နှစ်ပေါင်း ၁၀၀ ကျော် သမိုင်းကြောင်းရှိသည့် တရုတ်-ဗီယက်နမ် တစ်မီတာရထားလမ်းသည် တောင်များနှင့် ပင်လယ်များကို ချိတ်ဆက်၍ သက်ဝင်လှုပ်ရှားနေ
2023-12-20 16:09|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တစ်မီတာရထားလမ်း (Metre-gauge railway) သည် သံလမ်းချင်းအကွာအဝေး ၁ မီတာ ရှည်သည့် သံလမ်းကျဉ်း ဖြစ်၍ အဓိကအားဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား စသည့်နေရာများ၌ တည်ရှိသည်။ ၄င်းတို့အနက် မြောက်ဘက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့မှ စတင်ပြီး တောင်ဘက်တွင် ဗီယက်နမ်နိုင်ငံ ဟိုင်ဖန်မြို့သို့ ရောက်ရှိသည့် တရုတ်-ဗီယက်နမ် တစ်မီတာရထားလမ်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်တွင် တည်ဆောက်ခဲ့၍ ၄င်းသည် တရုတ်နိုင်ငံရှိ ပထမဦးဆုံး ဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာ ရထားလမ်း ဖြစ်သည်။
နှစ်ပေါင်း ၁၀၀ ကျော် သမိုင်းကြောင်းရှိသည့် တရုတ်-ဗီယက်နမ် တစ်မီတာရထားလမ်းသည် ယခုအချိန်အထိ သက်ဝင်လှုပ်ရှားနေသည်။ တရုတ်-ဗီယက်နမ် တစ်မီတာရထားလမ်းသည် ဖြတ်သန်းသည့် ယူနန်ပြည်နယ် ဟုံဟယ်ပြည်နယ်ခွဲ ဖျင်ပျန်းခရိုင်၊ ခိုင်းယွန်မြို့နှင့် ဟယ်ခုတ်ခရိုင် စသည့်နေရာများ၌ ရှေးခေတ်အကြောင်းအရာများနှင့် ပြည့်စုံသော အတွင်းလောင် အင်ဂျင်စက်ခေါင်း တစ်စီးစီးသည် ရှေးဟောင်းသော တစ်မီတာရထားလမ်းပေါ်တွင် မောင်းနှင်ပြေးဆွဲနေကြကာ ဒေသခံ ထူးခြားသော လူမှုရေးရှုခင်းတစ်ခု ဖြစ်လာ၍ လာရောက် လည်ပတ်ကြည့်ရှုရန် "ရထားလမ်းဝါသနာရှင်" နှင့် ဓာတ်ပုံဝါသနာရှင် အများအပြားကို ဆွဲဆောင်ခဲ့ရုံသာမက နိုင်ငံတကာ ကုန်စည်စီးဆင်းမှု ပေါက်ရောက်ရာလမ်း၏ အကျိုးသက်ရောက်မှုများကိုလည်း အမှန်တကယ် ထုတ်ဖော်နေသည်။
တရုတ်-ဗီယက်နမ် တစ်မီတာရထားလမ်းမှ အပြည်ပြည်ဆိုင်ရာ ပူးတွဲ သယ်ယူပို့ဆောင်ရေး ရထားများထဲတွင် ၄၀ ရာခိုင်နှုန်း နီးပါးသည် အာရှအလယ်ပိုင်းသို့ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ရထားများ ဖြစ်သည်။ တရုတ်-ဗီယက်နမ် တစ်မီတာရထားလမ်းကို မှီခိုပြီး ဖွင့်လှစ်ပြေးဆွဲသည့် အာရှအလယ်ပိုင်းသို့ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ရထားများသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြေးဆွဲခဲ့ကြ၍ ဤရထားများသည် တရုတ်နိုင်ငံ ခိုင်းယွန်မြို့နှင့် ဗီယက်နမ်နိုင်ငံ ဟိုင်ဖန်မြို့ ဟူသော နေရာနှစ်ခုမှ အပြန်အလှန် ထွက်ခွာပြီး ရထားပေါ်တင်ရာနေရာကို သတ်မှတ်ခြင်း၊ ပြေးဆွဲလမ်းကြောင်းကို သတ်မှတ်ခြင်း၊ ရထားအမှတ်စဉ်ကို သတ်မှတ်ခြင်း၊ ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန်တို့ကို သတ်မှတ်ခြင်း၊ သယ်ယူပို့ဆောင်ရေးစျေးနှုန်းကို သတ်မှတ်ခြင်း ဟူသော "သတ်မှတ်ခြင်း ၅ ချက်" ဖြစ်သည့် လည်ပတ်နည်းဖြင့် ယခုအချိန်တွင် နေ့စဉ်နေ့တိုင်း ရထား ၂ စီးမှ ၄ စီးအထိ တည်ငြိမ်စွာ လည်ပတ်နိုင်ရန် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။
ဤနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံ ခိုင်းယွန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟိုင်ဖန်မြို့သို့ အကြားမှ တစ်မီတာရထားလမ်းမှ အာရှအလယ်ပိုင်းသို့ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ရထား ပြေးဆွဲမှု စုစုပေါင်း အစီးရေ ၄၂၆၀ ကျော်၊ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး တန်ချိန် ၁၆၈ သောင်းကျော်ကို အကောင်အထည်ဖော်ခဲ့၍ ပစ္စည်းအမျိုးမျိုးကို တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြားရှိ လျင်မြန်စွာ စီးဆင်းနိုင်စေရန်၊ သွင်းယူစေရန်နှင့် ဖြန်ဖြူးစေရန် ထိရောက်စွာ အာမခံပေးခဲ့၍ ရထားလမ်းနှင့် ပင်လယ်ရေကြောင်းများ ပူးတွဲသည့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးနည်းလမ်းကို တဖြည်းဖြည်း ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း။ အထူးသဖြင့် ဤနှစ်တွင် China Railway Kunming Group Co., Ltd. သည် နှစ်ပေါင်း ၁၀၀ ကျော် သမိုင်းကြောင်းရှိသည့် ဤရထားလမ်းကို မှီခိုခဲ့ပြီး ရထားလမ်းနှင့် ပင်လယ်ရေကြောင်းများ ပူးတွဲပို့ဆောင်ရေး ဖြာထွက်ဧရိယာထဲမှ ပို့ဆောင်ရေး အမျိုးအစားနှင့် ပမာဏတို့ကို အဆက်မပြတ် ချဲ့ထွင်ခဲ့ကာ အရှေ့အလယ်ပိုင်း နိုင်ငံအသီးသီးမှ သွင်းယူလာသည့် ဆာလဖာများ၊ အရှေ့တောင်အာရှသို့ တင်ပို့သည့် ဓာတ်မြေသြဇာများ စသည့် ပစ္စည်းများသည် ဤသမိုင်းရှည်လျားသော ရထားလမ်းပေါ်တွင် လျင်မြန်စွာ စီးဆင်းစေရန် အကောင်အထည်ဖော်ခဲ့ကြောင်း China Railway Kunming Group Co., Ltd. မှ သတင်းအရ သိရှိရခဲ့သည်။
米轨铁路,是指轨距为1米的窄轨铁路,主要分布于中国云南、越南、缅甸、马来西亚等地。其中,北起中国昆明,南至越南海防的中越米轨铁路,修建于100多年前,是中国第一条通车的国际铁路。
拥有100多年历史的中越米轨铁路,如今仍焕发着无限生机。在中越米轨铁路穿过的云南省红河州屏边县、开远市、河口县等地,一趟趟充满年代感的内燃机车行驶在古老的米轨上,成为当地一道独特的人文风景,不仅吸引了一众“铁路迷”和摄影爱好者前来打卡,更实实在在地发挥着国际物流通道效应。
在中越米轨国际联运列车中,近四成为中亚国际货运班列。依托中越米轨铁路开行的中亚国际货运班列于2017年12月上线,班列从中国开远、越南海防两地对发,采取固定装车地点、固定运行线路、固定列车车次、固定到发时间、固定运输价格的“五定”运营方式,目前已实现每日稳定开行2至4列。
来自中国铁路昆明局集团有限公司的消息,截至今年12月10日,中国开远至越南海防间的米轨中亚国际货运班列累计开行超4260列,完成跨境货物运输超168万吨,有效保障了各项物资在中国和东盟各国间的快速流通和集散,并逐步形成了铁海协同的跨境运输方式。特别是今年以来,中国铁路昆明局集团有限公司依托这条百年铁路,不断拓展铁海联运辐射区的运输品类及规模,经中东各国进口的硫磺、出口东南亚的化肥等物资,在这条历史悠久的铁路线上实现快速流转。(念新洪 刘昊亮)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ