ကူမင်းမြို့ တျန်းချီ အပန်းဖြေနေရာမှ "တာ့ယိုကျင်းစန်းရှန့်" ဟူသော သီးသန့်ခရီးစဉ် ဖွင့်လှစ်
2024-02-01 17:32|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) အခုလောက ကူမင်းမြို့ တျန်းချီ အမျိုးသား အပန်းဖြေနေရာမှ "တာ့ယိုကျင်းစန်းရှန့်" ဟူသော သီးသန့်ခရီးစဉ် တရားဝင် ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။ ယခုမှ ဧပြီလ ၁၂ ရက်နေ့အထိ ခရီးသည်များသည် စီချမ်ရွာ၊ ဒုချူရွာနှင့် ဟိုင်ယန့်ရွာ ဟူသော ထူးခြားချက်ရှိသည့် ရိုးရာကျေးရွာ ၃ ရွာသို့ လည်ပတ်ကြည့်ရှုရန်၊ ထူးခြားချက်ရှိသည့် အစားအစာများကို မြည်းစမ်းရန်နှင့် ကြီးမားလေးနက်သော ယဉ်ကျေးမှု အကြောင်းစုံများကို ခံစားရန် ဘတ်စ်ကား အခမဲ့စီးနိုင်သည်။
ထိုင်ခုံ ၁၇ ခု ရှိသည့် "တာ့ယိုကျင်းစန်းရှန့်" ဟူသော သီးသန့်ခရီးစဉ်မှ ဘတ်စ်ကားများသည် လောင်ယူဟယ်စိုစွတ်မြေဥယျာဉ်မှ စထွက်ပြီး ဂိတ်ဆုံးမှာ စီချမ်ရွာဖြစ်၍ လောင်ယူဟယ်စိုစွတ်မြေဥယျာဉ်၊ လော်ကြားရွာ၊ တာ့ဟိုင်ယန့် (ဟွန်ဟူအရှေ့ပိုင်းလမ်း)၊ ဒုချူရွာ၊ စီချမ်ရွာတို့ကို ဖြတ်သန်းကာ ခရီးစဉ်တစ်ခုလုံး ၈ ကီလိုမီတာ ရှည်လျားပြီး မနက်ပိုင်း ၁၀ နာရီမှ ညနေပိုင်း ၆ နာရီအတွင်း တစ်နာရီတိုင်း တစ်ခေါက် ပြေးဆွဲပြီး တစ်နေ့လျှင် စုစုပေါင်း ၉ ခေါက် ပြေးဆွဲမည် ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


