ချစ်ဖွယ်ကောင်းလှ၊ ယူနန်ပြည်နယ် မန်စီမြို့ရှိ ဖယ်ယာမျောက်မျက်ကွင်းဖြူ အုပ်စုအမျိုးအစားထဲတွင် ကလေးများ တိုးလာ
2024-01-15 17:44|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ မန်စီမြို့ရှိ တောအုပ်ထဲ၌ နေထိုင်သည့် ဖယ်ယာမျောက်မျက်ကွင်းဖြူ အုပ်စုအမျိုးအစားထဲတွင် ကလေးများစွာကို တိုးလာခဲ့သည်။ သဘာဝဂေဟပတ်ဝန်းကျင်ကို ရိုက်ကူးသည့် ဓာတ်ပုံဆရာ၏ မှန်ဘီလူးထဲတွင် တစ်ကိုယ်လုံး ရွှေဝါရောင်ဖြစ်သည့် "မျောက်ကလေး"များသည် “မီးခိုးရောင်မျောက်ကြီး"များ၏ ရင်ခွင်ထဲတွင် ဘယ်ပြန်ညာပြန် လှည့်ပြီး ကြည့်၍ အဆက်မပြတ် လှုပ်ရှားနေ၍ "စိတ်ပါဝင်စားမှုရှိသည့် ကလေး" ကဲ့သို့ ချစ်ဖွယ်ကောင်းလှသည် ဖြစ်ကြောင်း တွေ့နိုင်သည်။
ဖယ်ယာမျောက်မျက်ကွင်းဖြူသည် တရုတ်နိုင်ငံ အမျိုးသားအဆင့် ပထမအဆင့် ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် ဖြစ်သည်၊ "မျောက်ကလေး"များသည် မွေးတုန်းက တစ်ကိုယ်လုံး ရွှေဝါရောင်ဖြစ်၍ ၃ လသားအရွယ်ခန့်တွင် ငွေမီးခိုးရောင်သို့ တဖြည်းဖြည်း ပြောင်းလာလျက်ရှိသည်။ ဖယ်ယာမျောက်မျက်ကွင်းဖြူသည် ချစ်ဖွယ်ကောင်းသော အသွင်အပြင်ရှိ ရုံသာမက သီးနှံများကို ပျက်စီးသည့် မှတ်တမ်းဆိုးမရှိ သလောက် မျောက်များထဲမှ "ကလေးကောင်း"လည်း ဖြစ်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို









