ရှန်ဟိုင်း-ယူနန် လင်ကန် ကူမင်းသိပ္ပံနည်းပညာဇုန် ဖွင့်လှစ်ခဲ့၊ ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်သည် ရှေ့ပြေးသရုပ်ပြဧရိယာကို တည်ဆောက်

2023-12-31 17:24|ရောင်စုံတိမ်တံတား

1533935_700x700

(ရောင်စုံတိမ်တံတား ခင်ခင်ဒီဇင်ဘာလ ၃ ရက်နေ့တွင် တရုတ်(ယူနန်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း၌ ရှန်ဟိုင်း-ယူနန် လင်ကန် ကူမင်းသိပ္ပံနည်းပညာဇုန်နယ်ကို တရားဝင် စတင်ဖွင့်လှစ်ခဲ့၍ ကူမင်းမြို့နှင့် ရှန်ဟိုင်းမြို့ လင်ကန် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စုတို့၏ သက်ဆိုင်ရာ တာဝန်ခံသူများသည် ပါဝင်တက်ရောက် ခဲ့ကြသည်။

ရှန်ဟိုင်း-ယူနန် လင်ကန် ကူမင်းသိပ္ပံနည်းပညာဇုန်နယ်သည် ယူနန်ပြည်နယ်နှင့် ရှန်ဟိုင်းမြို့တို့မှာ "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" အဆိုပြုချက် အတူတကွ တည်ဆောက်ရေးထဲတွင် ပါဝင်ပေါင်းစပ်ပြီး ယူနန်ပြည်နယ်၏ တည်ဆောက်ရေးနှင့် တရုတ်-လာအို ရထားလမ်း တစ်လျှောက်၏ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဝန်ဆောင်ပေးသည့် အရေးပါသော လုပ်ဆောင်ချက် ဖြစ်၍ ရှန်ဟိုင်းနှင့် ယူနန်တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အကောင်းဆုံးသော ဆက်စပ်ရာနေရာဖြစ် ရုံသာမက ကူမင်းမြို့သည် စက်မှုလုပ်ငန်း လွှဲပြောင်းခြင်းကို အားသွန်ခွန်စိုက် လက်ခံရန် အကောင်းဆုံးသော အားထုတ်ရာနေရာလည်း ဖြစ်သည်။  ရှန်ဟိုင်း-ယူနန် လင်ကန် ကူမင်းသိပ္ပံနည်းပညာဇုန်နယ်၏ တည်ဆောက်ရေးသည် ရှန်ဟိုင်းမြို့၏ စွမ်းဆောင်ရည်နှင့် ကူမင်းမြို့၏ လက်တွေ့ဆောင်ရွက်မှုများကို အချင်းချင်းပေါင်းစပ်၍ စီမံကိန်းများ ဆောက်လုပ်ရေး ပြေးလမ်းပေါ်တွင် "ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန်၏ မြင့်မားသော အရှိန်အဟုန်"ဖြင့် ပြေးဆွဲနေသည် ဖြစ်သည်။

1533931_700x700

ရှန်ဟိုင်း-ယူနန် လင်ကန် ကူမင်းသိပ္ပံနည်းပညာဇုန်နယ် စတင်ဖွင့်လှစ်ခဲ့သည် နှင့်အမျှ ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း) စီမံခန့်ခွဲရေးကော်မတီသည် သိပ္ပံနည်းပညာဇုန်နယ်၏ စက်မှုလုပ်ငန်း ထောက်ခံရေး ပေါ်လစီမှ စီမံခန့်ခွဲနည်း ၁၀ ချက်ကို ချက်ချင်းထုတ်ပြန်ခဲ့သည် ဖြစ်၍ သိပ္ပံနည်းပညာဇုန်နယ်ထဲတွင် အခြေချသည့် ကုမ္ပဏီများသည် ပြည်နယ်၊ မြို့၊ ရပ်ကွက် အဆင့် ၃ ဆင့်၏ ပေါ်လစီဆိုင်ရာ ထောက်ခံမှုများကို ရရှိနိုင်၍ အများဆုံးအားဖြင့် ဆုလာဘ် ယွမ် သန်း ၆၀ ကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်၊ စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်၊ အထွေထွေ အခွန်ကင်းလွတ်ဇုန်၊ နယ်စပ်ဖြတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ဟူသော "ဇုန် ၄ ဇုန်" ၏ အားသာချက်များ ပေါင်းစပ်ထားသည့် တံခါးဖွင့်အထူးဇုန်အဖြစ် ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း)သည် စက်ကိရိယာများ ထုတ်လုပ်ရေး၊ ခေတ်မီ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဇီဝဆေးဝါး ဟူသော အဓိကစက်မှုလုပ်ငန်း သုံးရပ်တို့မှာ အတူတည်ရှိပြီး အချင်းချင်း ဖွံ့ဖြိုးတိုးတက်စေသည့် စက်မှုလုပ်ငန်းစနစ်ကို ဖြစ်လာခဲ့ပြီ ဖြစ်၍ ကူမင်းမြို့နှင့် ယူနန်ပြည်နယ်တို့တွင် တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသများ အထူးသဖြင့် ရှန်ဟိုင်းမြို့၏ စက်မှုလုပ်ငန်းများ လွှဲပြောင်းခြင်းကို လက်ခံသည့် ဗဟိုဧရိယာဖြစ်သည်။

1533933_700x700

အနာဂတ်တွင် ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း)သည် နိုင်ငံတော် မဟာဗျူဟာများထဲတွင် ယခင်ကလို ပါဝင်ပြီး အားသာချက်များကို ထုတ်ဖော်၍ အရှေ့ပိုင်းဒေသရှိ စက်မှုလုပ်ငန်းများ လွှဲပြောင်းသည့် အခွင့်အလမ်းများကို အားကိုးပြီး ရှန်ဟိုင်း-ယူနန် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများ ပူးပေါင်းဆောင်ရွက်မှု စသည့်စနစ်များနှင့် ပေါင်းစပ်ပြီး အရှေ့ပိုင်းဒေသရှိ စက်မှုလုပ်ငန်းများ လွှဲပြောင်းရန် လက်ခံသည့် ဗဟိုဧရိယာနှင့် ရှေ့ပြေးသရုပ်ပြဧရိယာဖြစ်အောင် တည်ဆောက်ရမည် ဖြစ်သည်။

1533935_700x700

昆明信息港综合整理 12月3日,中国(云南)自贸试验区昆明片区,沪滇临港昆明科技城正式开园,昆明市、上海临港集团有关负责人共同为沪滇临港昆明科技城揭牌。

沪滇临港昆明科技城是云南省与上海市融入共建“一带一路”倡议,服务云南建设和中老铁路沿线开发的重要举措,既是沪滇合作的最佳结合点,也是昆明全力承接产业转移的最好着力点。沪滇临港昆明科技城建设把上海的“效率”和昆明的“实干”相结合,在项目建设赛道上跑出了“经开加速度”。

1533931_700x700

随着沪滇临港昆明科技城宣布开园,昆明经开区(自贸试验区昆明片区)管委会紧接着发布了沪滇临港昆明科技城产业支持政策10条措施,入驻沪滇临港昆明科技城的企业可享受省、市、区三级政策支持,最高奖励6000万元。

作为拥有自贸试验区、经济开发区、综合保税区、跨境合作区“四区”优势叠加的开放型特色园区,昆明经开区(自贸试验区昆明片区)已形成以装备制造、现代物流、生物医药三大产业共生互促发展的产业体系,是昆明市乃至云南省承接东部尤其是上海市产业转移的核心区域。

1533933_700x700

未来,昆明经开区(自贸试验区昆明片区)将一如既往融入国家战略,并积极发挥优势,借助东部产业转移的东风,融入沪滇东西部协作等机制,打造出东部产业转移核心承载区和先行示范区。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်