၁၆ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ

2024-01-31 17:27|ရောင်စုံတိမ်တံတား

1547663_2048x2048

(ရောင်စုံတိမ်တံတား ခင်ခင်ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ၁၆ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ စတင်ကျင်းပခဲ့၍ ၁၆ ရက်ကြာ ဆက်တိုက်ကျင်းပမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်တွင် ပြီးဆုံးသွားမည် ဖြစ်သည်။ မြို့သူမြို့သားများသည် တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာသို့ သွားပြီး ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို လှည့်လည်ကြည့်ရှုနိုင်၍ စည်ကားခြိမ့်သဲသော တရုတ်နှစ်သစ်၏ ရောက်ရှိခြင်းကို ကြိုတင်ခံစားနိုင်ကြသည်။

1547664_2048x2048

ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲသည် "နွေဦးမြို့၏ အရသာ၊ တရုတ်နွေဦးပွဲတော်" ဟူသော ခေါင်းစဉ်ဖြင့် ပြပွဲဧရိယာအကျယ်အဝန်းမှာ စတုရန်းမီတာ ၅ သောင်း စီစဉ်ခင်းကျင်းထား၍ တရုတ်နိုင်ငံတစ်ပြည်လုံးမှ နာမည်ကျော်သော၊ အရည်အသွေးကောင်းမွန်သော အထူးနှစ်သစ်ကူးကုန်ပစ္စည်းများ၊ ကမ္ဘာလုံး သွင်းကုန်ပစ္စည်းများ၊ နေရာအသီးသီးမှ အထူးစိုက်ပျိုးရေးထွက်ကုန်များ၊ ကုန်းပြင်မြင့် ထူးခြားချက်ရှိသည့် စိုက်ပျိုးရေးကုန်ပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် စားသုံးဆီများ၊ လက်ဖက်ခြောက်နှင့် အရက်များ၊ သားငါးအခြောက်အမျိုးမျိုးများ၊ သစ်သီးဝလံများစသည့် လတ်ဆတ်သောအစားအစာများ၊ လက်မှုပစ္စည်းများ၊ အဝတ်အစားများ၊ လူနေမှုဘဝဆိုင်ရာ ကုန်စည်များနှင့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်ကူးအသုံးအဆောင်များ စသည့် အမျိုးအစားပေါင်း သောင်းနှင့်ချီသော နှစ်သစ်ကူးကုန်ပစ္စည်းများကို ပြသသည်။

1547665_2048x2048

ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲတွင် ကုန်စည်ရောင်းချရေးကို အဓိကဆောင်ရွက်သည့်အပြင် ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေရေးလှုပ်ရှားမှုများကိုလည်း တွဲဖက်ကျင်းပမည် ဖြစ်၍ လူလတ်ပိုင်းနှင့် ဇရာပိုင်းများ အနုပညာဖျော်ဖြေတင်ဆက်ပွဲ၊ လူရွယ်လူငယ်များ အနုပညာဖျော်ဖြေတင်ဆက်ပွဲ၊ နှစ်သစ်လက်ဆောင်ကတ် အလုအယက်ဝယ်ယူခြင်း၊ ကော်ဖီယဉ်ကျေးမှု စုစည်းပြပွဲ၊ ဟန်အဝတ်အစားများ စုစည်းပြပွဲနှင့် ပမာဏ ကန့်သတ်မှုရှိသော ယဉ်ကျေးမှု အဆန်းထွင်ထုတ်ကုန်များ အခမဲ့ပေးခြင်း စသည့် လှုပ်ရှားမှုကြီး ၈ ခုကို ကျင်းပမည် ဖြစ်သည်။

1547663_2048x2048

昆明信息港讯 记者合宇聪 1月23日,第十六届中国昆明新春购物博览会暨“一刻钟便民生活节”(又称:“昆明年货节”)在滇池国际会展中心开幕。据了解,本届昆明年货节为期16天,于2月7日闭幕。市民可前往滇池国际会展中心逛昆明年货节,提前感受红火中国年的到来。

1547664_2048x2048

昆明年货节以“春城味·中国年”为主题,规划展览面积5万平方米,展销品类涵盖全国名特优年货、全球进口商品、各地特色农副产品、高原特色农业商品、副食粮油、茶叶酒水、腊味食品、瓜果生鲜、工艺品、品牌服饰、生活家居、喜庆年俗用品等上万种年货。

1547665_2048x2048

据了解,昆明年货节以商品展销为主体,以文化娱乐活动为载体,共有中老年文艺汇演活动、青少年文艺展演活动、超值“年礼卡”抢购、咖啡文化集、汉服大集活动、限量文创免费送等八大活动贯穿全部过程。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်