ယူနန်ပြည်နယ် လော်ဖျင်ခရိုင်တွင် ဆီထွက်မုန်ညင်းစိမ်းပန်းများသည် ပွင့်ဖူး၍ ခရီးသည်များကို ဆွဲဆောင်လာ
2024-02-28 18:00|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) အခုတလော ယူနန်ပြည်နယ် ချူကျင့်မြို့ လော်ဖျင်ခရိုင်ရှိ တရုတ်မို တစ်သန်းနီးပါး ကျယ်ဝန်းသော ဆီထွက်မုန်ညင်းစိမ်းပန်းများသည် ယှဉ်ပြိုင်စွာ ပွင့်ဖူးကြ၍ လေညှင်းတိုက်သည့်အခါတွင် ဆီထွက်မုန်ညင်းစိမ်းပန်းပင်လယ်သည် အဝါရောင်ဖြစ်သည့် လှိုင်းများ ပျံ့လျက်၊ တောတောင်များ၊ ရွာများ၊ သစ်တောများနှင့် အပြန်အလှန် ရောင်ပြန်ဟပ်ပြီး စိတ်ဝင်စားဖွယ်ရာ ကောင်း၍ လှပသော နွေဦးရှုခင်းများကို ရေးဆွဲဖော်ပြကာ ခရီးသည် အများအပြားအား ပန်းများရှုစားရန်နှင့် လည်ပတ်ကြည့်ရှုရန် ဆွဲဆောင်လာခဲ့သည်။ အခုနှစ်များတွင် လော်ဖျင်ခရိုင်သည် ဆီထွက်မုန်ညင်းစိမ်းလုပ်ငန်းနှင့် ယဉ်ကျေးမှု ခရီးသွားလုပ်ငန်းတို့ကို နက်နက်ရှိုင်းရှိုင်း ရောနှောပေါင်းစပ်ခဲ့ပြီး ကျေးလက်စားသောက်ဆိုင်လုပ်ငန်းနှင့် အရပ်သားနေအိမ်လုပ်ငန်း စသည်တို့ကို မြိုင်မြိုင်ဆိုင်ဆိုင် ဖွံ့ဖြိုးတိုးတက်စေခဲ့၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပေးခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
















