ကူမင်းရုက္ခဗေဒဥယျာဉ်တွင် ၂၁ ကြိမ်မြောက် တရုတ်ဖယောင်းပန်းပြပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ကျင်းပမည်
2024-01-11 14:27|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တရုတ်ဖယောင်းပန်းများ ပွင့်ဖူးသည့်အခါ နွေဦးရာသီ မရောက်သေးသော်လည်း နွေဦးရာသီ ရောက်သောအခါ တရုတ်ဖယောင်းပန်းများ ဝေဝေဆာဆာ ပွင့်ဖူးသည့် အချိန် ဖြစ်သည်။ ဇန်နဝါရီလ ၁၃ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ကူမင်းရုက္ခဗေဒဥယျာဉ်တွင် ၂၁ ကြိမ်မြောက် တရုတ်ဖယောင်းပန်းပြပွဲကို ကျင်းပရမည် ဖြစ်သည်။
တုန်းယွန် (အရှေ့ဥယျာဉ်) ရှိ တရုတ်ဖယောင်းပန်းဥယျာဉ်သည် ကူမင်းရုက္ခဗေဒဥယျာဉ်တွင် သမိုင်းအရှည်ဆုံးသော သီးခြားဥယျာဉ် ဖြစ်၍ ဤဥယျာဉ်ထဲရှိ အပင်ကြီးမျိုးပုံသဏ္ဍာန်နှင့် တူသော တရုတ်ဖယောင်းပင်များသည် ပျမ်းမျှအားဖြင့် အနှစ် ၈၀ ကြာသည့် စိုက်ပျိုးရေးနှင့် ထိန်းသိမ်းရေးသမိုင်း ရှိပြီ ဖြစ်သည်။ "အခုအအချိန်မှာ ဒီတရုတ်ဖယောင်းပန်းတွေက တစ်ပင်ပြီးတစ်ပင် ပွင့်ဖူးနေပြီး အကောင်းဆုံး ပန်းကြည့်ချိန်ကတော့ ဇန်နဝါရီလကုန်ကနေ နွေဦးပွဲတော်အထိ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။" ဟု တရုတ်သိပ္ပံပညာတံခွန်အသင်း ကူမင်းရုက္ခပင်သုတေသနဌာနမှ အဆင့်မြင့် အင်ဂျင်နီယာ စိမ်ယူကွန်းက မိတ်ဆက်ပေးခဲ့သည်။
ကူမင်းရုက္ခဗေဒဥယျာဉ်တွင် ၂၁ ကြိမ်မြောက် တရုတ်ဖယောင်းပန်းပြပွဲ ကျင်းပရာတွင် အရည်အသွေးမြင့် တရုတ်ဖယောင်းပန်းပြပွဲ၊ နဂါးနှစ်ကို ကြိုဆိုရန်နှင့် နှစ်သစ်ဇိမ်ခံရန် နှစ်ချိုးစပ်စာတန်းများပေးပို့ခြင်း စသည့် လှုပ်ရှားမှု ၅ ရပ်ကို ကျင်းပမည် ဖြစ်ကြောင်း တရုတ်သိပ္ပံပညာတံခွန်အသင်း ကူမင်းရုက္ခပင်သုတေသနဌာနမှ လက်ထောက်သုတေသီ လျံမွန်မွန်က မိတ်ဆက်ပေးခဲ့သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ






















