ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲတွင် မနောပွဲကို ဝမ်းမြောက်ဝမ်းသာစွာ ပါဝင်ဆင်နွှဲခဲ့ကြ၍ သောင်းနှင့်ချီသော လူများသည် အတူတကွ ကခုန်ကြ
2024-02-26 18:13|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် "မန်စီမြို့ ၂၀၂၄ ခုနှစ် မနောပွဲ" ကို ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုးနှင့် ဂျိန်ဖော့လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၌ ကျင်းပခဲ့၍ ပွဲတော်အငွေ့အသက်များ ပေါများထူထပ်လှသည်။ လူမျိုးအမျိုးမျိုး အယောက်ပေါင်း ၄ သောင်း နီးပါးသည် ပွဲကျင်းပရာနေရာသို့ စနစ်တကျ ဝင်ရောက်ခဲ့ကြပြီး တေးဂီတနှင့်အတူ ကခုန်ခဲ့ကြ၍ ဤကြီးကျယ်ခမ်းနားသော ပွဲကို အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြကာ ဤမြင်ကွင်းသည် စည်ကားလှသည်။
ဤအကြိမ်မနောပွဲတွင် မနောပျော်ပွဲရွှင်ပွဲ၊ ဧည့်သည်တော်များ ကြိုဆိုဧည့်ခံညပွဲ၊ တိုင်းရင်းသားလူမျိုးစု ရိုးရာအားကစားပြပွဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မီးပုံပွဲ၊ စာပေအနုပညာ ပြပွဲ၊ တိုင်းရင်းသား အထူးကုန်ပစ္စည်းများ ပြသရောင်းချပွဲနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အတတ်ပညာပြပွဲ စသည့် လှုပ်ရှားမှု အခု ၂၀ ကျော်ကို ကျင်းပခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း








