ယူနန်ပြည်နယ် ချန်းနင်ခရိုင်၌ တရုတ်မို ၄၀၀၀ ကျယ်ဝန်းသော ဆီထွက်မုန်ညင်းစိမ်းပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးနေကြ
2024-01-31 15:58|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုအချိန်တွင် ယူနန်ပြည်နယ် ပေါင်စန်းမြို့ ချန်းနင်ခရိုင် ဂိန်းကာမြို့နယ်၌ အဝါရောင်နှင့် အစိမ်းရောင် တစ်တန်းစီခြားသည့် ဆီထွက်မုန်ညင်းစိမ်းပန်း တစ်ကွက်ကွက်ဖြင့် မြေကြီးအတွက် စိမ်းဝါရောင် ဖြစ်သည့် ကင်းဗတ်တစ်ချပ်ကို ခြုံရုံထားသကဲ့သို့ ဖြစ်သည်။ ဆောင်းကူးရာသီ စပါးရိတ်သိမ်းပြီးနောက် ဂိန်းကာမြို့နယ်ရှိ တရုတ်မို ၄၀၀၀ ကျယ်ဝန်းသော လယ်ခင်းထဲတွင် ဆီထွက်မုန်ညင်းစိမ်းမျိုးစေ့များကို ချခဲ့သောကြောင့် ဆောင်းရာသီ ရောက်လာသည် နှင့်အမျှ ဤဆီထွက်မုန်ညင်းစိမ်းပန်းများသည် တိတ်တိတ်ဆိတ်ဆိတ် ဝေဝေဆာဆာ ပွင့်ဖူးနေပြီ ဖြစ်သည်။
ယခုနှစ်များတွင် ဂိန်းကာမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖွဲ့စည်းပုံကို ကောင်းမွန်အောင် အဆက်မပြတ် ဆောင်ရွက်ခဲ့ပြီး "စပါးနှင့် ဆီထွက်မုန်ညင်းစိမ်းများ အလှည့်ကျ စိုက်ပျိုးခြင်း" ဟူသော စိုက်ပျိုးရေးနည်းများကို တက်ကြွစွာ ပြန့်ပွားအောင် လုပ်ခဲ့၍ စားနပ်ရိက္ခာလုံခြုံရေးကို စိတ်ချရစေခြင်းနှင့် စားနပ်ရိက္ခာ ထွက်ကုန်အရေအတွက်ကို တိုးပွားစေခြင်းကို အခြခံပြုပြီး ဆောင်းကူးရာသီ သီးနှံရိတ်သိမ်းပြီးနောက် ဆောင်းရာသီတွင် အသုံးမချဘဲဘေးချိတ်ထားသော လယ်မြေများ၌ ဆီထွက်မုန်ညင်းစိမ်းများကို စိုက်ပျိုးပြီး ဆောင်းရာသီထဲမှ အသုံးမချဘဲဘေးချိတ်ထားသော လယ်မြေများကို တောင်သူလယ်သမားများ၏ ဝင်ငွေတိုးပွားစေသည့် လယ်မြေများအဖြစ် ပြောင်းလဲစေခဲ့သည်၊ ရွှေဝါရောင်ဖြစ်သည့် ဆီထွက်မုန်ညင်းစိမ်းပန်း တစ်စည်းစည်း၊ တစ်ကွက်ကွက်သည် လူနေမှုပတ်ဝန်းကျင်ကို အလှဆင်ရုံသာမက ဂိန်းကာမြို့နယ်၏ ဇီဝခရီးသွားလုပ်ငန်းအတွက် ရှင်သန်သောစွမ်းအားများကိုလည်း တိုးဖြည့်ပေးခဲ့သည် ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့










