ကူမင်း ဂျင်းတျန့်ရှုခင်းသာနေရာ၌ ၃၆ ကြိမ်မြောက် လက်ဖက်နှင်းဆီပန်းပြပွဲကို ကျင်းပနေ

2024-01-31 18:03|ရောင်စုံတိမ်တံတား

1541778_2048x2048

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ကူမင်းမြို့ ဂျင်းတျန့်ရှုခင်းသာနေရာ၌ ၃၆ ကြိမ်မြောက် လက်ဖက်နှင်းဆီပန်းပြပွဲကို ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ဤပန်းပြပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။ ဂျင်းတျန့်ရှုခင်းသာနေရာထဲမှ ၁၇၇၃ မို ကျယ်ဝန်းသော သစ်တောထဲတွင် စိုက်ပျိုးထားသည့် အမျိုး ၁၂၀၀ ကျော်၊ လက်ဖက်နှင်းဆီ အပင် ၄၀ သောင်းကျော်သည် ဇန်နဝါရီလမှ မတ်လအထိ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်ဖူးမည် ဖြစ်သည်။

1541779_2048x2048

တစ်နှစ်တစ်ကြိမ်ရှိသော ဂျင်းတျန့်ရှုခင်းသာနေရာသို့ မိုပေါင်း ထောင်နှင့်ချီသော လက်ဖက်နှင်းဆီပန်းခြံကို လည်ပတ်ပြီး ပွင့်ပေါင်း သောင်းနှင့်ချီသော လက်ဖက်နှင်းဆီပန်းများကို ကြည့်ရှုသည့် သဘာဝနှင့် လူမှုရေးရှုခင်းပြပွဲကို စတင်ကျင်းပမည် ဖြစ်၍ "ယူနန့်လက်ဖက်နှင်းဆီပန်း" ဟူသော လှပထူးဆန်းသော ကူမင်းမြို့ပြနာမည်ကတ်ပြားကို အနယ်နယ်အရပ်ရပ်သို့ ဆက်တိုက်မိတ်ဆက်ပေးမည် ဖြစ်သည်။

1541780_2048x2048

လက်ဖက်နှင်းဆီပန်းခြံ တစ်ခုလုံး၏ အကောင်းဆုံးသော လည်ပတ်ကြည့်ရှုချိန်သည် တရုတ်နွေဦးပွဲတော်ဝန်းကျင် ဖြစ်၍ ဤအချိန်တွင် လက်ဖက်နှင်းဆီပန်းများ ဝေဝေဆာဆာ ပွင့်ဖူးပြီး အရောင်အဆင်း တောက်ပပြီး ယူနန့်လက်ဖက်နှင်းဆီပန်းသည် ကမ္ဘာပေါ်တွင် ပထမတန်း ဖြစ်ခြင်း" ဟူသော စတိုင်များကို အပြည့်အဝ ဖော်ပြမည် ဖြစ်သည်။ ပန်းပြပွဲကျင်းပရာတွင် ဂျင်းတျန့်ရှုခင်းသာနေရာသို့ လာရောက်လျှင် မြေစိုက် လက်ဖက်နှင်းဆီပန်း အပင်ပေါင်း ၄ သိန်းကို ရှုစားနိုင်သည့်အပြင် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ပြသရာနေရာ၊ ဗဟို အပူရှိန်ရမှန်ကာအိမ် စသည့်နေရာများတွင် တိုးဖြည့်စိုက်ပျိုးပြီး ခင်းကျင်းထားသော လက်ဖက်နှင်းဆီပန်း အမျိုးမျိုးနှင့် ရာသီအလိုက် ပန်းမန်များကိုလည်း ရှုစားနိုင်၍ ၎င်းတို့အနက် အသစ်သွင်းယူလာခဲ့သည့် အပင်ပေါင်း ဆယ်နှင့်ချီသော လက်ဖက်နှင်းဆီမွှေးများကို ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ပြသရာနေရာရှိ ထင်ရှားသော နေရာ၌ ချပေးခဲ့၍ မြို့သူမြို့သားများမှာ ဤလက်ဖက်နှင်းဆီမွှေးများ၏ ပုံသဏ္ဍာန်ကို ကြည့်ရှုနိုင်ပြီး မွှေးရနံ့ကိုလည်း ရှူနိုင်နိုင်မည် ဖြစ်သည်။

1541781_2048x2048

ထို့ပြင် ၂၀၂၄ ခုနှစ် နွေဦးပွဲတော်အတွင်း ဂျင်းတျန့်ရှုခင်းသာနေရာ၌ အနှစ်သာရနှင့် ပြည့်စုံသော ထူးခြားချက်ရှိသည့် လှုပ်ရှားမှုများကို ကျင်းပမည် ဖြစ်သည်၊ ရိုးရာပြက္ခဒိန် ၁ လပိုင်း ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရိုးရာယဉ်ကျေးမှုများ ပြပွဲ၊ ဂျင်းတျန့်လမ်းစျေး၊ ၉ ရက်နေ့မှ ဘုရားပွဲ စသည့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ၊ လက်ဖက်နှင်းဆီပန်း၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စီမံကိန်းများ နှင့်ပတ်သက်သည့် သိပ္ပံပညာပေးရေးနှင့် သုတေသနပြုခြင်း လှုပ်ရှားမှုများကို ပါဝင်သည် ဖြစ်သည်။

1541782_2048x2048

1541783_2048x2048

1541784_2048x2048

1541778_2048x2048

昆明信息港讯 记者杨雁 昆明市金殿名胜区第三十六届茶花展在新年元旦启幕。花展时间为:2024年1月1日至3月7日。金殿名胜区1773亩山林遍植的1200余种、40余万株山茶将在元月至3月间次第开放。

1541779_2048x2048

一年一度,到金殿逛千亩茶园、观万朵山茶的自然与人文胜景至此拉开序幕,继续向五湖四海推介“云南山茶”这一美丽而独特的昆明城市名片。

1541780_2048x2048

整个茶花园的最佳游览期在春节前后,山茶怒放,流光溢彩,尽显“云南山茶甲天下”的风采。花展期间来到金殿名胜区,除欣赏40万株地栽山茶外,文物区、中心温室等区域增植、摆放各色山茶和时令花卉,其中新引种数十株香茶,置于文物区显著位置,市民可一睹香茶风采,一嗅香茶馨香。

1541781_2048x2048

另据悉,在2024年新春期间,金殿名胜区将呈现精彩纷呈的特色活动,包括龙年春节初一至十五景区将组织传统文化表演,举办金殿街市、正月初九庙会等文化活动;组织与山茶和非遗项目有关的科普研学活动。

1541782_2048x2048

1541783_2048x2048

1541784_2048x2048

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်