ငှက်မျိုး ၂၅၀ ကျော်သည် ပေါင်စန်းမြို့ ချင်းဟွာဟိုင် အမျိုးသားအဆင့် စိုစွတ်မြေဥယျာဉ်၌ အိုးအိမ်တည်ထောင်
2023-12-28 16:09|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုနှစ်များတွင် ပေါင်စန်းမြို့ ချင်းဟွာဟိုင် အမျိုးသားအဆင့် စိုစွတ်မြေဥယျာဉ်၏ ဂေဟပတ်ဝန်းကျင်သည် အဆက်မပြတ် ကောင်းမွန်လာပြီး ဇီဝမျိုးစုံမျိုးကွဲများသည် ထင်ရှားပေါ်လွင်စွာ တိုးတက်လာကာ ဤနေရာသို့ ဆောင်းရာသီလာကူးရန် ကမ္ဘာ့ ပျောက်ကွယ်လုနီး ငှက်မျိုးဖြစ်သည့် ပို့ချပ်ခေါင်းစိမ်းများ အပါအဝင် ဧည့်သည်ငှက် အကောင် ၂ သောင်းကျော်ကို ဆွဲဆောင်လျက်ရှိသည်။
ပေါင်စန်းမြို့ ချင်းဟွာဟိုင် အမျိုးသားအဆင့် စိုစွတ်မြေဥယျာဉ်သည် ပေါင်စန်းမြို့ လုံယန်ဒေသ၏ အရှေ့ပိုင်းဒေသ၌ တည်ရှိ၍ စုစုပေါင်း ဧရိယာ ၁၃၆၃ ဟက်တာ ရှိသည်။ ဥယျာဉ်ထဲတွင် ရေကန်၊ ရေလှောင်ကန်၊ မြစ်၊ စိမ့်မြေနှင့် သစ်တော စသည့် အမျိုးအဖုံဖုံရှိသော ဂေဟပတ်ဝန်းကျင်များနှင့် ရှုပ်ထွေးသော ဂေဟစနစ်များ ရှိ၍ တောရိုင်းတိရစ္ဆာန်နှင့် အပင်အမျိုးမျိုးအတွက် မတူသော နေထိုင်နှင့်နားနေသည့် နေရာများကို ပေးကြသည်။
သက်ဆိုင်ရာ စာရင်းဇယားများအရ ချင်းဟွာဟိုင်သည် တောရိုင်းတိရစ္ဆာန်နှင့် အပင်များအတွက် အရေးကြီးသော နားနေသည့် နေရာကို ဖြစ်လာပြီ ဤနေရာတွင် ငှက်မျိုး ၂၅၁ မျိုး၊ အပင် ၉၉၂ မျိုး၊ ငါးမျိုး ၁၈ မျိုး၊ ကုန်းနေရေနေသတ္တဝါမျိုး ၁၂ မျိုးနှင့် တွားသွားကောင်မျိုး ၁၄ မျိုးတို့ကို မှတ်တမ်းတင်ခဲ့သည် ဖြစ်၍ ၎င်း၏အမည်နှင့် ကိုက်ညီသော "ငှက်မျိုး၏ပရဒိသု" ဖြစ်သည်။
ချင်းဟွာဟိုင်သည် နုကျန်းမြစ်စဉ်စုမှ ပိုင်ဆိုင်ပြီး ဟိန်တွမ့်တောင်တန်းဒေသ၌ တည်ရှိ၍ ကမ္ဘာတစ်ဝှမ်းလုံး ဇီဝမျိုးစုံမျိုးကွဲများအတွက် အဓိကကျသော နေရာဖြစ်ပြီး မြစ်သုံးသွယ် ပြိုင်တူစီးဆင်းရာ ကမ္ဘာ့သဘောဝအမွေအနှစ်၏ အရေးကြီးသော အစိတ်အပိုင်းနှင့် ပေါင်စန်းမြို့ရှိ အိုင်လောင်ယဉ်ကျေးမှု ဆင်းသက်လာသည့်နေရာတို့လည်း ဖြစ်သည်။
ချင်းဟွာဟိုင်သည် ပေါင်စန်းမြို့၏ အလယ်ဗဟိုဒေသ၌ တည်ရှိ၍ ပေါင်စန်းမြို့၏ ခုန်နေသည့် "နှလုံးနှင့်အဆုတ်" ဖြစ်သည်ဟု ဆိုနိုင်သည်။
近年来,保山市青华海国家湿地公园生态环境持续改善,生物多样性显著提升,吸引了包括世界极危鸟类青头潜鸭在内的2万余只候鸟到此越冬。
保山青华海国家湿地公园位于保山市隆阳区东城区,总面积1363公顷。公园具有湖泊、库塘、河流、沼泽、森林等多样的生境类型和复杂的生态系统,为各种野生动植物提供了不同的生存空间和栖息场所。
据有关数据统计,青华海已成为野生动植物的重要栖息地,共记录到鸟类251种,植物992种,鱼类18种,两栖类12种,爬行类14种,是名副其实的“鸟类天堂”。
青华海属怒江水系,地处横断山区,是全球生物多样性关键地区和我国鸟类迁徙的重要通道,也是三江并流世界自然遗产的重要组成部分及保山哀牢文化的发源地。
青华海地处保山城市中心位置,是保山跃动的“心肺”。(保山日报 通讯员张继洪 王晓丽 杨雨诺)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ