ရှန်ဂရီလာ ဆောင်းရာသီ နိုင်ငံတကာ ငှက်ကြည့်ပွဲတွင် နဖာဟိုင်ရေကန်သည် ငှက်ကြည့်ရာနေရာတစ်ခု ဖြစ်
2024-01-31 14:49|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဆောင်းရာသီထဲမှ တီချင့်ကုန်းပြင်မြင့်ပေါ်တွင် ထောင်နှင့်ချီသော ကြိုးကြာများ စုဝေး၍ သောင်းနှင့်ချီသော ငှက်မျိုးစုံများ ပျံသန်းနေကြသည်။ ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘာ့ "ရှန်ဂရီလာ" ""သဘာဝကျသော တီချင့်၊ ငှက်များ၏ ပရဒိသု" ဆဌမ ကြိမ်မြောက် ဆောင်းရာသီ နိုင်ငံတကာ ငှက်ကြည့်ပွဲကို ရှန်ဂရီလာတွင် စတင်ကျင်းပခဲ့၍ တစ်နိုင်ငံလုံး နေရာအသီးသီးမှ ငှက်ကြည့်ဝါသနာရှင်များသည် ရှန်ဂရီလာ၌ စုစည်းကြ၍ ငှက်များ၏ ဓာတ်ပုံရိုက်ရန် နဖာဟိုင်ရေကန်နံဘေးတွင် ခေတ္တရပ်နားပြီး စောင့်မျှော်ထားကာ နဖာဟိုင်ရေကန်ရှိ ဆောင်းရာသီ ငှက်ကြည့်ခရီးစဉ်တစ်ခုကို စတင်ခဲ့ကြသည်။ ဤနေ့တွင် ငှက်ကြည့်ရန် အကောင်းဆုံးသောနေရာ ဖြစ်သည့် နဖာဟိုင်ရေကန်ကို အတူတကွ သိရှိနားလည်ကြရအောင်။
တိဗက်ဘာသာစကားထဲ၌ "သစ်တောနောက်မှ ရေကန်"ဟူသော အဓိပ္ပာယ်ရှိသည့် နဖာဟိုင်သည် တီချင့်ပြည်နယ်ခွဲ ရှန်ဂရီလာမြို့ ကျန့်ထန်မြို့နယ်တွင် တည်ရှိပြီး ပျမ်းမျှပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၃၂၆၀ ရှိ၍ ကောင်းမွန်သော တည်နေရာအားသာချက်များနှင့် အဆင်ပြေသော အများပြည်သူ လမ်းပန်းဆက်သွယ်ရေး ရှိကာ ရှန်ဂရီလာမြို့ရှိ ဧရိယာအကျယ်အဝန်း အကြီးဆုံးသော ကုန်းပြင်မြင့်စိုစွတ်မြေနှင့် ယူနန်ပြည်နယ်ရှိ လတ္တီတွဒ်ဒီဂရီ နိမ့်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် မြင့်သော ဒေသများထဲမှ ကိုယ်စားပြုမှု အရှိဆုံးသော ရာသီအလိုက် ရေကန်နှင့် စိုစွတ်မြေ ဖြစ်သည့်အပြင် ပင်လယ်ရေမျက်နှာပြင်ထက် မြင့်သော ဒေသများထဲမှ ဇီဝမျိုးစုံမျိုးကွဲများ၊ ဇီဝအမျိုးအစားကွဲပြားမှု၊ မျိုးရိုးဗီဇကွဲပြားမှုနှင့် မျိုးရိုးလိုက်ကွဲပြားမှုများ ပိုမိုစုစည်းရာ နေရာလည်း ဖြစ်သည်။
နဖာဟိုင်သည် ၁၉၈၄ ခုနှစ်တွင် ယူနန်ပြည်နယ် ပြည်သူ့အစုံးရမှ ခွင့်ပြုခြင်းဖြင့် တည်ထောင်ခဲ့သည့် ပြည်နယ်အဆင့် သဘာဝကာကွယ်ထိန်းသိမ်းရေးဇုန် ဖြစ်၍ ၄င်း၏ အဓိက စီမံခန့်ခွဲမှု ရည်မှန်းချက်မှာ လည်ပင်းနက်ကြိုးကြာငှက်နှင့် Ciconia nigra တို့ဖြင့် ကိုယ်စားပြုသည့် ရှားပါးမျိုးသုဉ်းလုနီးပါးသော ဆောင်းခိုဧည့်သည်ငှက်များနှင့် ရွှေ့ပြောင်းရန် ဤနေရာ၌ ရပ်နားထားသည့် ဧည့်သည်ငှက်များနှင့် ၎င်းတို့၏ မှီတင်းနေထိုင်ရာနေရာများ၏ လုံခြုံမှုကို ကာကွယ်ခြင်း ဖြစ်သည်။ ထိန်းသိမ်းရေးဇုန်၏ စုစုပေါင်း ဧရိယာအကျယ်အဝန်းမှာ ဟက်တာ ၂၄၀၀ ဖြစ်သည်။
နဖာဟိုင်သည် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် "နိုင်ငံတကာ အရေးပါသော စိုစွတ်မြေ" စာရင်းထဲသို့ ထည့်သွင်းပေးခဲ့ပြီး နိုင်ငံတကာ အရေးပါသော စိုစွတ်မြေဧရိယာမှာ ၂၀၈၃ ဟက်တာ ရှိပြီး ယူနန်ပြည်နယ်အတွင်းရှိ နိုင်ငံတကာ အရေးပါသောစိုစွတ်မြေ ၅ ခုထဲမှ တစ်ခု ဖြစ်သည်။
冬季的迪庆高原,千鹤集结,万鸟飞翔。1月9日上午,世界的“香格里拉”“生态迪庆 飞鸟天堂”第六届冬季国际观鸟节在香格里拉开幕,来自全国各地的观鸟爱好者们齐聚香格里拉,在纳帕海湖畔架起“长枪短炮”,蹲点拍鸟,开启一场纳帕海冬季观鸟之旅。今天,我们一起来了解最佳观鸟点——纳帕海。
纳帕海,在藏语里意为“森林背后的湖泊”,位于迪庆州香格里拉市建塘镇,平均海拔3260m,具有良好的区位优势和便捷的公共交通,是香格里拉市面积最大的高原湿地,是云南省低纬度高海拔最具代表性的季节性湖沼湿地,是高海拔地区生物多样性、物种多样性、基因多样性、遗传多样性较为集中的地区。
1984年经云南省人民政府批准成立省级自然保护区,以保护黑颈鹤、黑鹳为代表的珍稀濒危越冬候鸟和迁徙过境停歇候鸟及其栖息地安全为主要管理目标,保护区总面积2400hm2。
2004年12月7日被列入“国际重要湿地”名录,国际重要湿地总面积2083hm2,是全省五个国际重要湿地之一。(部分图片来源:纳帕海省级自然保护区管护局 、“三江并流的地方”微信公众号)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း












