း အမျိုး ၂၂ မျိုး၊ အပင် တစ်သန်းနီးပါးသည် တဖြည်းဖြည်း ပွင့်ဖူးလာ၍ ခရီးသည်နှင့် မြို့သူမြို့သား အများအပြားကို လာရောက်ရှုစားရန် ဆွဲဆောင်နေကာ ဤအကြိမ်ပန်းပြပွဲကို မတ်လဆန်းအထိ ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။
ဤအကြိမ်ပန်းပြပွဲ၏ အကျယ်အဝန်းသည် ၁၅ မိုခန့် ရှိ၍ နယ်သာလန်နိုင်ငံမှ သွင်းယူလာသည့် အရည်အသွေးမြင့်မားသော မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးပြီး ပန်းပွင့်ချိန်သည် အစောပိုင်း၊ အလယ်ပိုင်းနှင့် နှောင်းပိုင်း အမျိုးပေါင်း ၃ မျိုးကို ပါဝင်ပြီး အနီရောင်၊ ပန်းရောင်၊ အဝါရောင်၊ အဖြူရောင် စသည့် အမြဲတွေ့ရသည့် အရောင်ဖြစ်သည့် ပန်းများနှင့် အရောင်နှစ်မျိုးရှိသည့် ပန်းများကို ရှိ၍ ၄င်းတို့အနက် ပွင့်ဖတ်တစ်ခုသာရှိသောပန်း၊ ပွင့်ဖတ်များရှိသောပန်း၊ လွှစွယ်အနားကွပ်ရှိသော ရိုးရာအမျိုးနှင့် အမျိုးသစ်များကိုလည်း များစွာရှိသည်။
ဤအကြိမ်ပန်းပြပွဲတွင် အပင်များကို အနိမ့်အမြင့် စနစ်တကျစေရန်၊ ပန်းပွင့်ချိန်ကို တစ်လှည့်စီပြောင်းလွှဲခြင်း စနစ်တကျစေရန် ခိုင်မာစွာ အာမခံပေး သည့်အတွက်၊ အလုံးစုံသောပန်း၏ ကြည့်ရှုချိန်ကို ပိုမိုကြာရှည်စေ သည့်အတွက် ကျူးလစ်မျိုးကွဲများ၏ အပွင့်အရောင်၊ ပန်းပွင့်ချိန်၊ အပင်အမြင့် စသည့် ဝိသေသလက္ခဏာများအလိုက် တရားနည်းလမ်းကျစွာ ဖက်စပ်စိုက်ပျိုးခဲ့သည် ဖြစ်ကြောင်း၊ ထို့ပြင်၊ ခရီးသည်များ၏ လည်ပတ်ကြည့်ရှုမှု အတွေ့အကြုံများကို ကြွယ်ဝစေ သည့်အတွက် ကျူးလစ်ပန်းပြပွဲဘေးမှ ဖန်လုံအိမ် ပေါ်ပြူလာသိပ္ပံ ခြံမြေထဲတွင် ပိုးမွှားကောင်များပြပွဲနှင့် စိန်ယိုဟွာ ပန်းချီပြတိုက်မှ စာပေအနုပညာပြပွဲကိုလည်း ကျင်းပခဲ့သည် ဖြစ်ကြောင်း လောင်ယိုဟယ်ဥယျာဉ်မှ တာဝန်ရှိသူက မိတ်ဆက်ပေးခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


