"ကျွန်ုပ်၏ နွေဦးမြို့ပုံပြင်များ" ဟူသော ဓာတ်ပုံ၊ စာသားနှင့် ဗီဒီယိုတိုများ စုဆောင်းခြင်း လှုပ်ရှားမှုကို စတင်ကျင်းပ

2024-02-21 11:14|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်ဤနေ့ဤရက် မှစ၍ "ကျွန်ုပ်၏ နွေဦးမြို့ပုံပြင်များ" ဟူသော ဓာတ်ပုံ၊ စာသားနှင့် ဗီဒီယိုတိုများ စုဆောင်းခြင်း လှုပ်ရှားမှုကို စတင်ကျင်းပသည်။ ဤလှုပ်ရှားမှုကို တရုတ်ကွန်မြူနစ်ပါတီ ကူမင်းမြို့ ပါတီကော်မတီ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်နည်းပညာ ကော်မရှင်ရုံးမှ ဦးစီးကျင်းပပြီး Kunming Information Hub မှ တာဝန်ခံကျင်းပသည် ဖြစ်၍ ၄င်းသည် အနယ်နယ်အရပ်ရပ်မှ အသံများကို စုဆောင်းခြင်းဖြင့် ကူမင်းမြို့၏ လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝအခြေအနေများ ပြသရန် ရည်ရွယ်ထားသည်။ ၎င်းသည် ရိုးရှင်းသော စုဆောင်းခြင်းအလုပ်တစ်ရပ် မဟုတ်ဘဲ စိတ်နှလုံးအကြားမှ ဖလှယ်ခြင်း၊ ယဉ်ကျေးမှုနှင့် မေတ္တာအကြားမှ တိုက်မိခြင်း တစ်ကြိမ် ဖြစ်သည်။

ယူနန်ပြည်နယ်တွင် နေထိုင်၊ အလုပ်လုပ်ကိုင်၊ ပညာသင်ကြားနေသည့် နိုင်ငံခြားသားများသည် ဤလှုပ်ရှားမှုကို ပါဝင်နိုင်ကြသည်။ သူတို့သည် တရုတ်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ မြန်မာဘာသာစကား သို့မဟုတ် လာအိုဘာသာစကားတို့ဖြင့် မိမိတို့၏ နွေဦးမြို့ပုံပြင်များကို ဖော်ပြနိုင်ကြသည်၊ နွေးနွေးချစ်ဖွယ်သော ဓာတ်ပုံနှင့် စာသားများဖြစ်ဖြစ်၊ အသက်ဝင်လှသော ဗီဒီယိုတိုများဖြစ်ဖြစ် ဤမြို့ပြတွင် ရောင်စုံလှပသော ဘဝကို မျက်မြင်သက်သေနိုင်မည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲသည် ဓာတ်ပုံ၊ စာသားပြိုင်ဖွဲ့နှင့် ဗီဒီယိုတိုပြိုင်ဖွဲ့ ခွဲခြားသည် ဖြစ်၍ နှစ်ဖွဲ့စလုံးမှာ ဒိုင်လူကြီးများမှ အကဲဖြတ်ရွေးချယ်ပေးမည် ဖြစ်သည်၊ ထို့ပြင် လှုပ်ရှားမှုအဆင့်ဆင့်တွင် တရားမျှတသော၊ သမာသမတ်ကျသော၊ ပြောင်ကျကျသော အခြေခံစည်းမျဉ်းကို တင်းကြပ်စွာ လိုက်နာကျင့်သုံးရမည်။ အနိုင်ရရှိသူများသည် မိမိ၏ လက်ရာများကို မီဒီယာအမျိုးမျိုးပေါ်တွင် ပြသသည့်အခွင့် ရရှိနိုင်သည့်အပြင် ဂုဏ်ပြုချီးကျူးမှုအဖြစ် များပြားသော ဆုကြေးငွေလည်း ရရှိနိုင်မည် ဖြစ်သည်။

လက်ရာတင်သွင်းသည့် အချိန်ကာလသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲပါဝင်ရန် "iKunming" ဟူသော အညွှန်းကတ်ပြားပါသော လက်ရာများကို စိုင်လုံဝက်ဘ်ဆိုက် (https://www.clzg.cn/) ပေါ်သို့ အပ်လုဒ်လုပ်နိုင်သည်၊ သို့မဟုတ် Facebook၊ X(Twitter)၊ YouTube နှင့် TikTok စသည့် ပလက်ဖောင်းများတွင် ထုတ်ပြန်ပြီး Kunming Information Hub ၏ တရားဝင်အကောင့်ကို @ လိုက်နိုင်သည်။

နွေဦးမြို့တွင် ပန်းများအမြဲပွင်ဖူးလျက်၊ ဤနေရာ၏ ပုံပြင်များကို ပြောပြရန် စောင့်မျှော်နေသည်၊ သင်သည် မည်သို့ လက်လွတ်သွားနိုင်မည်းနည်း။ ကလောင်နှင့် မှန်ဘီလူးများဖြင့် ကူမင်းမြို့ဆိုင်ရာ မျှော်မှန်းတမ်းတမှုနှင့် သတိရမှုများကို စိတ်နှလုံးထိမိနိုင်သည့် စာသားများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများဖြစ်အောင် ပြောင်းလွဲလာပါ။ သင်၏ နွေဦးမြို့ပုံပြင်များကို ပြောပြရန် ကူမင်းမြို့သည် သင့်ကို စောင့်နေသည်။

昆明信息港讯 即日起,“我的春城故事”图文短视频征集活动启动。活动由昆明市委网信办主办,昆明信息港承办,旨在收集来自四面八方的声音,展现昆明的万千风貌。这不仅是一次简单的作品征集,而是一次心灵与心灵的交流,一次文化与情感的碰撞。

参赛对象为在云南生活、工作、学习的外籍人士。他们可以用中文、英语、缅文或老挝语中的任何一种语言讲述他们的春城故事,无论是温馨的图文还是生动的短视频,都将是这座城市多彩生活的见证。

比赛分为图文组与视频组,两者都将通过专业评审的细致筛选,并在活动的各个阶段,从投稿到公示,再到最终的颁奖仪式,都将严格遵循公平、公正、公开的原则。优胜者不仅能获得全媒体展示的机会,更有丰厚的奖金作为嘉奖。

作品投稿将从2024年2月21日起至9月30日止。参赛者可将带有“iKunming”标签的作品上传至彩龙社区,或在Facebook、X(前Twitter、YouTube、TikTok等平台发布,并@昆明信息港官方账号参赛。

当春城的花开不败,当这里的故事等待被讲述,你,又怎能错过?拿起你的笔,打开你的镜头,将那份对昆明的向往和记忆,转化为触动人心的文字和影像。昆明等你,来讲述你的“我的春城故事”。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်