ကူမင်း ဝမ့်ရှန့်ချမ် စျေးဝယ်စင်တာ ဖွင့်လှစ်ခဲ့၍ ၄င်းနှင့် ချိတ်ဆက်ရန် ကူမင်းမြေအောက်ရထားသည် ထွက်ပေါက်အသစ်ဖွင့်ခဲ့
2023-12-27 15:32|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဟွမ်ချန်နန်လမ်း (တောင်ပိုင်းမြို့ပတ်လမ်း) အမှတ် ၁ ၌ တည်ရှိသော ကူမင်း ဝမ့်ရှန့်ချမ် စျေးဝယ်စင်တာသည် ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ခဲ့သည်။ ၄င်းသည် ယူနန်ပြည်နယ်ရှိ CR Mixc Lifestyle ၏ ပထမဆုံး စီမံကိန်း ဖြစ်၍ ၄င်း၌ ကုန်ဆိုင် အခုပေါင်း ၃၀၀ ကျော်ကို စီစဉ်ထားသည် ဖြစ်ကြောင်း သိရှိရခဲ့ပါသည်။
စတင်ဖွင့်လှစ်သည့်နေ့တွင် ဤစျေးဝယ်စင်တာသည် စားသုံးသူ အများအပြားကို ဆွဲဆောင်လာခဲ့၍ အလွန်စည်ကားခဲ့ပါသည်။ စျေးဝယ်စင်တာထဲ၌ "လိပ်ပြာလွင့်ပျံခြင်း" "မြေကြောင်" နှင့် တွဲလွဲဆွဲ၍ နေသည့်ပန်းခြံ စသည်တို့ကို ခင်းကျင်းထား၍ တမူထူးခြားပါသည်။
တစ်ချိန်တည်းတွင် ကူမင်း မြေအောက်ရထားလိုင်း အမှတ် ၆ ၏ စကျေးဘူတာ၌ ထွက်ပေါက်အသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ကူမင်း ဝမ့်ရှန့်ချမ် စျေးဝယ်စင်တာ၏ B2 ထပ်နှင့် တိုက်ရိုက်ချိတ်ဆက်ထား၍ ခရီးသည်များအား မြေအောက်ရထားဘူတာမှ ထွက်ခွာခြင်းနှင့် လမ်းဖြတ်ခြင်း မလိုသာ မြေအောက်ရထားဖြင့် ဤစျေးဝယ်စင်တာသို့ လွယ်လွယ်ကူကူ သွားလာနိုင်စေပါသည်။
ကူမင်း မြေအောက်ရထားလိုင်း အမှတ် ၆ သည် ကူမင်းမြို့လယ်ခေါင်ရှိ ထန်ဇီရှန်၊ အရှေ့ပိုင်းဘတ်စ်ကားဂိတ်၊ တာ့ပန်ချောင်၊ ချမ်ဆွေလေဆိပ် စသည်တို့ကို ချိတ်ဆက်ထားပါသည်။ ထန်ဇီရှန်ဘာတာ၌ မြေအောက်ရထားလိုင်း အမှတ် ၁ နှင့် မြေအောက်ရထားလိုင်း အမှတ် ၂ တို့ကို ပြောင်းစီးနိုင်၍ ကျူဟွာဘာတာ၌ မြေအောက်ရထားလိုင်း အမှတ် ၄ ကို ပြောင်းစီးနိုင်၍ အရှေ့ပိုင်းဘတ်စ်ကားဂိတ် ဘာတာ၌ မြေအောက်ရထားလိုင်း အမှတ် ၃ ကို ပြောင်းစီးနိုင်ပါသည်၊ သင်၏ တည်နေရာအပေါ် မူတည်၍ သင့်လျော်သော ခရီးသွားအစီအစဉ်ကို ရွေးချယ်နိုင်ပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ














