တျန်းချီရေကန်၏ မြစ်ဖျားခံရာဒေသတွင် မက်တာစီကွိုင်ယာပင်များ နီလာ၍ ဇီဝပတ်ဝန်းကျင် အလွန်လှပ
2024-01-31 18:02|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဆောင်းရာသီ နှောင်းပိုင်းကာလတွင် ကူမင်းမြို့ ဖန်လုံရပ်ကွက် တျန်းယွမ်လမ်းရှိ တျန့်ဝေရွာ မက်တာစီကွိုင်ယာပင် စိုစွတ်မြေထဲ၌ မက်တာစီကွိုင်ယာပင် အပင်ပေါင်း ၁.၆ သောင်းကျော်၏ အရွက်များသည် မီးကဲ့သို့ နီပြီး အလွန် ခမ်းနားထည်ဝါ၍ ၄င်းသည် တျန်းချီရေကန်၏ မြစ်ဖျားခံရာဒေသ၏ သာယာလှပသော သဘာဝရှုခင်းများကို ပြည့်ဝစွာ ပြသထားသည်။
တျန်းယွမ်လမ်းသည် ကူမင်းမြို့ရှိ အဓိကကျသော သောက်သုံးရေ မြစ်ဖျားခံရာဒေသ ဖြစ်သည့် ဆွန်ဟွာဘရေလှောင်ကန် ထန်းသိမ်းရေးဇုန်ထဲတွင် တည်ရှိသည်။ တျန်းချီရေကန်၏ အရေးပါသော မြစ်ဖျားခံရာတစ်ခုဖြစ်သည့် လိမ်ရွှေမြစ်သည် တျန့်ဝေရွာကို ဖြတ်သန်းစီးဆင်းပြီး တောင်ဘက်သို့ ကွေ့ဝိုက်စီးဆင်း၍ မူရမ်မြစ်နှင့်အတူ ဆွန်ဟွာဘရေလှောင်ကန်အတွင်းသို့ စီးဝင်ကာ ရေလှောင်ကန်မှ စီးထွက်ပြီးနောက် ဖန်လုံမြစ်ရေကို ဖြစ်လာပြီးနောက် ကူမင်းမြို့ကို ဖြတ်သန်းစီးဆင်းပြီး တျန်းချီရေကန်အတွင်းသို့ စီးဝင်ကြသည်။ ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြစ်ဖျားခံရာ ကာကွယ်ရေးလုပ်ငန်းကို ဆယ်နှစ်ကျော် ဆက်တိုက် ဆောင်ရွက်ခြင်းအားဖြင့် တျန်းယွမ်လမ်းပိုင်ခွင့်အတွင်းရှိ သစ်တောမြက်ပင်နှင့် သတ္တဝါ ကြားခံဒေသသည် အပင်၏ရေအရည်အသွေး သန့်စင်ခြင်းအစွမ်းသတ္တိကို အပြည့်အဝ ထုတ်ဖော်ခဲ့သည်။ လက်ရှိအချိန်တွင် တျန့်ဝေရွာ မက်တာစီကွိုင်ယာပင်စိုစွတ်မြေ၌ ရုက္ခပင် ကြွယ်ဝပေါများပြီး ရေကြည်လင်လှ၍ ဤနေရာသည် ကူမင်းပတ်လည်နားတွင် မက်တာစီကွိုင်ယာပင် ကြည့်ရှုလည်ပတ်ရန် အကြီးဆုံးသော နေရာကောင်း ဖြစ်လာပြီဖြစ်၍ နှစ်စဉ် ဆောင်းရာသီတွင် မြို့သူမြို့သားများနှင့် ခရီးသည်များကို လာရောက်ကြည့်ရှုရန် ဆွဲဆောင်လျက်ရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
























