၂၀၂၃ ခုနှစ် SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကျင်းပမည်

2023-12-29 16:17|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်၂၀၂၃ ခုနှစ် SCO (ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ကူမင်း မာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ယူနန် ဟိုင်ကေစည်းဝေးခန်းမမှ စတင်ပြေးဆွဲမည် ဖြစ်သည်။ ပြိုင်ပွဲဝင်သူ အယောက် ၁.၅ သောင်းရှိ၍ ၄င်းအနက် မာရသွန်အပြေးပြိုင်ပွဲဝင် အယောက် ၅၀၀၀၊ ထက်ဝက် မာရသွန်အပြေးပြိုင်ပွဲဝင် အယောက် ၅၀၀၀၊ အများပြည်သူ ကျန်းမာရေး အပြေးပြိုင်ပွဲဝင် အယောက် ၃၀၀၀ နှင့် မိသားစု အပြေးပြိုင်ပွဲဝင် အယောက် ၂၀၀၀ (မိသားစု အစုပေါင်း ၈၀၀)  ပါဝင်မည်။

SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲကို SCO အတွင်းရေးမှူးရုံးနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့သည် လမ်းညွှန်ရှေ့ဆောင်၍ ယူနန်ပြည်နယ် အားကစားဗျူရို၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၏ နိုင်ငံခြားရေးရာရုံးနှင့် ကူမင်းမြို့ ပြည်သူ့အစိုးရတို့သည် ပူးတွဲဦးစီးကျင်းပသည် ဖြစ်သည်။ ဤပြိုင်ပွဲကို ၂၀၂၆ ခုနှစ်တွင် တျန်းချီရေကန်ဘေး၌ ပထမဆုံး စတင်ကျင်းပခဲ့၍ SCO မာရသွန်အပြေးပြိုင်ပွဲ စီးရီးထဲမှ ပထမဆုံး ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။ SCO မာရသွန်အပြေးပြိုင်ပွဲ စီးရီးသည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော အကြီးစား နိုင်ငံတကာ အဖွဲ့အစည်းဖြင့် အမည်ပေးသည့် မာရသွန်အပြေးပြိုင်ပွဲ ဖြစ်သည်။ SCO အတွင်းရေးမှူးရုံးနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့၏ လမ်းညွှန်မှုဖြင့် SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကာ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ် ပြေးခုန်ပစ်အသင်းမှ ရွှေတံဆိပ်ပြိုင်ပွဲ ဟူသော ဘွဲ့ထူးကို ရရှိခဲ့၍ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ ကြေးတံဆိပ်ပြိုင်ပွဲကို ဖြစ်လာခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်မှ ကြေးတံဆိပ်ပြိုင်ပွဲကို ဖြစ်လာခဲ့ကာ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်မှ သက်သေပြုထားသည့် ထိပ်တန်းပြိုင်ပွဲကို ဖြစ်လာခဲ့သည် ဖြစ်သည်။


昆明信息港讯 2023上合昆明马拉松将于12月31日在云南海埂会堂鸣枪起跑。参赛规模为1.5万人,其中马拉松5000人、半程马拉松5000人、大众健康跑3000人、上合亲子跑2000人(800组家庭)。

据悉,上合昆明马拉松由上合组织秘书处、云南省人民政府指导,云南省体育局、云南省人民政府外事办公室、昆明市人民政府共同主办。该项赛事于2016年在滇池之畔首次鸣枪起跑,成为上合组织马拉松系列赛开先河之作。上合马拉松系列赛是世界上唯一一个以大型国际组织命名的马拉松赛。在上合组织秘书处和云南省人民政府的指导下,上合昆明马拉松迅速发展,2017年至2019年连续获得中国田径协会金牌赛事称号,2019年成为国际田联铜标赛事,2020年成为世界田联银标赛事,2021年成为世界田联认证的精英赛事。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်