"ရှန့်ဝမ်ဟောင့်" ယူနန်ပြည်နယ်အတွင်း ဝိုင်းပတ်ခရီးသွားရထားသည် ဖူအော်မြို့ ကျင်မိုက်တောင်ထဲသို့ ခုတ်မောင်းပြေးဆွဲ

2024-01-17 15:54|ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဇန်နဝါရီလ ၁၀ ရက်နေ့တွင် "ရှန့်ဝမ်ဟောင့်"ဟုခေါ်သည့် ယူနန်ပြည်နယ်အတွင်း ဝိုင်းပတ်ခရီးသွားရထားသည် ခရီးသည် အယောက် ၄၈၀ ကို တင်ဆောင်ထားပြီး ကူမင်းဘူတာရုံမှ စတင်ထွက်ခွာခဲ့၍ တရုတ်-လာအို ရထားလမ်း မှတစ်ဆင့် ဖူအော်မြို့သို့ သွားခဲ့သည်။ ၄င်းသည် "ရှန့်ဝမ်ဟောင့်" ခရီးသွားရထားမှာ ဖူအော်မြို့ ကျင်မိုက်တောင်ထဲသို့  တရားဝင် ခုတ်မောင်းပြေးဆွဲခဲ့ခြင်းကို လက္ခဏာဆောင်ထားသည်။

2

3

"ရှန့်ဝမ်ဟောင့်" ယူနန်ပြည်နယ်အတွင်း ဝိုင်းပတ်ခရီးသွားရထားသည် China Railway Kunming Group Co.,Ltd. မှ "ခရီးသည်များကို ယူနန်ပြည်နယ်သို့ ဝင်ရောက်ရန် ဆွဲဆောင်းခြင်း" နှင့် "ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး" တို့ကို တိုးပွားစေ သည့်အတွက်၊ ယူနန်ပြည်နယ်၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးတည်ချက်အသစ်ကို စူးစမ်းလေ့လာသည့်အတွက် သစ်လွင်ဖန်တီးထားသော ခရီးသွားလာရေး ဝန်ဆောင်မှု အမှတ်တံဆိပ် ဖြစ်သည်။ ယူနန်ပြည်နယ်၏ ခရီးသွားလုပ်ငန်းဆိုင်ရာ ထူးခြားချက်များ၊ စျေးကွက်၏ လိုအပ်ချက်များတို့နှင့် ပေါင်းစပ်၍ တင်ပြခဲ့သည့် ယူနန်တောင်ပိုင်းဒေသ၊ ယူနန်အနောက်ပိုင်းဒေသ၊ ယူနန်အရှေ့ပိုင်းဒေသသို့ ခရီးသွားဝိုင်းပတ်လမ်း စသည့် လမ်းကြောင်းမတူသော၊ ခေါင်းစဉ်အကြောင်းအရာ မတူသော စီးရီးဖြစ်သော ခရီးသွားထုတ်ကုန်များ ဖြစ်သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် "ဆီးနှင်းတောင်မှ မိုးသစ်တောသို့ ရောက်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ပထမဆုံး "ရှန့်ဝမ်ဟောင့်" ယူနန်ပြည်နယ်အတွင်း ဝိုင်းပတ်ခရီးသွားရထားသည် ခုတ်မောင်းပြေးဆွဲခဲ့ကတည်းက အခုအထ စုစုပေါင်း ၅ ကြိမ် ပြေးဆွဲခဲ့ပြီး ခရီးသည် အကြိမ်ရေ ၂၄၀၀ ကျော် ပို့ဆောင်ခဲ့သည်။

4

5

ဤအကြိမ် ခုတ်မောင်းသည့် "ရှန့်ဝမ်ဟောင့်" ယူနန်ပြည်နယ်အတွင်း ဝိုင်းပတ်ခရီးသွားရထား၏ ခေါင်းစဉ်သည် "ယူနန်ဟုခေါ်သည့် ဘဝတစ်မျိုး- စိတ်ကူးယဉ်ဆန်သော ယူနန်တောင်ပိုင်းဒေသ" ဖြစ်ကာ ရထားသည် ကူမင်းမြို့မှ ထွက်ခွာပြီး လမ်းတစ်လျှောက်တွင် ဖူအော်မြို့နှင့် ဆစ်ဆောင်ပန်းနား ပြည်နယ်ခွဲတို့ကို လည်ပတ်ကြည့်ရှု၍ ခရီးသည်များသည် ဤရထားစီးပြီး လက်ဖက်တောင်များနှင့် မိုးသစ်တောများ၏ လှပမှုများကို ခံစားနိုင်ကြသည်။

1

昆明信息港讯 记者上官艳君 1月10日,云南省内环线旅游列车“象往号”载着480名游客从昆明站始发,经中老铁路前往普洱,标志着“象往号”正式开进普洱景迈山。

2

3

“象往号”省内环线旅游列车是中国铁路昆明局集团有限公司为促进“引客入滇”“乡村振兴”,探索云南旅游业发展新方向,全新打造的旅游服务品牌。结合云南旅游特色和旅游市场需求,推出的滇南、滇西、滇东旅游环线等不同线路、不同主题的谱系化旅游产品。自2023年11月17日,首趟“象往号”省内环线旅游列车——“从雪山到雨林”开行,截至目前共开行5趟,接待服务游客超2400人次。

4

5

此次开行的“象往号”省内环线旅游列车主题为“有一种叫云南的生活—梦幻滇南”,列车从昆明出发,一路游览普洱、西双版纳,游客坐着火车便能感受茶山之韵、雨林之梦。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်