တရုတ်-လာအို ရထားလမ်း၏ လာအိုနိုင်ငံအပိုင်းတွင် နေ့စဉ်ပို့ဆောင်သည့် ခရီးသည်ပမာဏသည် စံချိန်ချိုးခဲ့
2024-01-02 11:05|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) နှစ်ကူးပိတ်ရက်ကာလ၏ ပထမဆုံးနေ့တွင် ယူနန်ရထားလမ်းသည် ခရီးသည်သွားလာမှု အများဆုံးသော အချိန်ကို ကြိုဆိုလာပြီး ခရီးသည် အကြိမ်ရေ ၃၆.၇ သောင်းကို ပို့ဆောင်ခဲ့၍ ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၁၆၉.၁ ရာခိုင်နှုန်း တိုးလာခဲ့ကာ ခရီးသည်များသည် ဤနှစ် နှစ်ကူးပိတ်ရက်ကာလအတွင်း ရထားလမ်းတွင် ပို့ဆောင်သည့် ဧည့်သည်များထဲမှ တိုးတက်မှုအသစ် ဖြစ်လာခဲ့သည် ဖြစ်ကြောင်း သတင်းထောက်က China Railway Kunming Group Co.,Ltd. မှ သိရှိရခဲ့ပါသည်။
လိကျန်း-ရှန်ဂရီလာ ရထားလမ်း ဖွင့်လှစ်လည်ပတ်ခဲ့ပြီး ကတည်းက ယူနန်ပြည်နယ် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၌ ရထားလမ်း မရှိသည့် သမိုင်းကို ပြီးဆုံးစေ ရုံသာမက ခရီးသည်အများအပြားအား ရှန်ဂရီလာသို့ သွားရောက်ရန် ဆွဲဆောင်ခဲ့သည်။ နှစ်ကူးပိတ်ရက်ကာလ၏ ပထမဆုံးနေ့တွင် လိကျန်း-ရှန်ဂရီလာ ရထားလမ်းတွင် ပို့ဆောင်ခဲ့သည့် ခရီးသည်ပမာဏသည် အကြိမ်ရေ တစ်သောင်းကို ကျော်လွန်ခဲ့၍ ဖွင့်လှစ်ခဲ့သည့် အစပိုင်းမှ နေ့စဉ် အကြိမ်ရေ သုံးထောင်ထက် နှစ်ဆကျော် တိုးလာခဲ့သည် ဖြစ်သည်။
ယခုနှစ် နှစ်ကူးပိတ်ရက်ကာလအတွင်း တရုတ်-လာအို ရထားလမ်းဖြင့် နယ်စပ်ဖြတ်ကျော် ခရီးသွားခြင်းသည် ခရီးသည်များ၏ နှစ်သက်မှုကို များစွာရရှိခဲ့သည်၊ နှစ်ကူးပိတ်ရက်ကာလ၏ ပထမနေ့တွင် တရုတ်-လာအို ရထားလမ်းမှ မိုဟန်ရထားလမ်း နယ်စပ်ဂိတ်တွင် တရုတ်နှင့် နိုင်ငံခြား ခရီးသည် စုစုပေါင်း ၆၀၀ နီးပါးကို စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သည်။ နိုင်ငံခြားခရီးသည်များနှင့် ပိုမိုကောင်းမွန်စွာ ဆက်သွယ်နိုင်သည့်အတွက် တရုတ်-လာအို ရထားလမ်းမှ နိုင်ငံတကာ ခရီးသည်တင်ရထားများပေါ်တွင် တရုတ်၊ လာအိုနှင့် အင်္ဂလိပ် ဘာသာစကားသုံးမျိုးဖြင့် အသံလွှင့်ပြီး ဘာသာစကားမျိုးစုံကို ဘာသာပြန်နိုင်သည့် ဘာသာပြန်ကိရိယာများကို တပ်ဆင်ထားပြီး လာအို၊ အင်္ဂလိပ်နှင့် တိုင်းရင်းသား စကားများကို ပြောတတ်သည့် အမှုထမ်းများကို တာဝန်ကျရန် စီစဉ်၍ နိုင်ငံခြားခရီးသည်များအား ဘာသာစကားသုံးမျိုးဖြင့် ရေးသားသည့် ပြည်ဝင်ပြည်ထွက် သတိပေးစာကို ဖြည့်သွင်းရန် အကူအညီပေးပြီး ရထားလမ်းတစ်လျှောက်ရှိ တိုင်းရင်းသား ရီးသည်များနှင့် နိုင်ငံခြားခရီးသည်များအား ပိုမိုကောင်းမွန်သော ရထားစီးအတွေ့အကြုံများကို ရရှိစေပါသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တရုတ်-လာအို ရထားလမ်း၏ လာအိုနိုင်ငံအပိုင်းတွင် နေ့စဉ်ပို့ဆောင်သည့် ခရီးသည် အကြိမ်ရေ ၁၂၅၆၁ ရှိ၍ နောက်ထပ် စံချိန်ချိုးခဲ့သည်။ ၎င်းသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစပြီး စတုတ္ထအကြိမ်မြောက် ဖြစ်ကြောင်း သတိပြုသင့်သည်။
昆明信息港讯 记者上官艳君 记者从中国铁路昆明局集团有限公司(下称“国铁昆明局”)获悉,元旦小长假首日,云南铁路迎来客流高峰,旅客发送量36.7万人次,较去年同期增长169.1%。旅游客流成为今年铁路元旦客流新增长。
丽香铁路开通运营以来,不仅结束了云南迪庆藏族自治州不通铁路的历史,也吸引大量游客前往香格里拉。元旦假期首日,丽香铁路旅客发送量突破1万人次,较开通初期的单日3000余人次增长了2倍多。
今年的元旦小长假,中老铁路跨境游也深受游客青睐,元旦小长假首日中老铁路磨憨铁路口岸共验放近600名中外游客。为了更好的和外籍旅客沟通,中老铁路国际旅客列车上,采用中、老、英三语广播,配有可翻译多种语言的翻译设备,安排会说老挝语、英语,及少数民族语言的乘务人员值乘,帮助外籍旅客填写三语出入境提示卡,让沿线少数民族旅客和外籍旅客获得更好的乘车体验感。
2023年12月30日,中老铁路老挝段单日旅客发送12561人次,再创历史新高。值得注意的是,这是2023年12月来老挝段第四次创单日客流新高。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု