"တရုတ် (ကူမင်း) တောင်အာရှ၊ အရှေ့တောင်အာရှ ဒစ်ဂျစ်ဒယ်စီးပွားရေး တီထွင်ဆန်းသစ်မှုဖိုရမ်"ကို ကူမင်းမြို့၌ ကျင်းပ
2024-02-28 15:08|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ယူနန်ပြည်နယ် ကွန်ပျူတာပညာရှင်အသင်းမှ ဦးစီးကျင်းပပြီး ထိုင်းနိုင်ငံ မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ China Mobile Communications Group Yunnan Co., Ltd. စသည်တို့မှ ပူးတွဲစီစဉ်ကျင်းပသည့် "တရုတ်(ကူမင်း) တောင်အာရှ၊ အရှေ့တောင်အာရှ ဒစ်ဂျစ်ဒယ်စီးပွားရေး တီထွင်ဆန်းသစ်မှုဖိုရမ်"ကို ကူမင်းမြို့၌ ကျင်းပခဲ့သည်။
ဤဖိုရမ်တွင် အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ စင်ကာပူ၊ ထိုင်း၊ လာအို စသည့် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များသည် ယူနန်ပြည်နယ်ရှိ တက္ကသိုလ်များ၊ လုပ်ငန်းကုမ္ပဏီများမှ ကျွမ်းကျင်ပညာရှင်များနှင့် စုရုံးခဲ့ကြ၍ ဒစ်ဂျစ်ဒယ်စီးပွားရေး၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ၊ နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်းထဲသို့ ထည့်သွင်းအသုံးပြုမှုတို့၏ ခေတ်စားပြဿနာများ၊ တရုတ်နိုင်ငံနှင့် တောင်အာရှ၊ အရှေ့တောင်အာရှဒေသ အကြားမှ ဒစ်ဂျစ်ဒယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှု ပလက်ဖောင်းကို အတူတကွ ဖန်တီးမည် စူးစမ်းလေ့လာခဲ့ကြသည်။
ဖိုရမ်တွင် ပါဝင်သည့် အဖက်ဖက်သည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်း သတင်းအချက်အလက်များကိုလည်း ထုတ်ပြန်ခဲ့ကြ၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်ကို အတူတကွ လက်မှတ်ရေးထိုးခဲ့ကြပြီး ၃ နှစ်တာ လုပ်ငန်းစီမံကိန်းကို နက်ရှိုင်းစွာ စူးစမ်းလေ့လာခဲ့ကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




