ယူနန်ပြည်နယ် ခိုင်းယွမ်မြို့တွင် ဆောင်းချယ်ရီပန်းများ ပွင့်ဖူး၍ လည်ပတ်ကြည့်ရှုရန် လယ်ယာလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေ
2024-01-16 18:04|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မကြာသေးမီက ဟုံဟယ် ဟာနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ခိုင်းယွမ်မြို့ လက်ပိုင်တောက်လမ်းမှ ဆန်းကျူဝမ်းရွာရှိ ဆောင်းချယ်ရီပန်းများသည် ရှေ့စဉ်နောက်ဆက် ပွင့်ဖူးနေကြသည်။ ကောင်းကင်ပြာနှင့် တိမ်ဖြူများ၏ ရောင်ပြန်ဟပ်ခြင်းအားဖြင့် မိုးဆန်းပန်း တစ်ပင်ပင်သည် ပန်းနုရောင် ဖြစ်ပြီး ထွန်းလင်းတောက်ပကာ အလွန်အေးမြသော ဆောင်းရာသီအတွက် နွေဦးရာသီ၏ အငွေ့အသက်များကို ယူဆောင်ပေးသည်။
ဆန်းကျူဝမ်းရွာသည် ခိုင်းယွမ်မြို့ အရှေ့ပိုင်းဒေသတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၁၆၄၀ မြင့်သော တောင်များအကြားတွင် ဖုံးကွယ်လျှို့ဝှက်ထား၍ ဤနေရာတွင် နေလျှင် မြို့တွင်းရပ်ကွက်ကို ငို့ကြည့်နိုင်ပြီး နံနက်ခင်းတွင် နေထွက်ချိန်ကို ကြိုဆိုနိုင်ပြီး ညတွင် ကောင်းကင်ယံတစ်ခုလုံး ညနေဆည်းဆာများ ပြည့်နေကာ ရှုခင်းရှုစားရန်နှင့် အပန်းဖြေရန် အကောင်းဆုံးသော နေရာတစ်ခု ဖြစ်သည်။ ဆန်းကျူဝမ်းရွာသည် ခိုင်းယွမ်မြို့ရှိ ထင်ရှားကျော်ကြားသော "ပန်းနှင့် အသီး များသောရွာ"လည်း ဖြစ်၍ သစ်သီးပင်များသည် သစ်တောများနှင့် အိမ်ရှေ့အိမ်နောက်တွင် ပြန့်နှံ့လျက်ရှိသည်။
ယခုနှစ်များတွင် ခိုင်းယွမ်မြို့ကို ဘက်ပေါင်းစုံ စီမံခန့်ခွဲမှုနှင့် ပံ့ပိုးဆောက်လုပ်ရေး နှင့်အမျှ ဆန်းကျူဝမ်းရွာတွင် နေရာအနှံ့ လမ်းပေါက်ပြီး ရွာ၏ အသွင်အပြင်၊ ယဉ်ကျေးမှုနှင့် သန့်ရှင်းရေးသည် သစ်လွင်တင့်ဆန်းလာခဲ့သည်။ ရွာမှာ အခွင့်အလမ်း ဆုပ်ကိုင်ပြီး ချယ်ရီသီးခြံသို့ ခွတ်ခူးသွားခြင်း၊ ဆောင်းချယ်ရီပန်း ကြည့်ရှုခြင်း စသည့် လည်ပတ်ကြည့်ရှုရေးလုပ်ငန်းများကို အားတွန်ခွန်စိုက် ဖွံ့ဖြိုးတိုးတက်စေ၍ အိမ်ရှေ့အိမ်နောက်၊ ကားလမ်းတစ်လျှောက်လုံး၊ တောင်သို့ မျက်နှာမူသည့် သစ်သီးခြံ၊ ကောနေသောတောင်နှင့် တောင်စောင်းများတွင် ဆောင်းချယ်ရီပင် အပင် ၈၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ကာ လည်ပတ်ကြည့်ရှုရန် လယ်ယာလုပ်ငန်းများကို တိတ်တိတ်ဆိတ်ဆိတ် ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်






























