ယူနန်ပြည်နယ် မန်ဇီမြို့၏စျေးတွင် ဘလူးဘယ်ရီများကို စတင်ရောင်းချ၍ လယ်သမားများသည် သီးထွက်ကောင်းသောကြောင့် ပျော်ရွှင်ကြ
2024-02-21 17:19|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ ယူနန်ပြည်နယ် ဟုံဟယ် ဟာနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်ဇီမြို့ စောင်ဘာ့မြို့နယ် ဖုမင်ချမ်ရွာရှိ ဘလူးဘယ်ရီ စိုက်ပျိုးရေး အခြေခံစခန်းထဲ၌ အလုပ်ရှုပ်သော မြင်ကွင်းကို တွေ့မြင်နိုင်သည်။ ယခုအချိန်သည် အရောင်းကောင်းသော ရာသီချိန်ဖြစ်၍ စိုက်ပျိုးသူများနှင့် အလုပ်သမားများသည် ဘလူးဘယ်ရီပင်စုထဲတွင် လွန်းထိုးသလို သွားချည်ပြန်ချည်လုပ်ပြီး သီးထွက်ကောင်းသော ပျော်ရွှင်မှုများကို ဇိမ်ခံနေကြသည်။
အခုနှစ်များတွင် စောင်ဘာ့မြို့နယ်၌ "ကျေးရွာစုပေါင်းလုပ်ငန်းကုမ္ပဏီများနှင့် ထိပ်တန်းလုပ်ငန်းကုမ္ပဏီများနှင့် တောင်သူလယ်သမားများ" ဟူသော ဘလူးဘယ်ရီ စိုက်ပျိုးရေးအကျိုးအမြတ် ချိတ်ဆက်ယန္တရားကို တည်ထောင်ခဲ့၍ "၆၂၂" (ရောင်းရငွေကို တောင်သူ ၆၀ ရာခိုင်နှုန်း ရရှိခြင်း၊ ကျေးရွာစုပေါင်းလုပ်ငန်းကုမ္ပဏီ ၂၀ ရာခိုင်နှုန်း ရရှိခြင်းနှင့် ထိပ်တန်းလုပ်ငန်းကုမ္ပဏီ ၂၀ ရာခိုင်နှုန်း ရရှိခြင်းတို့အရ ခွဲဝေပေးသည်) ဟူသော လယ်သမားများနှင့် ပူးပေါင်းခြင်းနှင့် လယ်သမားများ ရှေ့ဆောင်ဦးစီးခြင်းပုံစံကို ရှာဖွေဖန်တီးခဲ့ကြသည်။ အခုအထိ ဤမြို့နယ်ရှိ ဘလူးဘယ်ရီ စိုက်ပျိုးရေး မိသားစု ၁၃၁ ခု ရှိ၍ စိုက်ပျိုးရေးဧရိယာ အမို ၁၀၁၀ အထိ ရောက်ရှိနေပြီ ဖြစ်သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
















