ကူမင်း အဓိကမြို့တွင်းရပ်ကွက်ရှိ နှစ်သစ်ကူးကုန်ပစ္စည်းရောင်းလမ်း ၉ လိုင်းတွင် စိတ်ကြိုက်သလို လျှောက်လည်ပြီး ဝယ်ယူနိုင်

2024-02-01 11:32|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့တရုတ်သက္ကရာဇ် ၁၂ လပိုင်းသို့ ဝင်ရောက်ပြီး ကတည်းက နွေဦးပွဲတော်၏ အငွေ့အသက်များသည် တစ်နေ့ထက်တစ်နေ့ များပြားထူထပ်လာ၍ နှစ်သစ်ကူးကုန်ပစ္စည်းများကို စတင်ဝယ်ယူနိုင်သည်။ ကူမင်း အဓိကမြို့တွင်းရပ်ကွက်ထဲမှ နှစ်သစ်ကူးကုန်ပစ္စည်းရောင်းလမ်းများကို မည်သည့်နေရာ၌ ရှိသနည်းဆိုလျှင် ကူမင်းမြို့တိုင်း(မ်) သည် သင့်အတွက် ဝယ်ယူမှုလမ်းညွှန်ချက် တစ်စောင် ပြုစုပေးသည်။

နန်ဖျင် ခြေလျင်လျှောက်လမ်းနှင့် ကျိန့်ယိလမ်း

နန်ဖျင် ခြေလျင်လျှောက်လမ်းနှင့် ကျိန့်ယိလမ်းတို့တွင် စည်စည်ကားကား ခြိမ့်ခြိမ့်သဲသဲရှိသည့် နှစ်သစ်ကူးကုန်ပစ္စည်းရောင်းလမ်းများသည် ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။ သကြားလုံးနှင့် ဘီစကွတ်များ၊ အရက်နှင့် ဖျော်ရည်များ၊ လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ နေ့စဉ်သုံးပစ္စည်းများနှင့် လက်မှုပစ္စည်းများ အစုံအလင်ရှိသည်။ ရိုးရာသော နှစ်သစ်ကူးကုန်ပစ္စည်းများအပြင် နှစ်သစ်ကူးကုန်ပစ္စည်းရောင်းလမ်းတွင် ဒေသခံ ထူးခြားချက်ရှိ သရေစာများကိုလည်း ရောင်းချ၍ မြို့သူမြို့သားများအား နှစ်သစ်ကူးကုန်ပစ္စည်းများ ဝယ်ယူစေသည့်အပြင် နေရာအသီးသီးမှ အစားအစာများကိုလည်း မြည်းစမ်းစေနိုင်သည်။

ရှင်းယင်ရှင်းချမ်

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ၂၀၂၄ ခုနှစ် "စိန်နုံဖုန့်ရှင်း" ဟူသော စူပါစက်ရုံ အမှတ်တံဆိပ်၏ နှစ်သစ်ကူးကုန်ပစ္စည်းရောင်းပွဲကို ဖန်လုံရပ်ကွက် ရှင်းယင်ရှင်းချမ်၌ ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့သည်။ ဤပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ကျင်းပမည် ဖြစ်၍ ရောင်းနေသည့် ထုတ်ကုန်များမှာ ဝက်ပေါင်ခြောက်များ၊ စည်သွတ်ဝက်သားများ စသည်တို့ကို ပါဝင်သည်။ စိန်နုံကုမ္ပဏီအုပ်စုသည် နှစ်သစ်ကူးလက်ဆောင်သေတ္တာ အမျိုးမျိုးကိုလည်း ရောင်းချနေ၍ ခင်းကျင်းပြသရာနေရာ၌ ဦးစားပေးလှုပ်ရှားမှုများ (စျေးဝယ်လျှင် ဆုမဲခြင်း၊ ဝယ်ယူလျှင် လက်ဆောင်ပေးခြင်း၊ ဝါဒဖြန့်စာရွက်ဖြင့် ဝက်အူချောင်းကင်ကို ရယူခြင်း၊ လတ်ဆတ်သောအသား ဝယ်ယူလျှင် စျေးဝယ်ခြင်းတောင်းပေးခြင်း စသည်တို့) ကို ကျင်းပနေသည်။

လိုစီဝမ် နိုင်ငံတကာကုန်တိုက်သစ်

လိုစီဝမ် နိုင်ငံတကာကုန်တိုက်သစ်သို့ ဝင်ရောက်လျှင် နွေဦးပွဲတော်ဆိုင်ရာ ချိတ်ဆွဲပစ္စည်များ၊  ပြတင်းပေါ် ဆင်ယင်းထားသော စက္ကူပန်းပြောက်များ၊ မီးအိမ်များ၊ နှစ်ချိုးစပ်စာတန်းများ စသည်တို့ကို တွေ့မြင်နိုင်၍ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အငွေ့အသက်များကို ခံစားနိုင်သည်။ နှစ်ချိုးစပ်စာတန်းများ၊ မီးအိမ်များ၊ "福" ဟူသော စာလုံးများ၊ ပိုက်ဆံထည့်ရန် ထုပ်နီများ စသည်တို့သည်  ကျက်သရေမင်္ဂလာသော၊ ပျော်ရွှင်သော နှစ်သစ်ကူးအငွေ့အသက်များ ပြည့်နှက်နေသည်။ ယခုနှစ်တွင် နဂါးဒြပ်စင်သည် နှစ်သစ်ကူးကုန်ပစ္စည်းရောင်းဈေးမှ ဇာတ်ဆောင်ဖြစ်လာသည်မှာ သေချာကာ နဂါးပုံသဏ္ဍာန်ဖြင့် ဒီဇိုင်းဆွဲထားသော လက်ဝတ်လက်စားများ၊ ခင်းကျင်းထားပစ္စည်းများ၊ ချိတ်ဆွဲပစ္စည်များနှင့် ပိုက်ဆံထည့်ရန် ထုပ်နီများ ပုံစံ အမျိုးမျိုး ရှိသည်။

ထွန်တယ်ရင်ပြင်

ဇန်နဝါရီလ ၁၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ကူမင်း ထွန်တယ်ရင်ပြင်၌ TKP နှစ်သစ်ကူးကုန်ပစ္စည်းရောင်းစျေး စတင်ဖွင့်လှစ်သွားမည် ဖြစ်သည်။ စိတ်ဝင်စားဖွယ်ရာ ကောင်းသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များပြပွဲ၊ ရိုးရာဓလေ့ထုံးစံများ တင်ဆက်ပြသမှု၊ နှစ်သစ်ကူး အစားအစာများ မြည်းစမ်းခြင်း စသသည့် လှုပ်ရှားမှုများကို ကျင်းပမည်။ ထို့ပြင်၊ များပြားသော နှစ်သစ်ကူးကုန်ပစ္စည်း၏ ထုပ်ပိုးခြင်းနှင့် ပုံစံများသည် "နဂါး"ဒြပ်စင်များနှင့် ရောနှော၍ နွေဦးပွဲတော်၏ အငွေ့အသက်များ အလွန်များပြားထူထပ်သည်။

တုပ်နန်ပန်းဈေး

နွေဦးပွဲတော် နီးကပ်လာတော့မည် နှင့်အမျှ နှစ်သစ်ကူးပန်းမန်များ၏ ထောက်ပံ့ရေးပမာဏသည် ကြီးမားစွာ တိုးတက်လာ၍ တုပ်နန်ပန်းစျေးသည် ပုံမှန်ထက် ပိုမိုစည်ကားပြီး များပြားသော မြို့သူမြို့သားနှင့် ခရီးသည်မှာ နှစ်သစ်ကူးပန်းမန်များကို ဝယ်ယူရန် ဤနေရာသို့ လာရောက်ကြသည်၊ ဤနှစ်တွင် Phalaenopsis aphrodite Rchb. F.၊ Cymbidium faberi × hybridum၊ Anthurium andraeanum Linden၊ Citrus japonica Thunb. စသည့် ရိုးရာနှစ်သစ်ကူးပန်းမန်များ မူလအတိုင်း ရောင်းကောင်းသည်။ ဤနေရာရှိ မိုးဆန်းပန်းများကို ရွေးချယ်ဝယ်ယူရန် အကုန်ဆုံး မရှိသောကြောင့် တုပ်နန်သို့ စိတ်ကြိုက်သော နှစ်သစ်ကူးပန်းမန်များကို မြန်မြန်လာဝယ်ပါ။

ဆွေ့ဟူဥယျာဉ်

ဆွေ့ဟူဥယျာဉ်ရှိ နှစ်သစ်ကူးကုန်ပစ္စည်းရောင်းစျေး တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤစျေး၌ တရုတ်အနီရောင်နှင့် ရွှေဝါရောင်တို့ဖြင့် အဓိကအရောင်အဖြစ် မြို့သူမြို့သားများနှင့် ခရီးသည်များသည် သေသပ်ချောမွေ့သော နှစ်ချိုးစပ်စာတန်းများနှင့် နဂါးနှစ်ဆိုင်ရာ လက်မှုပစ္စည်းများကို ဝယ်ယူနိုင်ပြီး ချိုဆိမ့်သော ပျားရည်များနှင့် လတ်ဆတ်နုဖတ်သော ဝက်ပေါင်ခြောက်များ စသည်တို့ကို မြည်းစမ်းနိုင်ပြီး လှပတင့်ဆန်းသော နှစ်သစ်ကူးပန်းမန် တစ်စည်းစည်းကို ယူဆောင်သွားနိုင်၍ နဂါးနှစ်၏ ကျက်သရေမင်္ဂလာမှုကို ပိုမို အသက်ဝင်စေသည်။

ကူမင်း တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ၁၆ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ စတင်ကျင်းပခဲ့ပြီး ၁၆ ရက်ကြာ ဆက်တိုက်ကျင်းပမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြီးဆုံးသွားမည် ဖြစ်၍ ကုန်ပစ္စည်း အမျိုးအစား ၁ သောင်းကို ရွေးချယ်ဝယ်ယူနိုင်သည်။

ဟယ်ရှေရင်ပြင်

ဝူဟွာရပ်ကွက် ဟုံယူလမ်း ယင်ဟယ်ကွန်မြူနီတီသည် ဟယ်ရှေရင်ပြင်၌ နှစ်သစ်ကူးကုန်စည်ပြပွဲကို စတင်ကျင်းပခဲ့သည်။ ဤပြပွဲကို ဖေဖော်ဝါရီလ ဒုတိယဆယ်ရက်ပိုင်းအထိ ကျင်းပသွားမည်ဖြစ်၍ ထူးခြားချက်ရှိသော သရေစာ အမျိုးမျိုး၊ ယဉ်ကျေးမှု ဆန်းသစ်တီထွင်မှု လက်ရာများ၊ နှစ်ချိုးစပ်စာတန်းများ၊ ပြတင်းပေါ် ဆင်ယင်းထားသော စက္ကူပန်းပြောက်များ၊ နှစ်သစ်ကူး မင်္ဂလာပန်းချီများ၊ မိုးဆန်းပန်းများ၊ သစ်သီးဝလံများ စသည့် ပစ္စည်းများ အစုံအလင် ရှိသည်။

ဇန့်ရှင်းလယ်ယာထွက်ကုန်ပစ္စည်းဈေး

ဇန့်ရှင်းလယ်ယာထွက်ကုန်ပစ္စည်းဈေးသည် ကူမင်းမြို့၌ နှစ်သစ်ကူးအကြိုနေ့ညစာ ဟင်းလျာများကို ဝယ်ယူရန် အကောင်းဆုံးသော နေရာ ဖြစ်ရမည်။ လက်ရှိတွင် စျေးအတွင်းမှ ကုန်သည်အများအပြားသည် ကုန်ပစ္စည်းများ လုံလောက်စွာ ပြင်ဆင်သင့်ဖြစ်ပြီ ဖြစ်၍ သစ်သီးဆိုင်နှင့် သစ်သီးခြောက်ဆိုင်အချို့သည် နွေဦးပွဲတော်ဆိုင်ရာ သီးခြားထုပ်ပိုးသေတ္တာများကို ပြင်ဆင်ထားပြီး ဝက်အူချောင်းများ၊ ဝက်သားခြောက်များ၊ ဝက်ပေါင်ခြောက်များ၊ ကောက်ညှင်းပေါင်းမုန့်ညက်ပြားများ၊ အခွံမာအသီးများ စသည့် နွေဦးပွဲတော်တွင် မရှိမဖြစ်နိုင်သော ပစ္စည်းများကိုလည်း လုံလောက်စွာ ရှိသည်။

进入腊月,年味渐浓,年货采买又被提上日程。昆明主城区哪里有年货街?都市时报为你整理了一份采买攻略。

南屏步行街和正义路

在南屏步行街和正义路上,红红火火的年货街已开市。从糖果饼干、酒水饮料、生鲜果蔬到生活日用品、手工艺品,应有尽有。除了传统年货,年货街还引进了地方特色小吃,让市民在选购年货的同时,品尝到各地的美食。

新迎新城

1月13日,2024神农放心超级工厂品牌年货节在盘龙区新迎新城首次举办。活动将持续至2月8日,产品包括火腿、午餐肉等。神农集团还推出多款新春礼盒,并在现场举行优惠活动(购物抽奖、买赠、凭宣传单领烤肠、买鲜肉送买菜车等)。

新螺蛳湾国际商贸城

新春挂件、窗花、灯笼、对联……走进新螺蛳湾国际商贸城,喜庆的氛围扑面而来。对联、灯笼、福字、红包等,充满着祥和、欢乐的年味。今年,龙元素当仁不让成为年货市场的主角,以龙形象设计的饰品、摆件、挂件、红包款式多样。

同德昆明广场

1月12日—2月8日,同德昆明广场TKP新春辰龙福市开市。活动期间,现场推出趣味非遗、民俗展演、年货吉食品尝等活动。此外,很多年货商品的包装和造型都融入了“龙”的元素,节日氛围很浓。

斗南花市

春节来临之际,年宵花供应量大增,斗南花市比平常更加热闹,不少市民游客到此选购年宵花,今年,蝴蝶兰、大花蕙兰、红掌、金橘等传统年宵花依旧热销。这里的鲜花挑不完,根本挑不完,快来斗南,挑选你心仪的年宵花吧。

翠湖

翠湖新春集市正式“上线”。集市以中国红、金黄为主色调。市民游客们可购置精致的春联和龙年手工艺品,品尝甜美的蜂蜜、鲜嫩的火腿等,并带走一捧捧娇艳欲滴的年花,让龙年的吉祥瑞气更加鲜活。

昆明滇池国际会展中心

1月23日,第十六届中国昆明新春购物博览会暨“一刻钟便民生活节”在昆明滇池国际会展中心开幕,将持续16天,于2月7日闭幕,1万个品类商品等着你。

和谐广场

五华区红云街道银河社区开启“一刻钟便民生活节”,在和谐广场举办年货节活动。活动持续至2月中旬,各类特色小吃、文创作品、春联、窗花、年画、鲜花、水果等物品应有尽有。

篆新农贸市场

如果说昆明哪个地方是添置年夜饭菜品的好去处,那么篆新农贸市场一定是首选。目前,市场内不少商家已经备足了货品,个别水果店、干果炒货铺推出了春节专属包装盒,香肠腊肠、腊肉、火腿、糍粑、坚果等春节必备食材也十分充裕。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်