အိတ်ဆောင်ဥယျာဉ် အခု ၉၀၀ ကျော်ရှိပြီ ဖြစ်၍ ကူမင်းမြို့သည် အခု ၁၀၀၀ ရှိသည့် မြို့ကို ဖြစ်လာတော့မည်
2024-01-17 16:06|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဇန်နဝါရီလ ၇ ရက်နေ့တွင် ကူမင်းမြို့ ရှီးစန်းရပ်ကွက်ရှိ ဇိမ်မင်ရှီးလမ်းနှင့် ကျင့်ဟွာဖူလမ်းတို့၏ လမ်းဆုံ၏ အနောက်တောင်ဘက်ရှိ ခခဥယျာဉ်ထဲ၌ လှိုင်းကယက်ပုံစံနှင့်တူသော နံရံဝင်းထရံများနှင့် ခရုခွံများဖြင့် အပြည့်အဝ အလှဆင်ထားသည့် ထွင်းထုသော နံရံမျက်နှာပြင်များသည် အနီးနားရှိ မိဘအများအပြားကို ၄င်းတို့၏ ကလေးများအား "ပင်လယ်သမုဒ္ဒရာကမ္ဘာ"ထဲတွင် နေခြင်း၏ ပျော်ရွှင်မှုများကို လာရောက်ခံစားစေရန် ဆွဲဆောင်ခဲ့သည်။
အခုနှစ်များတွင် ကူမင်းမြို့သည် အိတ်ဆောင်ဥယျာဉ် (အသေးစားဥယျာဉ်) များကို တည်ဆောက်ရန် အဆက်မပြတ် ရှေ့တိုးခဲ့ပြီး မြို့ပြထဲရှိ စိမ်းလန်းသောနေရာများကို ပိုမိုကောင်းမွန်စေအောင် ပိုမိုချိန်ခွင်လျှာညီစေအောင် ဆက်လက်ဆောင်ရွက်ခဲ့ပြီး စိမ်းလန်းသော အများပိုင်နေရာများကို ချဲ့ထွင်ခဲ့ကာ အများပြည်သူ၏ ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုကို စဉ်ဆက်မပြတ် တိုးမြှင့်လျက်ရှိစေသည်။ ၂၀၂၃ ခုနှစ်တွင် ကူမင်းမြို့သည် အိတ်ဆောင်ဥယျာဉ် အခု ၅၀၀ ကို တည်ဆောက်ရန် စီစဉ်ခဲ့၍ ဤနှစ် ဒီဇင်ဘာလဆန်းအထိ အခု ၄၀၀ ကို တည်ဆောက်ပြီးဆုံးသွားခဲ့ပြီ ဖြစ်၍ အကြွင်းအကျန်များကို စနစ်တကျ ရှေ့သို့ တွန်းတင်နေသည် ဖြစ်သည်။ မပြည့်စုံသော စာရင်းဇယားများအရ မြို့တစ်ခုလုံးအတွင်း ဥယျာဉ် အခုပေါင်း ၉၀၀ ကျော်ရှိပြီ ဖြစ်၍ ကူမင်းမြို့သည် ဥယျာဉ် အခု ၁၀၀၀ ရှိသည့် မြို့ကို ဖြစ်လာတော့မည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ










