တရုတ်-လာအို ရထားလမ်းမှ ယူနန့်သံမဏိထည် ပို့ကုန်သီးသန့်ရထား စတင်ပြေးဆွဲ

2024-02-26 15:10|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ၁၀ နာရီခွဲတွင် လက်ဗွေပုံသံမဏိများ အပြည့်တင်ဆောင်ထားသော သီးသန့်ကုန်တင်ရထားသည် ယူနန်ပြည်နယ် ယုရှီးမြို့ရှိ ရမ်ဟယ် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ဘူတာရုံမှ စတင်ထွက်ခွာပြီး ဖြည်းညှင်းစွာ အရှိန်မြှင့်တက်လာ၍ လာအိုနိုင်ငံ၏ မြို့တော်ဖြစ်သည့် ဗီယင်ကျန်းမြို့သို့ ခုတ်မောင်းသွားခဲ့သည်။ ၎င်းသည် တရုတ်-လာအို ရထားလမ်းမှ ယူနန့်သံမဏိထည် ပို့ကုန်သီးသန့်ရထား တရားဝင် စတင်ပြေးဆွဲခြင်းကို အမှတ်အသားပြုသည်။ ၇၂ နာရီကြာ ခုတ်မောင်းပြီးနောက် အဆိုပါသံမဏိထည်များကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ အင်ဂျင်နီယာ ဆောက်လုပ်ရေးလုပ်ငန်းထဲတွင် အသုံးပြုပြီး ဒေသခံ ဖွံ့ဖြိုးရေးအတွက် အုတ်ခဲအုတ်ချပ်များ ဖြည့်ပေးမည် ဖြစ်သည်။

ဤသံမဏိထည်အသုတ်ကို ယုရှီး ဒေသခံ သံမဏိ လုပ်ငန်းကုမ္ပဏီများမှ စီစဉ်ဖွဲ့စည်းပြီး တရုတ်-လာအို ရထားလမ်းဖြင့် သယ်ယူပို့ဆောင်၍ ဗီယင်ကျန်းတောင်ပိုင်းဘူတာရုံသို့ ပို့ဆောင်ပြီးနောက် ဒေသခံ ဆည်မြောင်းတာတမံလုပ်ငန်းနှင့် မြို့ပြဆောက်လုပ်ရေးလုပ်ငန်းထဲတွင် အသုံးပြုမည် ဖြစ်ကြောင်း သိရခဲ့သည်။ အကဲဖြတ်သုံးသပ်ချက်အရ လာအိုနိုင်ငံ၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ကိန်းဝပ်စွမ်းအားသည် ကြီးမားလှပြီး လိုအပ်ချက် မြင့်မား၍ တရုတ်နိုင်ငံ ထုတ်လုပ်သည့် အရည်အသွေးမြင့်မားသော ဆောက်လုပ်ရေးပစ္စည်းများသည် လာအိုနိုင်ငံရှိ ဒေသခံ မြို့ပြ အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို အများအပြား ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကာ အနာဂတ်တွင် သံမဏိထည်များ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး သီးသန့်ရထားကိုလည်း ယူနန်ပြည်နယ်ရှိ ဆောက်လုပ်ရေးကုမ္ပဏီများ၏ တည်ငြိမ်မှုထိန်းသိမ်းပြီး သယ်ယူပို့ဆောင်ရေးပမာဏ တိုးမြှင့်သည့် စီမံကိန်းအဖြစ် ဆက်တိုက် တွန်းအားပေးမည် ဖြစ်သည်။

တရုတ်-လာအို ရထားလမ်း ၂ နှစ်ကျော်ကြာ ပြေးဆွဲလည်ပတ်ပြီး ကတည်းက လက်ရှိအချိန်အထိ ကုန်စည် တန်ပေါင်း ၃၃၁ သိန်းကို သယ်ယူပို့ဆောင်ခဲ့၍ အဝင်အထွက် ကုန်စည် တန်ပေါင်း ၇၆ သိန်းကျော်ကို တင်ပို့သွင်းယူခဲ့သည်။ လွယ်ကူလျင်မြန်သော ရထားလမ်းသည် လာအိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကိန်းဝပ်စွမ်းအားကို များစွာ လှို့ဆော်ပြီး နှစ်နိုင်ငံမှ ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဝန်ထမ်းများ၏ အလုပ်အကိုင်ရရှိမှုအတွက် ပလက်ဖောင်းအသစ်ကို ပေးခဲ့သည် ဖြစ်၍ ပိုမိုများပြားလာသော နှစ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီများသည် ရထားလမ်း မှတစ်ဆင့် ချိတ်ဆက်လာ၍ တရုတ်-လာအို ရထားလမ်း၏ ရွှေရောင်လမ်းဖြစ်သည့် အကျိုးသက်ရောက်မှုများသည် တနေ့တခြား ပေါ်လွင်လာနေသည်။

昆明信息港讯(昆明日报 记者王绍芬 通讯员刘昊亮 平礼志) 2月22日10时30分,满载螺纹钢的货运列车,从玉溪研和货运站发出并缓缓加速,驶向老挝首都万象。这标志着中老铁路云南钢材出口专列正式发车。72小时后,这批建筑材料被用于老挝万象的工程建设,为当地发展添砖加瓦。

据介绍,这批钢材均由玉溪本地钢铁企业组织,利用中老铁路运输,货物到达万象南站后,将投入当地水利和城市建设。经评估,老挝基建潜力巨大、需求旺盛,中国生产的优质建筑材料,将大大满足老挝当地城市基建项目发展需求,未来钢材跨境运输专列也将成为云南建筑企业保稳增运的项目持续推进。

中老铁路开通两年多来,截至目前,累计运输货物3310万吨,进出口货物超760万吨。便捷高效的铁路,极大地激活了老挝发展潜力,为两国企业发展、人员就业提供新的平台,越来越多的两国企业,通过铁路联系在一起,中老铁路黄金大通道作用正日益凸显。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်