တရုတ်-လာအို၊ တရုတ်-ဗီယက်နမ် ရထားလမ်းတွင် လတ်ဆတ်သောအစားအစာ အအေးထိန်းပို့ဆောင်သည့် နိုင်ငံတကာ အထူးရထား "တာ့လီ"သည် စတင်ပြေးဆွဲ

2023-12-26 17:15|ရောင်စုံတိမ်တံတား

20231225c19f937fa4834960847aa9bc20cf1a74_2023122574229b3d60ce484f9ea745d2160eebcd

(ရောင်စုံတိမ်တံတား ခင်ခင်ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တရုတ်-လာအို၊ တရုတ်-ဗီယက်နမ် ရထားလမ်းတွင် လတ်ဆတ်သောအစားအစာ အအေးထိန်းပို့ဆောင်သည့် နိုင်ငံတကာ အထူးရထား "တာ့လီ"သည် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို အပြည့်တင်ဆောင်ထားပြီး တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရှန်ယူခရိုင်မှ စတင်ထွက်ခွာခဲ့သည်။ ဤအထူးရထား၏ စတင်ပြေးဆွဲခြင်းသည် တာ့လီနှင့် ကူမင်းမြို့ အနောက်ဘက် ယူနန်ပြည်နယ်တွင်းဒေသများနှင့် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများအကြား စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ၊ လတ်ဆတ်သော အစားအစာများနှင့် အခြားကုန်ပစ္စည်းများကို အပြန်အလှန် အရောင်းအဝယ်ပြုလုပ်ရန် တွင်ကျယ်မှုမြင့်မားပြီး အရှိန်မြန်ဆန်သော နိုင်ငံတကာ အေးခဲကွင်းဆက် ကုန်စည်ပို့ဆောင်ရေး လမ်းကြီးတစ်လမ်းကို ဖောက်ထွင်းမည် ဖြစ်သည်။

20231225c19f937fa4834960847aa9bc20cf1a74_20231225361eeffe65cb41d0beac1f82e1aa41b7

တာ့လီသည် တည်နေရာကောင်းမွန်ပြီး ရှေးခေတ်ကတည်းက တရုတ်နိုင်ငံ တောင်ပိုင်းဒေသရှိ ပိုးလမ်းမကြီး၏ မဖြစ်မနေ ဖြတ်သန်းရမည့် နေရာတစ်ခု ဖြစ်သည်၊ တာ့လီသည် မိုဟန်ဆိပ်ကမ်းနှင့် ကီလိုမီတာ ၇၀၀၊ ဟယ်ခုတ်ဆိပ်ကမ်းနှင့် ကီလိုမီတာ ၆၄၀၊ ရွှေလီဆိပ်ကမ်းနှင့် ကီလိုမီတာ ၃၇၀ အသီးသီးကွာဝေးပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသနှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများ ချိတ်ဆက်သည့် အရေးပါသော လမ်းပန်းဆက်သွယ်ရေး အချက်အချာ ဖြစ်၍ တစ်နိုင်ငံလုံးသို့ မျက်နှာမူသည့် အထွေထွေ လမ်းပန်းဆက်သွယ်ရေး အချက်အချာမြို့တစ်မြို့နှင့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများပေးသည့် နိုင်ငံတော် ကုန်စည်ပို့ဆောင်ရေး အချက်အချာ ဖြစ်သည်။

20231225c19f937fa4834960847aa9bc20cf1a74_20231225f412bedd1ca74d03b4d1df4ae0b06f22

တာ့လီပြည်နယ်ခွဲ၌ ပို့ကုန်ပမာဏ အများဆုံးသော ထုတ်ကုန်များမှာ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ ဖြစ်ပြီး အဓိကအားဖြင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်တို့သို့ တင်ပို့ရောင်းချသည် ဖြစ်၍ ပို့ကုန်ပမာဏသည် သုံးနှစ်ဆက်တိုက် မြန်နှုန်းမြင့် တိုးတက်လာနေပြီ ဖြစ်သည်။ ဤအကြိမ် စတင်ပြေးဆွဲသည့် လတ်ဆတ်သောအစားအစာ အအေးထိန်းပို့ဆောင်သည့် နိုင်ငံတကာ အထူးရထား "တာ့လီ"ဖြင့် စပျစ်သီးနှင့် သလဲသီးတစ်သုတ်ကို တရုတ်-ဗီယက်နမ် ရထားလမ်း တစ်လျှောက်သို့ ပို့ဆောင်သွားမည် ဖြစ်၍ စပျစ်သီးနှင့် ဟင်းသီးဟင်းရွက်တစ်သုတ်ကို တရုတ်-လာအို ရထားလမ်း တစ်လျှောက်သို့ ပို့ဆောင်သွားမည် ဖြစ်သည်။

20231225c19f937fa4834960847aa9bc20cf1a74_202312259f73682fd6fc41f48c65ca96497f480b

20231225c19f937fa4834960847aa9bc20cf1a74_2023122535a307e198e24e6ab13e6b855645288c

20231225c19f937fa4834960847aa9bc20cf1a74_2023122574229b3d60ce484f9ea745d2160eebcd

12月24日,中老中越铁路生鲜冷链“大理号”国际专列满载蔬菜水果,从大理白族自治州祥云县首发。该专列的开行,将为大理乃至滇西地区与南亚东南亚国家农牧业产品、生鲜产品等双向贸易打通一条高效快捷的国际冷链物流大通道。

20231225c19f937fa4834960847aa9bc20cf1a74_20231225361eeffe65cb41d0beac1f82e1aa41b7

大理区位优越,自古是南方“丝绸之路”的必经之地,离磨憨口岸700公里,离河口口岸640公里,离瑞丽口岸370公里,是中国西南连接南亚东南亚的重要交通枢纽,是全国性的综合交通枢纽城市、商贸服务型国家物流枢纽。

20231225c19f937fa4834960847aa9bc20cf1a74_20231225f412bedd1ca74d03b4d1df4ae0b06f22

大理州出口规模最大的产品是水果和蔬菜,主要出口国为泰国、越南,出口规模已连续3年实现高速增长。此次开行的“大理号”生鲜冷链国际货运班列,将有一柜葡萄、四柜石榴发往中越线,一柜葡萄、四柜蔬菜发往中老线。(记者秦蒙琳)

20231225c19f937fa4834960847aa9bc20cf1a74_202312259f73682fd6fc41f48c65ca96497f480b

20231225c19f937fa4834960847aa9bc20cf1a74_2023122535a307e198e24e6ab13e6b855645288c

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်