ယူနန်ပြည်နယ် ယင်ကျန်းခရိုင်တွင် လတ်ဆတ်သော ကော်ဖီသီးများကို ရိတ်သိမ်းနေ၍ ဤ"သီးငယ်"သည် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေး
2024-02-28 17:39|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုတလော၊ ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုးနှင့် ဂျိန်ဖော့လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ယင်ကျန်းခရိုင် ထွန်ဘိကွမ်းမြို့နယ်ရှိ လတ်ဆတ်သော ကော်ဖီသီးများသည် ရှေ့စဉ်နောက်ဆက် ရင့်မှည့်လာ၍ ရိတ်သိမ်းသည့် အချိန်ကာလသို့ ဝင်ရောက်နေပြီ ဖြစ်သည်။ ထွန်ဘိကွမ်းမြို့နယ်ရှိ ကော်ဖီ စိုက်ပျိုးရေးအခြေခံစခန်းတွင် ရဲရဲတောက်ဖြစ်သည့် ကော်ဖီသီးများမှာ သစ်ကိုင်းသစ်ခက်များအပေါ် ချိတ်ဆွဲထား၍ ကော်ဖီစိုက်ပျိုးသူများသည် ကော်ဖီသီးများကို မပြတ်မလပ် ဆွတ်ခူးနေကြသည်။
ထွန်ဘိကွမ်းမြို့နယ်၏ သဘာဝအခြေအနေများ ထူးကဲကောင်းမွန်လှ သောကြောင့် ကော်ဖီ ကြီးထွားမှုအတွက် သာလွန်ကောင်းမွန်သော ပတ်ဝန်းကျင်ကို ပံ့ပိုးပေး၍ ကော်ဖီ၏ ကောင်းမွန်သော အရည်အသွေးကို ဖန်တီးပေးလျက်ရှိသည်။ ဤနေရာမှ ထုတ်လုပ်သည့် ကော်ဖီသီးများဖြင့် ပြုလုပ်လာသည့် ကော်ဖီများသည် ထူးခြားသော အရသာရှိပြီး ထူထပ်လှသော သစ်သီးမွှေးရနံ့နှင့် ပန်းမွှေးရနံ့ ရှိ၍ လန်းဆန်းသော အရသာ ရှိပြီး ပြန်၍ ကြာရှည်စွာ အရသာခံနိုင်၍ ကော်ဖီနှစ်သက်သူများ၏ ကြိုက်နှစ်သက်မှုကို အများကြီး ရရှိကြသည်။
၂၀၂၃ ခုနှစ်တွင် ထွန်ဘိကွမ်းမြို့နယ်ရှိ ကော်ဖီစိုက်ပျိုးဧရိယာသည် အမို ၄၂၀၀ ကျော်အထိ ရှိရောက်ခဲ့ပြီး လတ်ဆတ်သော ကော်ဖီသီး၏ ထွက်ကုန်အရေအတွက်သည် တန်ချိန် ၁၅၀၀ ကျော်ရှိပြီး အထွေထွေ ထွက်ကုန်တန်ဖိုးသည် ယွမ် ၁၀ သန်းကျော်အထိ ရှိရောက်ခဲ့သည်။ လက်ရှိတွင် ကော်ဖီသည် ထွန်ဘိကွမ်းမြို့နယ်ရှိ အရေးပါသော အမာခံလုပ်ငန်းတစ်ခု ဖြစ်လာ၍ ဤ"သီးငယ်"သည် လုပ်ငန်းများ ဖွဲ့ဖြိုးတိုးတက်စေရန်၊ လူများ ချမ်းသာစေရန် ရွာများ အားကောင်းစေရန် "ချမ်းမြေ့သာယာမှုလမ်း"ကို စူးစမ်းရှာဖွေရပြီ ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း








